သူ႔စံခ်ိန္ကိုမခ်ိဳးဖို႔ စီေရာ္နယ္ဒိုကိုေတာင္းပန္ခဲ့ေပမယ့္ အခ်ည္းႏီွးျဖစ္သြားတ့ဲေရာ္ဘီကိန္း

photo-social media

photo-gettyimages

လက္ရွိဥေရာပခ်န္ပီယံေပၚတူဂီက အသင္းငယ္ေလးလစ္သူေရးနီးယားကို ဂိုးျပတ္ႏိုင္ခဲ့တာက ယူရိုေျခစစ္ပြဲေတြထဲက ျမင္ေနက်ႏိုင္ပြဲတစ္ခုပါပဲ။ ဒါေပမဲ့ အဲဒီပြဲမွာ ေပၚတူဂီတုိက္စစ္မႈးစီေရာ္နယ္ဒို ၄ ဂုိးသြင္းလိုက္တာက စံခ်ိန္မွတ္တမ္းေတြခ်ိဳးဖ်က္ခံရဖို႔၊ ေနာက္ထပ္စံခ်ိန္မွတ္တမ္းေတြရရွိေရး ပိုနီးစပ္ဖို႔ အေၾကာင္းအရင္းျဖစ္သြားပါတယ္။ တစ္ဦးခ်င္းအရဆုိရင္ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးအတြက္ ႀကီးမားတဲ့ညတစ္ညျဖစ္ခဲ့တာပါ။

photo-gettyimages

အခုဆုိရင္ စီေရာ္နယ္ဒုိဟာ ႏိုင္ငံအတြက္ကစားေပးရင္း မတူညီတဲ့ၿပိဳင္ဘက္ ၄၀ ကိုဂုိးသြင္းႏိုင္ခဲ့ၿပီး သူ႔ရဲ႕ႏိုင္ငံတကာသြင္းဂိုးအေရအတြက္က ၉၃ ဂိုးရွိလာခဲ့ကာ သူ႔ကစားသမားဘ၀မွာလည္း ၅၄ ႀကိမ္ေျမာက္ဟက္ထရစ္ကို ရရွိခဲ့တာပါ။ အဲဒီကိန္းဂဏန္းေတြက ပါးစပ္အေဟာင္းသားျဖစ္သြားေစမွာပါ။ ဒါတင္မကေသးပါဘူး။ ယူရိုေျခစစ္ပြဲက သြင္းဂိုးစံခ်ိန္ကိုလည္း ခ်ိဳးႏိုင္ခဲ့ပါတယ္။ အရင္စံခ်ိန္ရွင္က အိုင္ယာလန္ဂႏၳ၀င္ေရာ္ဘီကိန္းျဖစ္ၿပီး ၂၃ ဂိုးနဲ႔ ယူရိုေျခစစ္ပြဲသမိုင္းတစ္ေလွ်ာက္ ဂိုးအမာ်းဆုံးသြင္းသူျဖစ္ခဲ့တာပါ။

photo-social media

အခုေတာ့ ၂၄ ဂိုးနဲ႔ အဲဒီစံခ်ိန္ရွင္က စီေရာ္နယ္ဒိုျဖစ္လာပါၿပီ။ လစ္သူေရးနီးယားနဲ႔ပြဲမတိုင္ခင္က အဲဒီစံခ်ိန္ကုိခ်ိဳးႏိုင္ဖို႔ ၄ ဂိုးလုိခဲ့ေပမယ့္ တစ္ပြဲတည္းမွာပဲ သူျဖစ္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။ ဒါကို စပါးနဲ႔လီဗာပူးတိုက္စစ္မႈးေဟာင္းျဖစ္တဲ့ေရာ္ဘီကိန္းကပဲ ႀကိဳသိေနသလား မေျပာတတ္ပါဘူး။ လစ္သူေရးနီးယားနဲ႔ပြဲမတိုင္ခင္မွာ သူ႔ရဲ႕ယူရိုေျခစစ္ပြဲသြင္းဂိုးစံခ်ိန္ေလးကိုေတာ့ ခ်န္ထားေပးပါဆုိတဲ့ပို႔စ္တစ္ခုကို ေရာ္ဘီကိန္းက Instagram မွာ ေနာက္ေျပာင္ၿပီးတင္ခဲ့တာပါ။ ”မင္းမွာ စံခ်ိန္ေတြအလုံအေလာက္ရွိေနၿပီလို႔ ငါထင္တယ္ စီေရာ္နယ္ဒိုေရ။ ဒီတစ္ခုေတာ့ ခ်န္ထားေပးပါ”လုိ႔ ယူရိုေျခစစ္ပြဲသြင္းဂိုးမွာ သူတို႔ႏွစ္ေယာက္ႏႈိင္းယွဥ္ျပထားတဲ့ပုံနဲ႔ ေရာ္ဘီကိန္းက ေရးတင္ခဲ့တာပါ။ အခုေတာ့ အဲဒါက အခ်ည္းႏွီးျဖစ္သြားပါၿပီ။ စီေရာ္နယ္ဒိုက တစ္ပြဲတည္း ၄ ဂုိးသြင္းၿပီး ေရာ္ဘီကိန္းရဲ႕စံခ်ိန္ကို ခ်ိဳးျဖစ္ေအာင္ကို ခ်ိဳးႏိုင္ခဲ့ပါတယ္။ ၂၄-၂၃ နဲ႔ တကယ့္ကို ပြတ္ကာသီကာနဲ႔ပါ။

[Unicode]

လက်ရှိဥရောပချန်ပီယံပေါ်တူဂီက အသင်းငယ်လေးလစ်သူရေးနီးယားကို ဂိုးပြတ်နိုင်ခဲ့တာက ယူရိုခြေစစ်ပွဲတွေထဲက မြင်နေကျနိုင်ပွဲတစ်ခုပါပဲ။ ဒါပေမဲ့ အဲဒီပွဲမှာ ပေါ်တူဂီတိုက်စစ်မှုးစီရော်နယ်ဒို ၄ ဂိုးသွင်းလိုက်တာက စံချိန်မှတ်တမ်းတွေချိုးဖျက်ခံရဖို့၊ နောက်ထပ်စံချိန်မှတ်တမ်းတွေရရှိရေး ပိုနီးစပ်ဖို့ အကြောင်းအရင်းဖြစ်သွားပါတယ်။ တစ်ဦးချင်းအရဆိုရင် အဲဒီဂျူဗင်တပ်တိုက်စစ်မှုးအတွက် ကြီးမားတဲ့ညတစ်ညဖြစ်ခဲ့တာပါ။

အခုဆိုရင် စီရော်နယ်ဒိုဟာ နိုင်ငံအတွက်ကစားပေးရင်း မတူညီတဲ့ပြိုင်ဘက် ၄၀ ကိုဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်က ၉၃ ဂိုးရှိလာခဲ့ကာ သူ့ကစားသမားဘဝမှာလည်း ၅၄ ကြိမ်မြောက်ဟက်ထရစ်ကို ရရှိခဲ့တာပါ။ အဲဒီကိန်းဂဏန်းတွေက ပါးစပ်အဟောင်းသားဖြစ်သွားစေမှာပါ။ ဒါတင်မကသေးပါဘူး။ ယူရိုခြေစစ်ပွဲက သွင်းဂိုးစံချိန်ကိုလည်း ချိုးနိုင်ခဲ့ပါတယ်။ အရင်စံချိန်ရှင်က အိုင်ယာလန်ဂန္ထဝင်ရော်ဘီကိန်းဖြစ်ပြီး ၂၃ ဂိုးနဲ့ ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် ဂိုးအမာျးဆုံးသွင်းသူဖြစ်ခဲ့တာပါ။

အခုတော့ ၂၄ ဂိုးနဲ့ အဲဒီစံချိန်ရှင်က စီရော်နယ်ဒိုဖြစ်လာပါပြီ။ လစ်သူရေးနီးယားနဲ့ပွဲမတိုင်ခင်က အဲဒီစံချိန်ကိုချိုးနိုင်ဖို့ ၄ ဂိုးလိုခဲ့ပေမယ့် တစ်ပွဲတည်းမှာပဲ သူဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါကို စပါးနဲ့လီဗာပူးတိုက်စစ်မှုးဟောင်းဖြစ်တဲ့ရော်ဘီကိန်းကပဲ ကြိုသိနေသလား မပြောတတ်ပါဘူး။ လစ်သူရေးနီးယားနဲ့ပွဲမတိုင်ခင်မှာ သူ့ရဲ့ယူရိုခြေစစ်ပွဲသွင်းဂိုးစံချိန်လေးကိုတော့ ချန်ထားပေးပါဆိုတဲ့ပို့စ်တစ်ခုကို ရော်ဘီကိန်းက Instagram မှာ နောက်ပြောင်ပြီးတင်ခဲ့တာပါ။ ”မင်းမှာ စံချိန်တွေအလုံအလောက်ရှိနေပြီလို့ ငါထင်တယ် စီရော်နယ်ဒိုရေ။ ဒီတစ်ခုတော့ ချန်ထားပေးပါ”လို့ ယူရိုခြေစစ်ပွဲသွင်းဂိုးမှာ သူတို့နှစ်ယောက်နှိုင်းယှဉ်ပြထားတဲ့ပုံနဲ့ ရော်ဘီကိန်းက ရေးတင်ခဲ့တာပါ။ အခုတော့ အဲဒါက အချည်းနှီးဖြစ်သွားပါပြီ။ စီရော်နယ်ဒိုက တစ်ပွဲတည်း ၄ ဂိုးသွင်းပြီး ရော်ဘီကိန်းရဲ့စံချိန်ကို ချိုးဖြစ်အောင်ကို ချိုးနိုင်ခဲ့ပါတယ်။ ၂၄-၂၃ နဲ့ တကယ့်ကို ပွတ်ကာသီကာနဲ့ပါ။