ချဲလ်ဆီးပိုင်ရှင်ဟောင်းနဲ့ဆက်စပ်နေတဲ့ နယ်သာလန်ကလပ် ၁၈ မှတ်အလျှော့ခံရပြီး တန်းဆင်းသွား

နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်တဲ့ ၁၈ မှတ်လျှော့ပြစ်ဒဏ်ကြောင့် ဗီတက်ဆီအသင်းဟာ

နယ်သာလန်အမြင့်ဆုံးလိဂ်ကကနေ တန်းဆင်းသွားပါပြီ။

အသင်းလိုင်စင်စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့သက်မှတ်ချက်တွေကို

မကိုက်ညီတာကြောင့် ဗီတက်ဆီဟာ စံချိန်တင်အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

အဲဒါကြောင့်လည်း ဗီတက်ဆီဟာ ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်

နယ်သာလန်အမြင့်ဆုံးလိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။

ဒီအမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရခြင်းမတိုင်ခင်ကတည်းက ဗီတက်ဆီဟာ

ဘဏ္ဍာရေးပြသနာတွေနဲ့အတူ နယ်သာလန်အမြင့်ဆုံးလိဂ်မှာ ဇယားအောက်ခြေရောက်နေတာပါ။

အခုတော့ ၁၈ မှတ်လျှော့ပြစ်ဒဏ်ကြောင့် သူတို့ရဲ့ရမှတ်က -၁ တောင် ဖြစ်သွားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကပဲ ကွန်ဖရန့်လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးတာကြောင့်

ဗီတက်ဆီရဲ့လက်ရှိ အခြေအနေဟာ မယုံနိုင်စရာလည်း ဖြစ်နေတာပါ။

ဗီတက်ဆီကို ချဲလ်ဆီးပိုင်ရှင်ဟောင်းအေဘရာမိုဗစ်ချ်က ထိန်းချုပ်ထားတဲ့ အခြေအနေတွေ တွေ့ရပြီး

ငွေကြေားခဝါချမှုနဲ့ အခြားချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗီတက်ဆီဟာ မိုဗစ်ချ်လက်ထက်တုန်းက ချဲလ်ဆီးနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ကစားသမားအတော်များများကို ဖွံ့ဖြိုးလာစေရေးအတွက်

ဗီတက်ဆီမှာ အငှားချခဲ့ပါတယ်။

အခု မန်ယူကိုရောက်နေတဲ့ မေဆန်မောင့်တောင်

သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အငှားသွားကန်တဲ့ဗီတက်ဆီမှာ စတင်ခဲ့တာပါ။