မက်ဆီပြောတဲ့ အကောင်းဆုံးနဲ့အဆိုးဆုံးတွေ

PC ; Internet

စပိန်ရေဒီယို RAC1 နဲ့အင်တာဗျူးမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက သူ့ရဲ့ကစားသမားဘ၀ အမှတ်ရစရာဖြစ်ရပ်တွေကို ဖွင့်ဟလိုက်ပါတယ်။အထူးသဖြင့် ကစားသမားဘ၀ အကောင်းဆုံးနဲ့အဆိုးဆုံးအခိုက်အတန့်တွေ၊အကောင်းဆုံးသွင်းဂိုးနဲ့အကောင်းဆုံးနည်းပြ စတဲ့ သူ့ရင်ထဲကရွေးချယ်မှုတွေကို မကွယ်မဝှက်ဘဲပြောသွားခဲ့တာပါ။ 90minutes ပရိသတ်တွေအတွက် အာဂျင်တီးနားကြယ်ပွင့်ရဲ့ဖွင့်ဟမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

PC ; Internet

အကောင်းဆုံးမက်ဆီ
“ တိုးတက်ဖို့ ကျွန်တော်နှစ်တိုင်းကြိုးစားခဲ့ပါတယ်။ဂွါဒီယိုလာရှိစဉ်ဟာ အကောင်းဆုံးအချိန်တွေလို့ ကျွန်တော်ထင်တယ်။ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်အများကြီးတိုးတက်လာခဲ့တယ်လေ ”
အကောင်းဆုံးအခိုက်အတန့်
“ အဲဒါက ပြောဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ မတူညီတဲ့အခြေအနေတွေမှာ အကြောင်းအရာတွေအများကြီး အတွေ့အကြုံရဖို့ ကျွန်တော့်မှာ လုံလောက်တဲ့ကံကောင်းမှုတွေရခဲ့လို့ပါ။ကစားသမားအနေနဲ့ပြောရရင်တော့ အကောင်းဆုံးတစ်ယောက်ဖြစ်လာစေခဲ့တဲ့ ဂွါဒီယိုလာရှိစဉ်ကာလတွေပါပဲ ’’

PC ; Internet

အဆိုးရွားဆုံးအခိုက်အတန့်
“ ၂၀၁၃နဲ့၂၀၁၄ ပေါ့ဗျာ။၂လ ၃လ လောက်နားရတဲ့ ဒဏ်ရာမျိုး ကျွန်တော်ရခဲ့တယ်။အဲဒီနောက် ပြန်ကောင်းလာဖို့ အာဂျင်တီးနားကို ကျွန်တော်သွားခဲ့တယ် ”
အကောင်းဆုံးဂိုး
“ ရောမမှာ ခေါင်းတိုက်သွင်းနိုင်ခဲ့တဲ့ ဂိုးပေါ့။အဲဒါ ကျွန်တော်တို့ကို ချန်ပီယံလိဂ်ဖလား ရစေခဲ့တယ် ”

PC ; Internet

ရင်ဆိုင်ရအခက်ဆုံးနောက်တန်း
“ အထူးခြားဆုံး တစ်ခုကိုပြောတာလား။ကျွန်တော်မသိပါဘူး။ခက်ခဲတဲ့ပြိုင်ဘက်တွေအများကြီးနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးတယ်။အင်္ဂလိပ်အသင်းတွေကတော့ အမြဲတမ်းရင်ဆိုင်ရခက်တာပဲ။ဒါကြောင့် ဒီအသင်းတွေထဲက တစ်ခုကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး ”

PC ; Internet

အကောင်းဆုံးပြိုင်ဘက်
“ စပိန်လက်ရွေးစင်အသင်းပါ။မက်ဒရစ်မှာ ကျွန်တော်တို့ ခြေစမ်းပွဲတစ်ပွဲ ကစားခဲ့ကြတယ်။အာဂျင်တီးနားကို မာရာဒိုနာတာဝန်ယူစဉ်ပေါ့။၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကစားတဲ့အဲဒီပွဲ(အလွန်ဆိုရဲ့သွင်းဂိုး ၂ဂိုးနဲ့စပိန်နိုင်ပြီး မက်ဆီက ၁ဂိုးသွင်းပေးခဲ့ )ဟာ ပြိုင်ဘက်ကြောင့် ကျွန်တော် အံ့အားသင့်ခဲ့ရတဲ့ပွဲတစ်ပွဲပါပဲ။နောက်ဆုံးရင်ဆိုင်ခဲ့ကြတဲ့ ပွဲ( လိုပီတီဂွီရဲ့စပိန်က ၆-၁ဂိုးနဲ့နိုင် )မှာတော့ ကျွန်တော်မကစားဖြစ်ခဲ့ဘူး။အဲဒီပွဲကလည်း ကျွန်တော့်ကို အမှတ်ရစေတာပါပဲ ”

PC ; Internet

အကောင်းဆုံးပွဲ
“ ကျွန်တော်တို့ ၂-ဝဂိုးနဲ့နိုင်တဲ့ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပါ။အဲဒီပွဲ ( ရီးရဲလ်ကိုမော်ရင်ညိုကိုင်တွယ်စဉ် ၂၀၁၀-၁၁ ရာသီမှာ ကစားခဲ့ကြ ) ကတော့ ပြိုင်ဘက်ကင်းပါပဲ ”
မလိုချင်တဲ့ အသင်းဖော်
“ ကြုံဆုံခဲ့တဲ့ အသင်းဖော်တိုင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ကျွန်တော် အမြဲတမ်းရှိခဲ့ပါတယ်။အဝတ်လဲခန်းမှာ ကျွန်တော့်အကြောင်းကို အဆိုးတွေချည်းပဲ ဘယ်သူမဆို ပြောမယ်လို့လည်း ကျွန်တော်မထင်ပါဘူး ”

PC ; Internet

အကောင်းဆုံးနည်းပြ
“ ဂွါဒီယိုလာပေါ့ဗျာ။သူက အကောင်းဆုံးပါပဲ။အင်းနရစ်နဲ့လည်း သိပ်ကိုရင်းနှီးပါတယ် ”

(zawgyi)

စပိန္ေရဒီယို RAC1 နဲ႔အင္တာဗ်ဴးမွာ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီက သူ႔ရဲ႕ကစားသမားဘ၀ အမွတ္ရစရာျဖစ္ရပ္ေတြကို ဖြင့္ဟလိုက္ပါတယ္။အထူးသျဖင့္ ကစားသမားဘ၀ အေကာင္းဆံုးနဲ႔အဆိုးဆံုးအခိုက္အတန္႔ေတြ၊အေကာင္းဆံုးသြင္းဂိုးနဲ႔အေကာင္းဆံုးနည္းျပ စတဲ့ သူ႔ရင္ထဲကေရြးခ်ယ္မႈေတြကို မကြယ္မ၀ွက္ဘဲေျပာသြားခဲ့တာပါ။ 90minutes ပရိသတ္ေတြအတြက္ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ဖြင့္ဟမႈေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
အေကာင္းဆံုးမက္ဆီ
“ တိုးတက္ဖို႔ ကၽြန္ေတာ္ႏွစ္တိုင္းႀကိဳးစားခဲ့ပါတယ္။ဂြါဒီယိုလာရွိစဥ္ဟာ အေကာင္းဆံုးအခ်ိန္ေတြလို႔ ကၽြန္ေတာ္ထင္တယ္။ကစားသမားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္အမ်ားႀကီးတိုးတက္လာခဲ့တယ္ေလ ”
အေကာင္းဆံုးအခိုက္အတန္႔
“ အဲဒါက ေျပာဖို႔ခက္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ မတူညီတဲ့အေျခအေနေတြမွာ အေၾကာင္းအရာေတြအမ်ားႀကီး အေတြ႔အႀကံဳရဖို႔ ကၽြန္ေတာ့္မွာ လံုေလာက္တဲ့ကံေကာင္းမႈေတြရခဲ့လို႔ပါ။ကစားသမားအေနနဲ႔ေျပာရရင္ေတာ့ အေကာင္းဆံုးတစ္ေယာက္ျဖစ္လာေစခဲ့တဲ့ ဂြါဒီယိုလာရွိစဥ္ကာလေတြပါပဲ ’’
အဆိုးရြားဆံုးအခိုက္အတန္႔
“ ၂၀၁၃နဲ႔၂၀၁၄ ေပါ့ဗ်ာ။၂လ ၃လ ေလာက္နားရတဲ့ ဒဏ္ရာမ်ိဳး ကၽြန္ေတာ္ရခဲ့တယ္။အဲဒီေနာက္ ျပန္ေကာင္းလာဖို႔ အာဂ်င္တီးနားကို ကၽြန္ေတာ္သြားခဲ့တယ္ ”
အေကာင္းဆံုးဂိုး
“ ေရာမမွာ ေခါင္းတိုက္သြင္းႏိုင္ခဲ့တဲ့ ဂိုးေပါ့။အဲဒါ ကၽြန္ေတာ္တို႔ကို ခ်န္ပီယံလိဂ္ဖလား ရေစခဲ့တယ္ ”
ရင္ဆိုင္ရအခက္ဆံုးေနာက္တန္း
“ အထူးျခားဆံုး တစ္ခုကိုေျပာတာလား။ကၽြန္ေတာ္မသိပါဘူး။ခက္ခဲတဲ့ၿပိဳင္ဘက္ေတြအမ်ားႀကီးနဲ႔ ကၽြန္ေတာ္တို႔ ရင္ဆိုင္ခဲ့ဖူးတယ္။အဂၤလိပ္အသင္းေတြကေတာ့ အၿမဲတမ္းရင္ဆိုင္ရခက္တာပဲ။ဒါေၾကာင့္ ဒီအသင္းေတြထဲက တစ္ခုကိုေတာ့ ကၽြန္ေတာ္မေျပာႏိုင္ပါဘူး ”
အေကာင္းဆံုးၿပိဳင္ဘက္
“ စပိန္လက္ေရြးစင္အသင္းပါ။မက္ဒရစ္မွာ ကၽြန္ေတာ္တို႔ ေျခစမ္းပြဲတစ္ပြဲ ကစားခဲ့ၾကတယ္။အာဂ်င္တီးနားကို မာရာဒိုနာတာ၀န္ယူစဥ္ေပါ့။၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ကစားတဲ့အဲဒီပြဲ(အလြန္ဆိုရဲ႕သြင္းဂိုး ၂ဂိုးနဲ႔စပိန္ႏိုင္ၿပီး မက္ဆီက ၁ဂိုးသြင္းေပးခဲ့ )ဟာ ၿပိဳင္ဘက္ေၾကာင့္ ကၽြန္ေတာ္ အံ့အားသင့္ခဲ့ရတဲ့ပြဲတစ္ပြဲပါပဲ။ေနာက္ဆံုးရင္ဆိုင္ခဲ့ၾကတဲ့ ပြဲ( လိုပီတီဂြီရဲ႕စပိန္က ၆-၁ဂိုးနဲ႔ႏိုင္ )မွာေတာ့ ကၽြန္ေတာ္မကစားျဖစ္ခဲ့ဘူး။အဲဒီပြဲကလည္း ကၽြန္ေတာ့္ကို အမွတ္ရေစတာပါပဲ ”
အေကာင္းဆံုးပြဲ
“ ကၽြန္ေတာ္တို႔ ၂-၀ဂိုးနဲ႔ႏိုင္တဲ့ ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပါ။အဲဒီပြဲ ( ရီးရဲလ္ကိုေမာ္ရင္ညိဳကိုင္္တြယ္စဥ္ ၂၀၁၀-၁၁ ရာသီမွာ ကစားခဲ့ၾက ) ကေတာ့ ၿပိဳင္ဘက္ကင္းပါပဲ ”
မလိုခ်င္တဲ့ အသင္းေဖာ္
“ ႀကံဳဆံုခဲ့တဲ့ အသင္းေဖာ္တိုင္းနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳး ကၽြန္ေတာ္ အၿမဲတမ္းရွိခဲ့ပါတယ္။အ၀တ္လဲခန္းမွာ ကၽြန္ေတာ့္အေၾကာင္းကို အဆိုးေတြခ်ည္းပဲ ဘယ္သူမဆို ေျပာမယ္လို႔လည္း ကၽြန္ေတာ္မထင္ပါဘူး ”
အေကာင္းဆံုးနည္းျပ
“ ဂြါဒီယိုလာေပါ့ဗ်ာ။သူက အေကာင္းဆံုးပါပဲ။အင္းနရစ္နဲ႔လည္း သိပ္ကိုရင္းႏွီးပါတယ္ ”