၂ ပြဲဆက္ပင္နယ္တီလြဲခဲ့တဲ့ဂရစ္ဇ္မန္းနဲ႔ ပင္နယ္တီကိစၥေဆြေႏြးသြားမယ္လုိ႔ ဒက္စ္ခ်မ့္ဆုိ

photo-gettyimages

photo-gettyimages

ေနာက္ဆုံးပင္နယ္တီလြဲေခ်ာ္မႈျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ ျပင္သစ္အသင္းနည္းျပဒီဒီယာဒက္စ္ခ်မ့္က တုိက္စစ္မႈးဂရစ္ဇ္မန္းနဲ႔ ပင္နယ္တီကိစၥေဆြးေႏြးသြားမယ္လုိ႔ ၀န္ခံေျပာၾကားလုိက္ပါတယ္။ ဂရစ္ဇ္မန္းဟာ အန္ဒိုရာကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ယူရိုေျခစစ္ပြဲစဥ္မွာ ရရွိတဲ့ပင္နယ္တီကို ၀င္ေအာင္ကန္သြင္းႏိုင္ျခင္းမရွိခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့အပတ္ အယ္ေဘးနီးယားနဲ႔ ယူရိုေျခစစ္ပြဲတုန္းကလည္း ပင္နယ္တီလြဲခဲ့ပါေသးတယ္။ ဒါေပမဲ့ အသက္ ၂၈ ႏွစ္အရြယ္ အဲဒီဘာစီလိုနာတိုက္စစ္မႈးကို ပင္နယ္ဆီတာ၀န္ဆက္ေပးမယ္လုိ႔ ဒက္စ္ခ်မ့္က ဆိုခဲ့ပါတယ္။

photo-EPA

”ဂရစ္ဇ္မန္းဟာ အရဲမစြန္႔ပါဘူး။ ဂိုးသြငး္ရမယ့္အခ်ိန္ေရာက္ရင္ သူသြင္းပါတယ္။ အဆုံးအျဖတ္အခ်ိန္ေရာက္ၿပီဆိုရင္လည္း သူတုန္လႈပ္မေနတတ္ပါဘူး။ က်ရႈံးမႈ ၂ ခုတည္းက်န္တာပါ။ အဲဒီအေၾကာင္း သူနဲ႔ေဆြးေႏြးသြားဖို႔ရွိၿပီး သူလညး္ သိေလာက္မွာပါ။ လာမယ့္ေအာက္တိုဘာမွာ ပင္နယ္တီကန္ရမယ့္အခြင့္အေရးထပ္ရမယ္ဆိုရင္ အဲဒီမွာ သူရွိေနမွာပါ”ျပင္သစ္နည္းျပဒက္စ္ခ်မ့္က အန္ဒိုရာနဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။

photo-gettyimages

ဂရစ္ဇ္မန္းဟာ ျပင္သစ္အသင္းဗုိလ္စြဲခဲ့တဲ့ ၿပီးခဲ့တ့ဲႏွစ္ ကမာၻ႔ဖလားတုန္းက ပင္နယ္တီ ၃ လုံးစလုံး၀င္ေအာင္ကန္သြင္းႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း နည္းျပဒက္စ္ခ်ိမ့္က သူ႔အေပၚအေကာင္းျမင္ေနဆဲပါပဲ။ ဒါေပမဲ့ ေနာက္ဆုံးလြဲေခ်ာ္မႈေတြေၾကာင့္ ဂရစ္ဇ္မန္းဟာ ေနာက္ဆုံး ၁၀ ႏွစ္ေက်ာ္အတြင္ ပင္နယ္တီ ၂ ႀကိမ္ဆက္လြဲခ့ဲတဲ့ ပထမဆုံးျပင္သစ္ကစားသမားျဖစ္လာခဲ့ပါတယ္။

[Unicode]

နောက်ဆုံးပင်နယ်တီလွဲချော်မှုဖြစ်ခဲ့ပြီးနောက်မှာတော့ ပြင်သစ်အသင်းနည်းပြဒီဒီယာဒက်စ်ချမ့်က တိုက်စစ်မှုးဂရစ်ဇ်မန်းနဲ့ ပင်နယ်တီကိစ္စဆွေးနွေးသွားမယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဂရစ်ဇ်မန်းဟာ အန်ဒိုရာကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့ယူရိုခြေစစ်ပွဲစဉ်မှာ ရရှိတဲ့ပင်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့အပတ် အယ်ဘေးနီးယားနဲ့ ယူရိုခြေစစ်ပွဲတုန်းကလည်း ပင်နယ်တီလွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ် အဲဒီဘာစီလိုနာတိုက်စစ်မှုးကို ပင်နယ်ဆီတာဝန်ဆက်ပေးမယ်လို့ ဒက်စ်ချမ့်က ဆိုခဲ့ပါတယ်။

”ဂရစ်ဇ်မန်းဟာ အရဲမစွန့်ပါဘူး။ ဂိုးသွင်းရမယ့်အချိန်ရောက်ရင် သူသွင်းပါတယ်။ အဆုံးအဖြတ်အချိန်ရောက်ပြီဆိုရင်လည်း သူတုန်လှုပ်မနေတတ်ပါဘူး။ ကျရှုံးမှု ၂ ခုတည်းကျန်တာပါ။ အဲဒီအကြောင်း သူနဲ့ဆွေးနွေးသွားဖို့ရှိပြီး သူလည်း သိလောက်မှာပါ။ လာမယ့်အောက်တိုဘာမှာ ပင်နယ်တီကန်ရမယ့်အခွင့်အရေးထပ်ရမယ်ဆိုရင် အဲဒီမှာ သူရှိနေမှာပါ”ပြင်သစ်နည်းပြဒက်စ်ချမ့်က အန်ဒိုရာနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းဗိုလ်စွဲခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားတုန်းက ပင်နယ်တီ ၃ လုံးစလုံးဝင်အောင်ကန်သွင်းနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း နည်းပြဒက်စ်ချိမ့်က သူ့အပေါ်အကောင်းမြင်နေဆဲပါပဲ။ ဒါပေမဲ့ နောက်ဆုံးလွဲချော်မှုတွေကြောင့် ဂရစ်ဇ်မန်းဟာ နောက်ဆုံး ၁၀ နှစ်ကျော်အတွင် ပင်နယ်တီ ၂ ကြိမ်ဆက်လွဲခဲ့တဲ့ ပထမဆုံးပြင်သစ်ကစားသမားဖြစ်လာခဲ့ပါတယ်။