စိတ်ကြီးဝင်မှုအတွက် မန်ယူနဲ့ပွဲမှာပြန်ပေးဆပ်ခဲ့ရတာလို့ ဒယ်လီအလီဖွင့်ဟ

December 5, 2019 admin 0

နည်းပြသစ်မော်ရင်ညိုနဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲရခဲ့တာကြောင့် စိတ်ကြီးဝင်ခဲ့မှုအတွက် မန်ယူနဲ့ပွဲမှာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ စပါးကွင်းလယ်ကြယ်ပွင့်ဒယ်လီအလီက ဖွင့်ဟလိုက်ပါတယ်။ပြီးခဲ့တဲ့လက ပိုချက်တီနိုနေရာကိုဆက်ခံခဲ့ပြီးတဲ့နောက် မော်ရင်ညိုဟာ စပါးနည်းပြဘ၀ ပထမဆုံး ၃ပွဲလုံး အနိုင်ရအာင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ မနေ့က အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ်အပြန်ခရီးမှာတော့ ၂-၁ဂိုးနဲ့ရှုံးနိမ့်ပြီး နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရတာပါ။ ရက်ရှ်ဖို့ဒ်ရဲ့အစောပိုင်းသွင်းဂိုးကို ပထမပိုင်းမပြီးခင်မှာ အလီကပြန်လည်ချေပပေးခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ပင်နယ်တီကတစ်ဆင့် အင်္ဂလန်တိုက်စစ်မှူးကပဲ အနိုင်ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။အသင်းရဲ့စိတ်ပျက်စရာကောင်းတဲ့ကစားပုံဟာ […]

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အတောင့်တင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားမယ့် လီဗာပူး

December 5, 2019 admin 0

လီဗာပူးအသင်းဟာ ဒီလထဲမှာကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မျှော်လင့်ထားတဲ့အတိုင်း သူတို့ရဲ့အတောင့်တင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားတော့မှာပါ။ချန်ပီယံလိဂ်ဖလားပိုင်ရှင်လီဗာပူးဟာ အက်စ်တွန်ဗီလာနဲ့လိဂ်ဖလားကွာတားဖိုင်နယ်ကစားအပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့ရောက်ရင် ကာတာမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ရက်ပိုင်းအတွင်းမှာ ပြိုင်ပွဲနှစ်ရပ်ယှဉ်ပြိုင်ဖို့နဲ့ပတ်သက်ပြီး ပွဲဇဉ်ဇယားရေးဆွဲမှုအပေါ် နည်းပြဂျာဂင်ကလော့ပ်က အစောပိုင်းမှာဝေဖန်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အသင်းနှစ်သင်းခွဲပြီး ပြိုင်ပွဲနှစ်ရပ်လုံးကို ယှဉ်ပြိုင်သွားမယ့်အကြောင်း ဂျာမန်သားကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ မူလစီစဉ်ထားတဲ့အတိုင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး […]

အာဖရိကအကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၁၀ဦးကို အာဖရိကဘောလုံးအဖွဲ့ချုပ်တရားဝင်ကြေညာ

December 4, 2019 admin 0

၂၀၁၉ခုနှစ်အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၁၀ဦး အမည်စာရင်းကို အာဖရိကဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပါပြီ။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ရက်နေ့တုန်းက ပဏာမ အယောက် ၃၀ စာရင်းကိုကြေညာခဲ့ပြီး အခုအချိန်မှာတော့ နောက်ဆုံးအဆင့်ရောက်ရှိလာတဲ့ ၁၀ယောက်ကို ရွေးချယ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ချန်ပီယံလိဂ်သူရဲကောင်းနှစ်ဦးဖြစ်တဲ့ လီဗာပူးက ဆာလက်နဲ့မာနေးတို့က ဒီစာရင်းမှာ ဦးဆောင်နေပါတယ်။ ဆာလက်နဲ့မာနေးဟာ ပြီးခဲ့တဲ့နှစ်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းနဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ကြသူတွေပါ။ဂါဘွန်တိုက်စစ်မှူးအူဘာမီယန်းလည်း ဆန်ကာတင် […]

ဂျူဗီနဲ့အတူနောက်ထပ်ရွှေဘောလုံးဆုယူဖို့ စီရော်နယ်ဒိုဆန္ဒရှိနေ

December 4, 2019 admin 0

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘဲ ဂျူဗီနဲ့အတူ နောက်ထပ် ရွှေဘောလုံးဆု(Ballon d’Or )ကိုဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဂျူဗင်တပ်အားကစားဒါရိုက်တာ ပါရာတီစီရဲ့အမြင်ဖြစ်ပြီး စီရော်နယ်ဒိုအနေနဲ့ ၂၀၂၀ ခုနှစ်၊ နွေရာသီအထိ တူရင်မှာဆက်ရှိနေမယ်ဆိုတာ ယုံကြည်နေတယ်လို့ပြောဆိုလိုက်ကြောင်း Sky Sport Italia ကဖော်ပြလိုက်တာဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့ နည်းပြဆာရီတို့ဟာ လတ်တလောမှာ […]

