ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲပေါင်း (၂၃)ပွဲမှာ (၁၄)ပွဲအထိအနိုင်ယူခဲ့ပြီး ၂၀၁၅-၁၆ ရာသီနောက်ပိုင်း (၃)ပွဲဆက်အနိုင်ရခဲ့တဲ့ယူနိုက်တက်

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဒီည မြန်မာစံတော်ချိန်(၁၁:၁၅)အချိန်မှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းနဲ့အဝေးကွင်းပွဲစတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဆွစ်ဇာလန်ခရီးစဉ်မှာ ယူနိုက်တက်အသင်းနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ဗာရန်း၊ ဆန်ချိုစတဲ့ကစားသမားတွေအကုန်လိုက်ပါခဲ့ပြီး ကစားသမားစုဖွဲ့မှုအရ

ယူနိုက်တက်အသင်း ပြတ်ပြတ်သားသားအသာရနေပေမယ့် ယန်းဘွိုင်းစ်က အိမ်ကွင်းဆိုရင် ခြေစွမ်းမာကျောတာကြောင့် အထင်သေးလို့တော့မရပါဘူး။

တစ်ခုရှိတာက ယူနိုက်တက်အသင်းဟာ ယန်းဘွိုင်းနဲ့ဆုံတွေ့ခဲ့တဲ့မှတ်တမ်းမှာ အသာရနေတာဖြစ်ပြီး ၂၀၁၈-၁၉ ရာသီတုန်းက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်အုပ်စုတည်းကျရောက်ခဲ့သလို

အုပ်စုအဖွွင့်ပွဲမှာ ယူနိုက်တက်အသင်းက ယန်းဘွိုင်းစ်ကို ဆွစ်ဇာလန်မြေမှာပဲ (၃-၀)ဂိုးပြတ်အနိုင်ယူခဲ့တဲ့အပြင် အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့ထပ်ပြီးတော့အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်း PSG နဲ့ အုပ်စုအဖွင့်ပွဲ၊ လိုက်ပ်ဇစ်နဲ့ ဒုတိယပွဲတွေမှာ နိုင်ပွဲတွေဆက်တိုက်ရယူခဲ့ပြီးမှ လက်ကျန်ပွဲတွေမှာ အမှားများခဲ့လို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် ဒီလိုအဖြစ်ဆိုးမျိုး ထပ်မကြုံအောင် ဆိုးလ်ရှား ကြိုးစားပြဖို့လိုနေပါပြီ။

၁၉၉၂ ခုနှစ်က ချန်ပီယံလိဂ်လို့အမည်စတင်ပြောင်းလဲခဲ့ပြီးတဲ့နောက် ယူနိုက်တက်အသင်းဟာ ၁၉၉၄-၉၅ ရာသီမှာ အုပ်စုအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး (၉၃-၉၄ မှာ ခြေစစ်ပွဲမအောင်) အဲဒီရာသီကစလို့ ၂၀၂၀-၂၁ ရာသီအထိ အုပ်စုပွဲပေါင်း(၂၃)ပွဲကစားခဲ့ပြီးဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တုန်းက အုပ်စုအဖွင့်ပွဲအိမ်ကွင်းမှာ ဆွီဒင်ကလပ် ဂုတ်ဘော့ဂ်အသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဲဒီနောက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲပေါင်း (၂၃)ပွဲကစား၊ (၁၄)ပွဲနိုင်၊ (၇)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၅-၁၆ ရာသီတုန်းက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲဖြစ်တဲ့ PSV ကို အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၃)ရာသီဆက်တိုက် ရှုံးပွဲမရှိတော့ဘဲ

ဘေဆယ်(၃-၀၊ ၂၀၁၇-၁၈)၊ ယန်းဘွိုင်းစ် (၃-၀၊ ၂၀၁၈-၁၉)၊ PSG (၂-၁၊ ၂၀၂၀-၂၁)တို့ကို (၃)ပွဲဆက်အနိုင်ရခဲ့တဲ့အပြင် ဆွစ်ဇာလန်ကလပ်တွေဖြစ်တဲ့ ဘေဆယ်၊ ယန်းဘွိုင်းစ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်အသင်း အုပ်စုအဆင့်ရောက်ရှိခဲ့တာက (၂၄)ကြိမ်အထိရှိတာကြောင့် ရီးယဲလ်(၂၆ကြိမ်)၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်(၂၅ကြိမ်စီ)တို့ပြီးရင် အကြိမ်အများဆုံးပါပဲ။

ယူနိုက်တက်အသင်းဟာ အဲဒီနှစ်အတွင်း အုပ်စုပထမ(၁၂)ကြိမ်၊ ဒုတိယ(၆)ကြိမ်၊ တတိယ(၄)ကြိမ်၊ စတုတ္ထ(၁)ကြိမ်ရပ်တည်ခဲ့ပြီး အုပ်စုအဆင့်ကထွက်ခဲ့ရတာက ၁၉၉၄-၉၅၊ ၂၀၀၅-၀၆၊ ၂၀၁၁-၁၂၊ ၂၀၁၅-၁၆ နဲ့ ၂၀၂၀-၂၁ ရာသီတွေမှာဖြစ်ပါတယ်။

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲေပါင္း (၂၃)ပြဲမွာ (၁၄)ပြဲအထိအႏိုင္ယူခဲ့ၿပီး ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း (၃)ပြဲဆက္အႏိုင္ရခဲ့တဲ့ယူႏိုက္တက္

ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲအျဖစ္ ဒီည ျမန္မာစံေတာ္ခ်ိန္(၁၁:၁၅)အခ်ိန္မွာ ဆြစ္ဇာလန္ကလပ္ ယန္းဘြိဳင္းစ္အသင္းနဲ႔အေဝးကြင္းပြဲစတင္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ဆြစ္ဇာလန္ခရီးစဥ္မွာ ယူႏိုက္တက္အသင္းနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္လ္ဒို၊ ဗာရန္း၊ ဆန္ခ်ိဳစတဲ့ကစားသမားေတြအကုန္လိုက္ပါခဲ့ၿပီး ကစားသမားစုဖြဲ႕မႈအရ ယူႏိုက္တက္အသင္း ျပတ္ျပတ္သားသားအသာရေနေပမယ့္ ယန္းဘြိဳင္းစ္က အိမ္ကြင္းဆိုရင္ ေျခစြမ္းမာေက်ာတာေၾကာင့္ အထင္ေသးလို႔ေတာ့မရပါဘူး။

တစ္ခုရွိတာက ယူႏိုက္တက္အသင္းဟာ ယန္းဘြိဳင္းနဲ႔ဆုံေတြ႕ခဲ့တဲ့မွတ္တမ္းမွာ အသာရေနတာျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီတုန္းက ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ တစ္အုပ္စုတည္းက်ေရာက္ခဲ့သလို အုပ္စုအဖြြင့္ပြဲမွာ ယူႏိုက္တက္အသင္းက ယန္းဘြိဳင္းစ္ကို ဆြစ္ဇာလန္ေျမမွာပဲ (၃-၀)ဂိုးျပတ္အႏိုင္ယူခဲ့တဲ့အျပင္ အိမ္ကြင္းမွာ (၁-၀)ဂိုးနဲ႔ထပ္ၿပီးေတာ့အႏိုင္ရခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္း PSG နဲ႔ အုပ္စုအဖြင့္ပြဲ၊ လိုက္ပ္ဇစ္နဲ႔ ဒုတိယပြဲေတြမွာ ႏိုင္ပြဲေတြဆက္တိုက္ရယူခဲ့ၿပီးမွ လက္က်န္ပြဲေတြမွာ အမွားမ်ားခဲ့လို႔ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတဲ့အတြက္ ဒီလိုအျဖစ္ဆိုးမ်ိဳး ထပ္မႀကဳံေအာင္ ဆိုးလ္ရွား ႀကိဳးစားျပဖို႔လိုေနပါၿပီ။

၁၉၉၂ ခုႏွစ္က ခ်န္ပီယံလိဂ္လို႔အမည္စတင္ေျပာင္းလဲခဲ့ၿပီးတဲ့ေနာက္ ယူႏိုက္တက္အသင္းဟာ ၁၉၉၄-၉၅ ရာသီမွာ အုပ္စုအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့ၿပီး (၉၃-၉၄ မွာ ေျခစစ္ပြဲမေအာင္) အဲဒီရာသီကစလို႔ ၂၀၂၀-၂၁ ရာသီအထိ အုပ္စုပြဲေပါင္း(၂၃)ပြဲကစားခဲ့ၿပီးျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို ပထမဆုံးအႀကိမ္ေရာက္ရွိခဲ့တုန္းက အုပ္စုအဖြင့္ပြဲအိမ္ကြင္းမွာ ဆြီဒင္ကလပ္ ဂုတ္ေဘာ့ဂ္အသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အဲဒီေနာက္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲေပါင္း (၂၃)ပြဲကစား၊ (၁၄)ပြဲႏိုင္၊ (၇)ပြဲသေရ၊ (၂)ပြဲရႈံးရလဒ္ထြက္ေပၚခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၁၅-၁၆ ရာသီတုန္းက ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲျဖစ္တဲ့ PSV ကို အေဝးကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း (၃)ရာသီဆက္တိုက္ ရႈံးပြဲမရွိေတာ့ဘဲ ေဘဆယ္(၃-၀၊ ၂၀၁၇-၁၈)၊ ယန္းဘြိဳင္းစ္ (၃-၀၊ ၂၀၁၈-၁၉)၊ PSG (၂-၁၊ ၂၀၂၀-၂၁)တို႔ကို (၃)ပြဲဆက္အႏိုင္ရခဲ့တဲ့အျပင္ ဆြစ္ဇာလန္ကလပ္ေတြျဖစ္တဲ့ ေဘဆယ္၊ ယန္းဘြိဳင္းစ္တို႔ကို ဆက္တိုက္အႏိုင္ယူခဲ့တာပါ။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ယူႏိုက္တက္အသင္း အုပ္စုအဆင့္ေရာက္ရွိခဲ့တာက (၂၄)ႀကိမ္အထိရွိတာေၾကာင့္ ရီးယဲလ္(၂၆ႀကိမ္)၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္(၂၅ႀကိမ္စီ)တို႔ၿပီးရင္ အႀကိမ္အမ်ားဆုံးပါပဲ။ ယူႏိုက္တက္အသင္းဟာ အဲဒီႏွစ္အတြင္း အုပ္စုပထမ(၁၂)ႀကိမ္၊ ဒုတိယ(၆)ႀကိမ္၊ တတိယ(၄)ႀကိမ္၊ စတုတၳ(၁)ႀကိမ္ရပ္တည္ခဲ့ၿပီး အုပ္စုအဆင့္ကထြက္ခဲ့ရတာက ၁၉၉၄-၉၅၊ ၂၀၀၅-၀၆၊ ၂၀၁၁-၁၂၊ ၂၀၁၅-၁၆ နဲ႔ ၂၀၂၀-၂၁ ရာသီေတြမွာျဖစ္ပါတယ္။