
ပဲလေ့စ်နဲ့ပွဲက အပြုအမူအတွက် ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်တဲ့ နူးနက်ဇ်
လီဗာပူးလ်အသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ ပဲလေ့စ်နဲ့ပွဲတုန်းက သူ့ရဲ့မဆင်မခြင်အပြုအမူအတွက် ပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်ပြီး အဲဒီအမှားအပေါ် သင်ခန်းစာယူသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ် ရှိပြီဖြစ်သူ ဥရုဂွေးလူငယ်ကြယ်ပွင့်ကစားသမား ဒါဝင်နူးနက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ပဲလေ့စ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ပြိုင်ဘက်ကစားသမားအန်ဒါဆင်နဲ့ စကားများခဲ့တာကနေ ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ […]