သူတို့ကြားက ပထမဆုံးမက်ဒရစ်ဒါဘီမှာ ဟာဇတ်ကို တိတ်ဆိတ်နိုင်စေခဲ့တဲ့ ထရစ်ပီယာ

September 29, 2019 Zayar Phyo Han 0

photo-sky sports photo-gettyimages ပရိသတ်တွေက စနေညက ကစားသွားခဲ့တဲ့မက်ဒရစ်ဒါဘီပွဲကို အတော်လေးမျှော်လင့်ခဲ့ကြပေမယ့် ခြေစွမ်းနဲ့အရည်အသွေးအရ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ အက်သလက်တီကိုတိုက်စစ်ကို ကော်စတာနဲ့ဂျာအိုဖိလစ်တို့ဦးဆောင်ခဲ့ကြပြီး ရီးရဲလ်ကလည်း တိုက်စစ်မှာ ဘင်ဇီမာ၊ဂါရတ်ဘေးလ်၊ဟာဇတ်တို့နဲ့ပွဲထွက်လာခဲ့ပေမယ့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့တာပါ။ ကွင်းထဲမှာတော့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ အဲဒီထဲမှာ ထရစ်ပီယာနဲ့ဟာဇတ်တို့ကြားက တွေ့ဆုံမှုဟာ ထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ photo-gettyimages နှစ်ယောက်စလုံးဟာ ပရီးမီးယားလိဂ်မှာ ၄ နှစ်ကြာတိုင် တစ်ယောက်နဲ့တစ်ယောက်ရင်ဆိုင်ခဲ့ဖူးကြပြီး သူတို့ကြားက […]

အောက်တန်းလိဂ်ကအသင်းတွေကတောင် ယူနိုက်တက်ကို မခန့်တော့လား… ဝိုင်ကွမ်ဘီအသင်းရဲ့ ပျစ်ပျစ်နှစ်နှစ် လှောင်ပြောင်တာခံလိုက်ရတဲ့ ယူနိုက်တက်

September 29, 2019 phyo 0

Photo Credit Photo Credit ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ရော့ခ်ျဒေးလ်အသင်းနဲ့ပွဲစဉ်မှာသိသိသာသာဆိုရွားခဲ့ပြီး ရုန်းကန်ခဲ့ရတာကြောင့် လိဂ် ၁ အသင်းတစ်သင်းဖြစ်တဲ့ ဝိုကွမ်ဘီအသင်းက သူတို့ဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့အသင်းလို့ လှောင်ပြောင်လိုက်ပါတယ်။ Photo Credit ရော့ခ်ျဒေးလ်အသင်းဟာ ဝိုင်ကွမ်ဘီအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပေမယ့် ကာရာဘောင်ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ယူနိုက်တက်ကိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာထွက်ပေါ်ခဲ့တဲ့ရလဒ်ကြောင့် […]

တစ်ပတ်လစာပေါင် ၆၀၀၀၀၀ အထိတိုးတောင်းလိုက်တဲ့ ပေါ့ဂ်ဘာ

September 29, 2019 kyaw kyaw Han 0

မန်ယူအသင်းမှာ သူ့ကိုဆက်ရှိစေလိုတယ်ဆိုရင် တစ်ပတ်ကိုပေါင် ၆၀၀၀၀၀ အထိတိုးပေးဖို့ ကွင်းလယ်လူပေါ့ဂ်ဘာက တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့လက်ရှိတစ်ပတ်လစာဟာပေါင် ၃၀၀၀၀၀ နီးပါးဖြစ်လို့ ၂ ဆအထိတိုးတောင်းလိုက်တာလည်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိတဲ့ ပေါ့ဂ်ဘာဟာ မန်ယူနဲ့အနာဂတ်မသေချာသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းကအသင်းကနေထွက်လိုတယ်လို့ လူသိရှင်ကြားပြောထားသလို သူ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာ ကလည်း မန်ယူကနေပေါ့ဂ်ဘာထွက်ဖို့ လုပ်စရာရှိတာတွေကိုလုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါသေးတယ်။အခုလိုလစာတိုးတောင်းတာဟာ ပေါ့ဂ်ဘာအနေနဲ့ လာမယ့်ဇန်န၀ါရီမှာတင် ထွက်ခွာနိုင်ဖို့ အသင်းအပေါ် […]

