ပရီးမီးယားလိဂ် သမိုင်းမှတ်တမ်းတွေကို ပြောင်းပြန်လှန်ပစ်မယ့် ရာသီသိမ်းပွဲလား

ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုအတွက် အဖြေကို နောက်ဆုံး ပွဲစဉ်ကျမှ

အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲဟာ အခု လာမယ့် သီတင်းပတ် အပါအဝင် ၁၀ ကြိမ်ပဲ ရှိပါ တယ်။

ချန်ပီယံဆုအတွက် အဖြေကို ပြိုင်ပွဲမပြီးခင် တစ်ပတ်အလို၊ နှစ်ပတ်အလို၊ သုံးပတ် အလိုမှာ

သိကြရတဲ့ ပြိုင်ပွဲတွေက များခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံဆုအတွက် အဖြေကို ရာသီပိတ် ပွဲစဉ်ကျမှ သိခွင့်ရမှာပါ။

အမှတ်ပေးဇယား ဦးဆောင်သူ လက်ရှိချန်ပီယံ မန်စီး တီးကတော့ တကယ့် ဦးစားပေး နေရာမှာ ရှိနေပြီး

ချန်ပီယံဆုကို ဆက်ထိန်းသွားဖို့ အရမ်း ကို အခွင့်အလမ်း သာနေပါတယ်။

ဒါပေမဲ့ စီးတီးမှာလည်း ယိုပေါက်ကတော့ ရှိနေပါ သေးတယ်။

အဲဒါကတော့ နည်းပြဂွါဒီယိုလာရဲ့ အသင်းဟာ အခုလာမယ့် ပွဲမှာ မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပြီး

သရေ၊ ဒါမှမဟုတ် ရှုံးပွဲဆိုရင်တော့ ချန်ပီယံဆုက အာဆင်နယ်ရဲ့ လက်ထဲကို ရောက်သွားနိုင်ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းကို ပြန်ကြည့်ရင် ရာသီပိတ် ပွဲစဉ် မတိုင်ခင်မှာ အမှတ်ပေးဇယားကို ဦးဆောင်တဲ့ အသင်းက

ချန်ပီယံဖြစ်တဲ့ အကြိမ် ရေတွေ အများကြီး ရှိလို့ စီးတီးမှာ အားသာချက်တွေ အရမ်းများပါတယ်။

နောက်ပြီး အသင်းတွေဟာ ရာသီပိတ်ပွဲကိုလည်း ဗိုလ်လုပွဲ တစ်ပွဲလို ကစားတာကြောင့် ရလဒ်ကောင်း ရကြတာ များပါတယ်။

၁၉၉၄-၉၅ ဘောလုံးရာသီရဲ့ ရာသီပိတ် ပွဲစဉ်မတိုင်ခင် အမှတ်ပေး ဇယားဦးဆောင်တာက

ဘလက်ဘန်းအသင်းဖြစ်ပြီး ချန်ပီယံဆုကို ဒုတိယနေရာက မန်ယူ တို့ အရမယူနိုင်ခဲ့ဘူး။

၁၉၉၅-၉၆ ဘောလုံးရာသီကျပြန်တော့လည်း မန်ယူက အမှတ်ပေး ဇယားကို ဦးဆောင်ပြီး

ရာသီပိတ်ပွဲစဉ်မတိုင်ခင်မှာ ဒုတိယနေရာက နယူးကာဆယ်နဲ့ အမှတ်ကပ်နေလို့

အဖြေမထွက်သေးပေမဲ့ ရာသီသိမ်းပွဲအပြီးမှာတော့ မန်ယူကပဲ ချန်ပီယံ ဖြစ်သွားခဲ့တယ်။

အလားတူပုံစံမျိုးတွေနဲ့ ၁၉၉၈-၉၉၊ ၂၀၀၇-၀၈၊ ၂၀၀၉-၁၀၊ ၂၀၁၁-၁၂၊ ၂၀၁၃-၁၄ ဘောလုံးရာသီတွေမှာလည်း

အမှတ်ပေးဇယားကို ဦးဆောင်တဲ့ အသင်းနဲ့ ဒုတိနေရာက အသင်းရဲ့ အမှတ်က မကွာလို့

ချန်ပီယံဆုကို ရာသီပိတ်ပွဲစဉ်မှာ အဆုံးအဖြတ် ယူခဲ့ရပေမဲ့လည်း

ဇယားဦးဆောင်သူ အသင်းကပဲ ချန်ပီယံ ဖြစ်ခဲ့တဲ့ မှတ် တမ်းတွေ ရှိပါတယ်။

ဒါ့အပြင် အဲဒီလိုမျိုးပဲ ဦးဆောင်တဲ့အသင်းက ချန်ပီယံဖြစ်ခဲ့တဲ့ မှတ် တမ်းတွေ တော်တော်များများရှိထားပါတယ်။

ဒါပေမဲ့ ဒီရာသီကတော့ အရင်က ရာသီတွေနဲ့ မတူတဲ့ အခြေအနေ မျိုးတွေရှိနေတယ်လို့

ပရီးမီးယားလိဂ် သတင်းဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးရှင် အက်ဒီယန် ကာဂျွန်ဘာက မှတ်ချက်ပေးထားပါတယ်။

အခုလာမယ့် ပွဲမှာ အာဆင်နယ်က အဲဗာတန်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အနိုင်ရဖို့

လုံး၀ သေချာတယ်ဆိုတာကို တွက်ဆလို့ရ ပြီး မန်စီးတီးကတော့

ဝက်စ်ဟမ်းကို သရေတောင် ကျလို့ မရတဲ့ အနေအထားမှာ ရှိနေတယ်တဲ့။

နောက်ပြီး ဝက်စ်ဟမ်းအသင်းသားတွေက လည်း အခုရာသီပိတ် ပွဲမှာ ပရော်ဖက်ရှင်နယ် ကစားသမားပီပီ

လုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံး လုပ်ပြသွားမယ်လို့ ပြောထားတဲ့ စကားအခံလည်း ရှိနေပါပြီ။

ဒါကြောင့် အခုလာမယ့် ရာသီပိတ် ပွဲစဉ်ဟာ ပရီးမီးယားလိဂ်

သမိုင်းမှတ်တမ်းတချို့ကို ပြောင်းပြန်လှန်ပစ်နိုင်မှာလားဆိုတာကတော့ ……..