ကာဗာနီ ယူနိုက်တက်မှာ ဆက်ရှိနေနိုင်မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှူးကာဗာနီဟာ လတ်တလောမှာတော့ ကြွက်သားဒဏ်ရာပြဿနာရှိနေတာကြောင့် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ကာဗာနီဟာ လက်ရှိမှာ သူနဲ့ ယူနိုက်တက်ရဲ့စာချုပ်သက်တမ်းက(၄)လဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ကာဗာနီကိုယ်တိုင်ကတော့ သူ့အနေနဲ့ ယူနိုက်တက်ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းလိုနေပြီး စာချုပ်ထဲမှာ ပါဝင်နေတဲ့ ထပ်တိုးတစ်နှစ်စာချုပ်ကို ချုပ်ဆိုချင်နေပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ခေါ်ယူခဲ့တဲ့ အက်ဒီဆင်ကာဗာနီအပေါ်မှာအသင်းအနေနဲ့ အနည်းငယ် သံသယဖြစ်ဟန်တော့ရှိပါတယ်။ ဝါရင့်တိုက်စစ်ကစားသမားဖြစ်ပေမယ့် အသက်အရွယ်နဲ့ ခြေစွမ်းအပေါ် စိတ်မချဟန်တူပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသက် ၁၉ နှစ်အရွယ် လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ၂၀၂၅ အထိ စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။ဒါပေမယ့် လက်ရှိလူစာရင်းထဲက တိုက်စစ်မှူးတွေထဲမှာတော့ ကာဗာနီက အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။

ကာဗာနီဟာ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဘောလုံးရာသီမှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း (၆)ဂိုး သွင်းယူထားခဲ့ပြီး (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၄)ပွဲမှာလည်း သွင်းဂိုးပေါင်း (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာအတွေ့အကြုံရင့်ကျက်သလို၊အလုပ်လည်း ကြိုးစားပါတယ်။ ရရှိထားတဲ့ ကျောနံပါတ် ၇ နဲ့ ထိုက်တန်အောင်လို့ လုပ်ဆောင်နေပါတယ်။ ဆိုးလ်ရှားအတွက်တော့ ကာဗာနီကိစ္စဟာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခုပါပဲ။ ကာဗာနီ တစ်ယောက် ယူနိုက်တက်မှာ ဆက်ရှိနေနိုင်မလားဆိုတာစောင့်ကြည့်ရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကာဗာနီ ယူႏိုက္တက္မွာ ဆက္ရွိေနႏိုင္မွာလား?

တိုက္စစ္မႉးကာဗာနီဟာ လတ္တေလာမွာေတာ့ ႂကြက္သားဒဏ္ရာျပႆနာရွိ​ေနတာေၾကာင့္ ရီးရဲလ္ဆိုစီဒက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ (၃၂)သင္းအဆင့္ ရႈံးထြက္ပထမအေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ပါတယ္။ ကာဗာနီဟာ လက္ရွိမွာ သူနဲ႔ ယူႏိုက္တက္ရဲ႕စာခ်ဳပ္သက္တမ္းက(၄)လဝန္းက်င္သာ က်န္ရွိပါ​ေတာ့တယ္။ကာဗာနီကိုယ္တိုင္က​ေတာ့ သူ႔အ​ေနနဲ႔ ယူႏိုက္တက္ကစားသမားဘဝကို ဆက္လက္ျဖတ္သန္းလိုေနၿပီး စာခ်ဳပ္ထဲမွာ ပါဝင္ေနတဲ့ ထပ္တိုးတစ္ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခ်င္ေနပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ပီအက္စ္ဂ်ီကေန ေျပာင္းေ႐ႊ႕ေၾကး အလြတ္နဲ႔ေခၚယူခဲ့တဲ့ အက္ဒီဆင္ကာဗာနီအေပၚမွာအသင္းအ​ေနနဲ႔ အနည္းငယ္ သံသယျဖစ္ဟန္​ေတာ့ရွိပါတယ္။ ၀ါရင့္တိုက္စစ္ကစားသမားျဖစ္​ေပမယ့္ အသက္အ႐ြယ္နဲ႔ ​ေျခစြမ္းအ​ေပၚ စိတ္မခ်ဟန္တူပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ အသက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္တိုက္စစ္မႉး ေမဆင္ဂရင္းဝုဒ္ကို ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္း တိုးခဲ့ပါတယ္။ဒါေပမယ့္ လက္ရွိလူစာရင္းထဲက တိုက္စစ္မႉးေတြထဲမွာေတာ့ ကာဗာနီက အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ ရပ္တည္ေနပါတယ္။

ကာဗာနီဟာ သူရဲ႕ယူႏိုက္တက္ကစားသမားဘဝ ပထမဆုံးေဘာလုံးရာသီမွာပဲ အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုးေပါင္း (၆)ဂိုး သြင္းယူထားခဲ့ၿပီး (၂)ဂိုး ဖန္တီးထားႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစုံ (၂၄)ပြဲမွာလည္း သြင္းဂိုးေပါင္း (၇)ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးႀကီးဟာအေတြ႕အႀကဳံရင့္က်က္သလို၊အလုပ္လည္း ႀကိဳးစားပါတယ္။ ရရွိထားတဲ့ ​ေက်ာနံပါတ္ ၇ နဲ႔ ထိုက္တန္​ေအာင္လို႔ လုပ္​ေဆာင္​ေနပါတယ္။ ဆိုးလ္ရွားအတြက္​ေတာ့ ကာဗာနီကိစၥဟာ အ​ေရးႀကီးတဲ့ ​ေခါင္းစဥ္တစ္ခုပါပဲ။ ကာဗာနီ တစ္​ေယာက္ ယူႏိုက္တက္မွာ ဆက္ရွိေနႏိုင္မလားဆိုတာ​ေစာင့္ၾကည့္ရ​ေအာင္ပါ။