ဝင်ဘလေဆီသွားမယ့် ရထားကို အင်္ဂလန်အသင်းတွေ ဘယ်ဘူတာမှာ လွဲခဲ့တာလဲ

ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်တွေကို

အင်္ဂလန် ကလပ်တွေ တစ်သင်းမှ မရောက်တာဟာ ၂၁ ရာစုနှစ်အတွင်းမှာ ၃ ကြိမ်ရှိလာပါပြီ။

ဒီအတွက် အင်္ဂလန်ကလပ်တွေ ဘယ်ဘူတာမှာ လွဲခဲ့ကြတာလဲ။

ဒီမေးခွန်းကို ဖြေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ အသင်းတွေရဲ့ အချက်အလက်တွေနဲ့

အခြေအနေအရပ်ရပ်ကို ခြုံပြီး ပြောရမှာ ဖြစ်တာကြောင့် အဖြေလွှာက တော်တော်များမှာပါပဲ။

ချန်ပီယံလိဂ် ကွာ တားဖိုင်နယ်ကို အင်္ဂလန်ထိပ်သီး ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့

မန်စီးတီးတို့ ရောက် လာခဲ့ကြပြီး လန်ဒန်ကလပ်က ဘိုင်ယန်ကို ရှုံးလို့ ပြိုင်ပွဲက ထွက်ခဲ့ရသလို

မန်ချက်စတာ ကလပ်ကလည်း ရီးရဲလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရှုံးပေးခဲ့ရတယ်။

ယူရိုပါလိဂ် မှာဆိုရင်လည်း ဝက်စ်ဟမ်းက လေဗာကူဆင်ကိုရှုံးသလို

လီဗာပူးကလည်း အတ္တလန္တာကို ရှုံးတာကြောင့် ဒီရာသီ ယူရိုပါလိဂ်

ဆီမီးအဆင့်ကလည်း အင်္ဂလန်တစ်သင်းမှ မပါတော့ ပါဘူး။

ဒီရာသီ ဥရောပ ပြိုင်ပွဲကစားဖို့ ကျန်နေတဲ့ အင်္ဂလန်အသင်းဆိုလို့

အက်စ်တွန်ဗီ လာတစ်သင်းတည်းပဲ ကျန်ပါတော့တယ်။

အင်္ဂလန်ကလပ်တွေဟာ ယူအီးအက်ဖ်အေက ဦးဆောင် ကျင်းပတဲ့ ချန်ပီယံလိဂ်နဲ့

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်တွေကို နှစ် တိုင်းလိုလို

တက်ခွင့်ရကြပြီး မရောက်တဲ့ နှစ်က ရှားပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ် တစ်ခုလုံး မှာမှ ၃ ကြိမ်ပဲ ရှိခဲ့ပြီး ၂၀၀၂-၀၃ ဘောလုံးရာသီမှာ တစ်ကြိမ်၊

၂၀၁၄-၁၅ ဘောလုံးရာသီ မှာ တစ်ကြိမ်၊ အခု လက်ရှိရာသီမှာတစ်ကြိမ်ပဲ မရောက်တာပါ။

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ကစားခဲ့တဲ့ ဗိုလ်လုပွဲတွေဆိုရင် All English Final တွေ ဖြစ်ခဲ့ကြပြီး

လီဗာပူးနဲ့ စပါးက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားသလို ချဲလ်ဆီးနဲ့ အာဆင်နယ်က

ယူရိုပါလိဂ် ဗိုလ်လုပွဲဆို ပြီး အသီးသီး ကစားခဲ့ကြတာပါ။

အခုတော့ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံးလို့ သတ်မှတ် ခံထားရတဲ့

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ

ဥရောပ ထိပ်တန်းပြိုင်ပွဲကြီး နှစ်ရပ် စလုံးမှာ ပါဝင်ခွင့် မရတော့တာဟာ

ဘောလုံးပရိသတ်တွေအတွက် တော်တော်လေးကို ရှော့ခ်ရသွားစေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအ တွင်းမှာတင် ပေါင် ဘီလီယံချီ သုံးစွဲပြီး

ပိုပြီး တောင့်တင်းတဲ့ အသင်းတွေ ဖြစ်လာကြ တယ်။

ဒါပေမဲ့ အဲဒီ အတောင့်တင်းဆုံး အသင်းတွေဆိုတဲ့ အင်္ဂလန်ကလပ်တွေဟာ

ကိုယ့် ရဲ့ နိုင်ငံမှာရှိတဲ့ ဝင်ဘလေကွင်းမှာ လုပ်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အရောက်မသွား နိုင်ခဲ့ကြဘူး။

ဒါကြောင့် အင်္ဂလန်အသင်းတွေဟာ ဝင်ဘလေကို သွားဖို့ ရထားကို ဘယ်ဘူ တာမှာ လွဲခဲ့ကြသလဲဆိုတာတော့

ကာယကံရှင်တွေကပဲ အသိဆုံး ဖြစ်ပါလိမ့်မယ်လို့သာ မှတ်ချက်ပြုရင်း ………..