ရော်နယ်ဒို ဗာရန်း တို့ကြောင့် ချန်ပီယံလိဂ်ဖလား ပြန်လည်ဆွတ်ခူးနိုင်မယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ချန်ပီယံလိဂ်အတွေ့အကြုံတွေပြည့်ဝနေတဲ့ ရော်နယ်ဒို နဲ့ ဗာရန်း တို့က ၁၃ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပြန်လည်ဆွတ်ခူးပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ယန်းဘွိုင်းစ် နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်းရှား က “ အသင်းရဲ့ ကျောရိုးဖြစ်လာမယ့် ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့ပါတယ်။

သူတို့ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကို ခင်ဗျားတို့လည်း မြင်မှာပါ။

ရော်နယ်ဒို နဲ့ ဗာရန်း တို့က ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိရခဲ့ပြီးပြီဆိုပေမဲ့ ကျွန်တော်တို့နဲ့အတူ ထပ်မံပြီးဆွတ်ခူးနိုင်ဖို့ ကြိုးစားကြမှာပါ။

ကျွန်တော် ယူနိုက်တက် နည်းပြဖြစ်လာကတည်းက ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့အတွက် အစီအစဉ်ဆွဲထားပြီးသားပါ။

အခုချိန်မှာတော့ ဒီဖလားကို စိန်ခေါ်နိုင်လောက်တဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေရှိတဲ့ လူစာရင်းကို ပိုင်ဆိုင်နေပါပြီ။

လက်ရှိအသင်းရဲ့ ပတ်ဝန်းကျင်အနေအထားက အတော်လေးကောင်းမွန်နေပါတယ်။

ဒီအချက်က ထိပ်တန်းအဆင့်မှာ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ကို အထောက်အကူပြုနိုင်မှာ သေချာပါတယ် “ လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ မန်ယူနိုက်တက် ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ ဗီလာရီးရဲလ် ၊ အတ္တလန်တာ ၊ ယန်းဘွိုင်းစ် စတဲ့ အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

အဆိုပါအသင်းတွေဟာ လျှော့တွက်လို့မရတဲ့ အသင်းတွေဆိုပေမဲ့ မန်ယူနိုက်တက် အနေနဲ့ ဒီရာသီမှာတော့ အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်လောက်မှာပါ။

အုပ်စုအဖွင့်ပွဲစဉ်မှာ တွေ့ဆုံနေတဲ့ ဆွစ်ဇာလန် ကလပ် ယန်းဘွိုးစ်အသင်းဟာ တိုက်စစ်ကိုအသားပေးကစားတဲ့ အသင်းမျိုးဖြစ်ပါတယ်။

အရင်တုန်းကလည်း မန်ယူနိုက်တက် နဲ့ ယန်ဘွိုင်းစ် အသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ၂ ကျော့လုံးမှာ မန်ယူနိုက်တက် က အနိုင်ရထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို ဗာရန္း တို႔ေၾကာင့္ ခ်န္ပီယံလိဂ္ဖလား ျပန္လည္ဆြတ္ခူးႏိုင္မယ္ . . .

မန္ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား က ခ်န္ပီယံလိဂ္အေတြ႕အႀကဳံေတြျပည့္ဝေနတဲ့ ေရာ္နယ္ဒို နဲ႔ ဗာရန္း တို႔က ၁၃ ႏွစ္ၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဆုဖလားကို ျပန္လည္ဆြတ္ခူးေပးႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

ယန္းဘြိဳင္းစ္ နဲ႔ ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဆိုးလ္းရွား က “ အသင္းရဲ႕ ေက်ာ႐ိုးျဖစ္လာမယ့္ ကစားသမားေတြကို ကြၽန္ေတာ္တို႔ ေခၚယူႏိုင္ခဲ့ပါတယ္။ သူတို႔ရဲ႕ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းေတြကို ခင္ဗ်ားတို႔လည္း ျမင္မွာပါ။ ေရာ္နယ္ဒို နဲ႔ ဗာရန္း တို႔က ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္အထိရခဲ့ၿပီးၿပီဆိုေပမဲ့ ကြၽန္ေတာ္တို႔နဲ႔အတူ ထပ္မံၿပီးဆြတ္ခူးႏိုင္ဖို႔ ႀကိဳးစားၾကမွာပါ။ ကြၽန္ေတာ္ ယူႏိုက္တက္ နည္းျပျဖစ္လာကတည္းက ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ဖို႔အတြက္ အစီအစဥ္ဆြဲထားၿပီးသားပါ။ အခုခ်ိန္မွာေတာ့ ဒီဖလားကို စိန္ေခၚႏိုင္ေလာက္တဲ့ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းေတြရွိတဲ့ လူစာရင္းကို ပိုင္ဆိုင္ေနပါၿပီ။ လက္ရွိအသင္းရဲ႕ ပတ္ဝန္းက်င္အေနအထားက အေတာ္ေလးေကာင္းမြန္ေနပါတယ္။ ဒီအခ်က္က ထိပ္တန္းအဆင့္မွာ ျပန္လည္ရပ္တည္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ကို အေထာက္အကူျပဳႏိုင္မွာ ေသခ်ာပါတယ္ “ လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရတဲ့ မန္ယူႏိုက္တက္ ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာေတာ့ ဗီလာရီးရဲလ္ ၊ အတၱလန္တာ ၊ ယန္းဘြိဳင္းစ္ စတဲ့ အသင္းေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံေနပါတယ္။ အဆိုပါအသင္းေတြဟာ ေလွ်ာ့တြက္လို႔မရတဲ့ အသင္းေတြဆိုေပမဲ့ မန္ယူႏိုက္တက္ အေနနဲ႔ ဒီရာသီမွာေတာ့ အုပ္စုအဆင့္ကို ျဖတ္ေက်ာ္ႏိုင္ေလာက္မွာပါ။

အုပ္စုအဖြင့္ပြဲစဥ္မွာ ေတြ႕ဆုံေနတဲ့ ဆြစ္ဇာလန္ ကလပ္ ယန္းဘြိဳးစ္အသင္းဟာ တိုက္စစ္ကိုအသားေပးကစားတဲ့ အသင္းမ်ိဳးျဖစ္ပါတယ္။ အရင္တုန္းကလည္း မန္ယူႏိုက္တက္ နဲ႔ ယန္ဘြိဳင္းစ္ အသင္းတို႔ဟာ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ထိပ္တိုက္ေတြ႕ဆုံခဲ့ဖူးၿပီး ၂ ေက်ာ့လုံးမွာ မန္ယူႏိုက္တက္ က အႏိုင္ရထားခဲ့ပါတယ္။