၃ နှစ်အကြာမှာ စီးရီးအေပြန်ရောက်လာတဲ့ ဥရောအောင်မြင်မှုရဖူးသူ ပါးမား

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက စီးရီးဘီပွဲမှာ ဘာရီကို ၁-၁ သရေကျခဲ့ပြီးနောက် ပါးမားဟာ

စီးရီးအေကို ပြန်ရောက်လာခဲ့ပါပြီ။

စီးရီးဘီထိပ်ဆုံးက ပါးမားဟာ ၂ ပွဲသာ ကျန်တော့ချိန် ဒုတိယနေရာက ကိုမိုကို ၃ မှတ်ဖြတ်ထားပြီး

တတိယနေရာက ဗီနီဇီယာကို ၇ မှတ်ဖြတ်ထားတာပါ။

စီးရီးဘီမှာက ထိပ်ဆုံးနှစ်သင်းဟာ တိုက်ရိုက်တန်းတက်ခွင့်ရပြီး

အဆင့် ၃ ကနေ အဆင့် ၈ အထိ အသင်းတွေကတော့

တန်းတက်ဖို့ ပလေးအော့ဖ်ကန်ရပါတယ်။

ပါးမားဟာ စီးရီးဘီမှာ ၃ နှစ်ကြာကစားခဲ့ရပြီးနောက် စီးရီးအေကို ပြန်ရောက်လာခဲ့တာပါ။

အသင်းသမိုင်းမှာ အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဘူဖွန်ကလည်း

စီးရီးအေပြန်ရောက်လာတဲ့ သူ့အသင်းဟောင်းကို ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ပါတယ်။

ဘူဖွန်ဟာ ပါးမားအကယ်ဒမီထွက်ဖြစ်ပြီး အဲဒီမှာပဲ ကစားသမားဘ၀ စတင်ခဲ့ကာ ဂျူဗင်တပ်က

ထွက်ပြီးနောက် ပါးမားကိုပြန်ပြီး ကစားသမားဘဝအဆုံးသတ်ခဲ့တာပါ။

ပါးမားဟာ နာမည်ကျော်ကစားသမားတွေ မွေးထုတ်ပေးခဲ့သလို ၁၉၉၀ ကျော်ကာလတွေက

အီတလီရဲ့နာမည်ကျော်အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။

စီးရီးအေချန်ပီယံမဖြစ်ဖူးပေမယ့် ကိုပါအီတာလီယာမှာတော့ ၃ ကြိမ်တိုင်ဗိုလ်စွဲထားတာပါ။

ဒါ့အပြင် ဥရောပအဆင့်မှာလည်း ပါးမားဟာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

၁၉၉၃ က ဥရောပ Cup Winners’ Cup ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး

၁၉၉၅ နဲ့ ၁၉၉၉ တို့မှာလည်း ယူအီးအက်ဖ်အေဖလား(ယူရိုပါလိဂ်)မှာ ဗိုလ်စွဲခဲ့တာပါ။