ဖာဂူဆန်ရဲ့ယူရိုသန်း ၃၀ Golden Boy အဖြစ်ကနေ စောစောစီးစီးအနားခဲ့ရသူတစ်ယောက်အကြောင်း

September 29, 2019 phyo 0

Photo Credit Photo Credit ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှာ ရီဆစ်ဖ်မြို့ရဲ့ညချမ်းတစ်ခုက စိုစွတ်ထိုင်းမှိုင်းနေပြီး အန်ဒါဆန်အမည်ရ အသက် ၁၇နှစ်အရွယ် ဆံပင်ရှည်ရှည်ကောင်လေးတစ်ယောက်က ဂရီမီယိုရှေးပုံပြင်ထဲ သူ့နာမည်ကို စာရင်းတင်သွင်းလိုက်ပါတယ်။ သူဟာ နော်တီကိုအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အရေးပါတဲ့ဂိုးသွင်းယူနိုင်ခဲ့တာပါ။ စီးရီးဘီပလေးအော့ဖ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့အဲဒီပွဲမှာ ဂရီမီယိုအသင်းက ကွင်းထဲ ကစားသမား ၇ဦးသာရှိတော့တဲ့အထိ […]

အရန်ခုံမှာပဲထိုင်နေရတာကြောင့် စိတ်ပျက်နေတဲ့ ပူလီဆစ်

September 29, 2019 phyo 0

Photo Credit Photo Credit ချဲလ်ဆီးအသင်းတောင်ပံကစားသမားခရစ္စတီယန်ပူလီဆစ်က ပွဲထွက်ကစားရခြင်းမရှိတာကြောင့် အတော်ကိုစိတ်ပျက်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ Photo Credit ပူလီဆစ်ဟာ ယမန်နေ့က ဘရိုက်တန်အသင်းကို ၂-၀နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်တောင် မကစားခဲ့ရပါဘူး။ သူဟာ ချဲလ်ဆီးအသင်းနောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲအထိ အရန်ခုံမှာသာထိုင်နေခဲ့ရပါတယ်။ […]

ပါဒါဘွန်းနဲ့ပွဲမှာ Perfect Chip လုပ်ပြရင်း ဂျာမန်ပရိသတ်တွေကို သူ့ဘက်ဆွဲခေါ်နိုင်ခဲ့တဲ့ ကော်တင်ညို

September 29, 2019 phyo 0

Photo Credit Photo Credit ဘိုင်ယန်ကွင်းလယ်လူ ကော်တင်ညိုဟာ စပိန်မှာ အခြေတကျဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အခုဂျာမန်မြေမှာတော့ သူ့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခု တည်ဆောက်နေပြီဖြစ်ကာ ပါဒါဘွန်းနဲ့ပွဲမှာ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ဂိုးဖန်တီးမှုပြုလုပ်ရင်း သူတို့ရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Photo Credit ဘာစီလိုနာအသင်းကနေ တစ်ရာသီအငှားနဲ့ ရောက်ရှိခဲ့တဲ့ ကော်တင်ညိုဟာ ယမန်နေ့က […]

အင်တာက ပထမဆုံးပွဲထွက်မှာ ဟီးရိုးကနေ ဇီးရိုးဖြစ်ခဲ့ပြီး ဂျူဗင်တပ်နဲ့ပွဲကိုလွဲမယ့် အလက်ဆစ်ဆန်းချက်ဇ်

