ရောမမြေမှာ မနှစ်က ဆီမီးရှုံးကြွေးကို လေဗာကူဆင်ပြန်ဆပ်နိုင်မှာလား

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့က ရိုးမားနဲ့ လေဗာကူဆင်တို့ရဲ့ပွဲဟာ

အားလုံးရဲ့စိတ်ဝင်စားမှုကို ဖမ်းစားထားတဲ့ပွဲတစ်ပါ။

အဲဒါကလည်း ဒီရာသီ ဥရောပဘောလုံးရပ်ဝန်းက နာမည်ကြီးနေတဲ့

လူငယ်နည်းပြနှစ်ယောက်ရဲ့ တွေ့ဆုံမှုကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ရိုးမားနဲ့ လေဗာကူဆင်တို့ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ

ရင်ဆိုင်တွေ့ကြတာ ဒါနဲ့ဆို ၂ နှစ်ဆက်ပါ။

အလွန်ဆိုလက်ထက်ပဲဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီတုန်းကတော့ လေဗာကူဆင်ကူဆင်ဟာ

အဲဒီအချိန် မော်ရင်ဟိုရဲ့ရိုးမားကို နှစ်ကျော့ပေါင်း ၁-၀ နဲ့ ရှုံးပြီး ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ တစ်ခေတ်တည်းမှာ ကစားလာခဲ့ကြတဲ့ ဒီရော့စီနဲ့ အလွန်ဆိုတွေ့ရတာပါ။

ထိပ်တိုက်တွေ့ဆုံမှုအရတော့ လေဗာကူဆင်ဟာ ရိုးမားကို ၁ ပွဲပဲ အနိုင်ရဖူးပါတယ်။

အဲဒီ ၁ ပွဲကလည်း သူတို့ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ၆ ပွဲထဲက ပထမဆုံးအကြိမ်မှာပါ။

နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်စလုံးမှာတော့ ရိုးမားဟာ လေဗာကူဆင်ကို မရှုံးခဲ့ပါဘူး။

ဒါ့အပြင် ရိုးမားဟာ လေဗာကူဆင်နဲ့ အိမ်ကွင်းတွေ့ဆုံဖူးတဲ့ ၃ ကြိမ်စလုံးမှာ မရှုံးခဲ့ဘဲ

၂ ပွဲ နိုင်ထားပါတယ်။

ဒါကြောင့် လောလောဆယ် လေဗာကူဆင်က ရေပန်းစားနေပေမယ့်

တွေ့ဆုံမှုအစဉ်အလာအရတော့ ရိုမားက သာထားတာပါ။

အဲဒါကြောင့်လည်း ရောမမြေမှာ မနှစ်က ဆီမီးရှုံးကြွေးကို

လေဗာကူဆင်ပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် နောက်တစ်ပွဲဖြစ်တဲ့ မာဆေးလ်နဲ့ အတ္တလန်တာတို့ပွဲစဉ်မှာ

ဒီအသင်းနှစ်သင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးတွေ့ဆုံမှုပွဲစဉ်ဖြစ်ပြီး

အတ္တလန်တာအနေနဲ့ ကွင်းထဲမှာ အားပေးမှုကြမ်းတဲ့နေရာမှာ

နာမည်ကျော်တဲ့ မာဆေးလ်ပရိသတ်တွေကို တွေ့ရတော့မှာပါ။