မက်ဆီကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းအပေါ် မန်စီးတီး တုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာစီးတီးအသင်းက ယခုနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လီယွန်နယ် မက်ဆီကို ကမ်းလှမ်းထားခြင်းမရှိကြောင်း ပြောဆိုခဲ့ပါတယ်။ အာဂျင်တီးနား ကြယ်ပွင့်ဟာ လက်ရှိမှာ စပိန်ပြင်ပ အသင်းတွေနဲ့ အပြောင်းအရွေ့ ဆွေးနွေးမှု ပြုလုပ်ထားနိုင်ပြီး မန်စီးတီး ၊ လီဂူး ( ၁ ) ချန်ပီယံ ပီအက်စ်ဂျီအသင်းတွေနဲ့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။

ပရီးမီးယားလိဂ် အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းဟာ မက်ဆီကို ကမ်းလှမ််းမှု ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်း တာဝန်ရှိသူက အဆိုပါ သတင်းဟာ မှန်ကန်မှုမရှိပဲ ဆေွးနွေးမှုတွေ ပြုလုပ်ထားခြင်းမရှိကြောင်း Goal သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ Ballon d’Or ( ၆ ) ကြိမ်ဆုရှင် လီယွန်နယ် မက်ဆီကို ကာလရှည် စောင့်ကြည့်နေပြီး ဆရာဟောင်း ပက် ဂွာဒီယိုလာနဲ့ ပြန်လည်လက်တွဲနိုင်ဖို့ ရည်ရွယ် လျက်ရှိပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းဟာ မက်ဆီရဲ့ မြှင့်မားတဲ့ လစာပမာဏကို ပေးချေနိုင်တဲ့ အသင်းအနည်းစုထဲက တစ်သင်းဖြစ်ပြီး New York City FC အပါအဝင် City Football Group ရဲ့ အသင်းတွေမှာ ကစားနိုင်မယ့် ကမ်းလှမ်းမှုနဲ့အတူ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီကို ကမ္းလွမ္းခဲ့တယ္ဆိုတဲ့ သတင္းအေပၚ မန္စီးတီး တုံ႔ျပန္

မန္ခ်က္စတာစီးတီးအသင္းက ယခုႏွစ္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လီယြန္နယ္ မက္ဆီကို ကမ္းလွမ္းထားျခင္းမရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဂ်င္တီးနား ၾကယ္ပြင့္ဟာ လက္ရွိမွာ စပိန္ျပင္ပ အသင္းေတြနဲ႔ အေျပာင္းအေ႐ြ႕ ေဆြးေႏြးမႈ ျပဳလုပ္ထားႏိုင္ၿပီး မန္စီးတီး ၊ လီဂူး ( ၁ ) ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းေတြနဲ႔ သတင္းထြက္ေပၚလ်က္ရွိပါတယ္။

ပရီးမီးယားလိဂ္ အဆင့္ ( ၁ ) ေနရာက မန္စီးတီးအသင္းဟာ မက္ဆီကို ကမ္းလွမ္္းမႈ ျပဳလုပ္ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ မန္စီးတီးအသင္း တာဝန္ရွိသူက အဆိုပါ သတင္းဟာ မွန္ကန္မႈမရွိပဲ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားျခင္းမရွိေၾကာင္း Goal သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ Ballon d’Or ( ၆ ) ႀကိမ္ဆုရွင္ လီယြန္နယ္ မက္ဆီကို ကာလရွည္ ေစာင့္ၾကည့္ေနၿပီး ဆရာေဟာင္း ပက္ ဂြာဒီယိုလာနဲ႔ ျပန္လည္လက္တြဲႏိုင္ဖို႔ ရည္႐ြယ္ လ်က္ရွိပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းဟာ မက္ဆီရဲ႕ ျမႇင့္မားတဲ့ လစာပမာဏကို ေပးေခ်ႏိုင္တဲ့ အသင္းအနည္းစုထဲက တစ္သင္းျဖစ္ၿပီး New York City FC အပါအဝင္ City Football Group ရဲ႕ အသင္းေတြမွာ ကစားႏိုင္မယ့္ ကမ္းလွမ္းမႈနဲ႔အတူ မက္ဆီကို ေခၚယူဖို႔ ႀကိဳးစားလာႏိုင္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္ ။