September 28, 2019 Zayar Phyo Han 0

photo-daily mail photo-gettyimages စနေညမှာ ဟီးရိုးကနေ ဇီးရိုးဖြစ်ခဲ့သူကတော့ မန်ယူကနေ အငှားသွားကစားနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ပါပဲ။ ဆမ်ဒိုးရီယားကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်စာရင်းထဲပါဝင်နိုင်ခဲ့ပြီး အင်တာအတွက် သူ့ရဲ့ပထမဆုံးဂိုးကိုလည်း သွင်းနိုင်ခဲ့ပေမယ့် ဒိုက်ဗင်ထိုးတယ်ဆိုပြီး နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ ဆန်းချက်ဇ်ဟာ အူဒီးနိစ်၊လာဇီယိုတို့နဲ့ပွဲတွေတုန်းက လူစားဝင်သာကစားခဲ့ရပေမယ့် ဆမ်းဒိုးရီးယားနဲ့အခုပွဲကျမှ ပထမဆုံးပွဲထွက်နိုင်ခဲ့တာပါ။ […]

King of Assist အဖြစ် ဒီဘရိုင်းကို ဂုဏ်ပြုလိုက်ပါ…၇ပွဲမှာ ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ပေးထားတဲ့ ဒီဘရိုင်း

September 28, 2019 phyo 0

Photo Credit Photo Credit ဒီဘရိုင်းဆိုတာ စီးတီးကွင်းလယ်ရဲ့အင်ဂျင်တစ်လုံးဖြစ်ပြီး တိုက်စစ်လမ်းကြောင်းစတင်ရာ အသက်သွေးကြောလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပြီး ယမန်နှစ်ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အရေးပါတဲ့ကစားသမားအဖြစ်ကနေ လျော့ကျခဲ့ရတာကို ဒီနှစ်မှာ ပြန်လည်ရယူနေတာဖြစ်ပါတယ်။ Photo Credit သူဟာ အဲဗာတန်ကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အရေးပါတဲ့ဦးဆောင်ဂိုးသွင်းနိုင်အောင် […]

ဒီဘားလားနဲ့ ရော်နယ်ဒိုတို့ ပူးပေါင်းဖန်တီးခဲ့တဲ့ အံ့အားသင့်ဖွယ် Team Goal

September 28, 2019 phyo 0

Photo Credit Photo Credit ဂျူဗင်တပ်စ်က စနေညမှာ စပယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက အင်တာမီလန်ကို ဆက်လက်ဖိအားပေးနိုင်တာက သိပ်ထူးဆန်းတဲ့အကြောင်းအရာမဟုတ်ပါဘူး။ အဲဒီမှာ ပြောစရာဖြစ်လာတာက ရော်နယ်ဒိုရဲ့အဆုံးသတ်ဂိုးပါ။ Photo Credit ရော်နယ်ဒိုရဲ့ခေါင်းတိုက်သွင်းဂိုးက ခပ်လှမ်းလှမ်းသွင်းသွားတာဖြစ်ပေမယ့် ရော်နယ်ဒိုက နဂိုကတည်းက ခေါင်းတိုက်စွမ်းရည်ကောင်းမွန်ပြီးသားဆိုတော့ အဲဒီအကြောင်းကလည်း ပြောစရာသိပ်မရှိဘူး။ […]

မှတ်ပုံမတင်ရသေးတဲ့ ကစားသမားတစ်ယောက် လီဗာပူးသုံးခဲ့လား…

September 28, 2019 Ye Min Aung 0

လိဂ်ဖလားပြိုင်ပွဲ(Carabao Cup) တတိယအဆင့်အဖြစ် အမ်ကေဒွန်းစ်ကို အနိုင်ရတဲ့ပွဲမှာ မှတ်ပုံမတင်ရသေးတဲ့ကစားသမားတစ်ယောက်ကို လီဗာပူးထည့်သုံးသွားတယ်ဆိုတဲ့သတင်းတွေအပေါ် အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲချုပ်(EFL)အနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့သိရပါတယ်။ အဲဒီကစားသမားအမည်ကို မသိရပေမယ့် ဒီပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ကစားသမားစာရင်းမှာမပါဘူးလို့ ယူဆမှုတွေအများအပြားရှိနေတာကြောင့် “ လက်ရှိအချိန်မှာ ဒီကိစ္စကို ကျွန်တော်တို့သုံးသပ်ဆင်ခြင်နေပါတယ် ”လို့ EFL ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Omnisport ကိုပြောသွားတာပါ။ […]