အသင်းရဲ့ပေါ်လစီနဲ့မကိုက်ဘူးလို့ ဘရူနိုနဲ့ပတ်သက်ပြီး မော်ရင်ညိုအတိအလင်းငြင်း

December 4, 2019 admin 0

စပါးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ဖွံ့ဖြိုးပြီးသားကစားသမားကို ဈေးကွက်အတွင်းငွေကြေးအများကြီးသုံးစွဲပြီး ခေါ်ယူမှာမဟုတ်ဘူးလို့ နည်းပြမော်ရင်ညိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စပို့တင်းလစ္စဘွန်းကွင်းလယ်ကြယ်ပွင့်ဘရူနိုဖာနန်ဒက်စ်ကို စပါးခေါ်ယူလိမ့်မယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားရဲ့လက်ရှိအဆင့်အတန်းနဲ့ပြောင်းရွှေ့ကြေးဟာ စပါးအသင်းရဲ့ပေါ်လစီနဲ့မကိုက်ညီဘူးလို့ မော်ရင်ညိုက အတိအလင်းပြောလိုက်တာဖြစ်ပါတယ်။ စပါးဟာ ပြီးခဲ့တဲ့နွေဈေးကွက်ကစပြီး ပေါ်တူဂီကွင်းလယ်လူကိုခေါ်ယူဖို့ချိတ်ဆက်ခဲ့ပေမယ့် ဘရူနိူဖာနန်ဒက်စ်ဟာ စပို့တင်းနဲ့သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာကြောင့် သူ့ရဲ့စာချုပ်ဖျက်ကြေးဟာ ပေါင် ၆၅သန်းကနေ ပေါင် ၈၅သန်းအထိ မြင့်တက်သွားခဲ့ပါတယ်။ဒါကြောင့် […]

ဒီအချိန်မှာ ချန်ပီယံအကြောင်းတွေးရင် ရူးသွပ်မှုပဲဖြစ်လိမ့်မယ်လို့ ဂွါဒီယိုလာဖွင့်ဟလိုက်

December 4, 2019 admin 0

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ လီဗာပူးအသင်းပြတ်ပြတ်သားသား ဦးဆောင်နေပေမယ့် ချန်ပီယံအဖြေထုတ်ဖို့တော့ စောလွန်းနေသေးတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဂွါဒီယိုလာရဲ့မန်စီးတီးဟာ ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်မှာ နယူးကာဆယ်နဲ့သရေကျခဲ့ပေမယ့် ကြားရက်ပွဲစဉ်မှာတော့ ဘန်လေကို ၄-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့် မာဆေးဆိုက်ဒါဘီပွဲနွှဲရမယ့် လီဗာပူးနဲ့အမှတ်ကွာဟမှုကို ၈မှတ်အထိလျှော့ချနိုင်ခဲ့သလို ဒီအချိန်မှာ ချန်ပီယံအကြောင်းတွေးရင် ရူးသွပ်မှုတစ်ခုသာဖြစ်လိမ့်မယ်လို့ စပိန်သားနည်းပြက ဖွင့်ဟလိုက်တာပါ။ “ချန်ပီယံဆုအတွက်ပြီးဆုံးသွားပါပြီ။ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ပါပြီလို့ ပြောသံမကြားမိသေးပါဘူး။ ဒါ ပြီးသွားပြီတဲ့လား။ […]

ဘောလုံးသမိုင်းထဲက အကောင်းဆုံးတစ်ယောက်လို့ မက်ဆီကို လီဝန်ဒေါစကီးဂုဏ်ပြု

December 3, 2019 admin 0

ရွှေဘောလုံးဆု(Ballon d’Or)ကို ၆ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးသွားခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ဘောလုံးသမိုင်းထဲက အကောင်းဆုံးတစ်ယောက်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးက ချီးကျူးစကားဆိုလိုက်ပါတယ်။မက်ဆီဟာ ပြိုင်ဘက်လီဗာပူးနောက်ခံလူဗန်ဒိုက်စ်နဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကိုကျော်ဖြတ်ပြီး ပါရီဆုပေးပွဲမှာအောင်ပွဲခံနိုင်ခဲ့ပါတယ်။ပိုလန်တိုက်စစ်မှူးကတော့ အကောင်းဆုံးစာရင်းမှာ နံပါတ် ၈နေရာသာချိတ်ခဲ့တာပါ။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာလွှမ်းမိုးနိုင်ခဲ့တဲ့ မက်ဆီရဲ့အောင်မြင်မှုအတွက် “ သူဟာ ကြီးမြတ်တဲ့ကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်။ ဂုဏ်ယူပါတယ်ဆိုတာလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ဒါဟာ သူ့အတွက် […]

မန်ယူပရိသတ်တွေရဲ့ နွေးထွေးစွာကြိုဆိုမှုကို မော်ရင်ညိုရလိမ့်မယ်လို့ ဆိုးလ်ရှားယုံကြည်

December 3, 2019 admin 0

အိုးလ်ထရက်ဖို့ဒ်အလည်ခရီးမှာ မန်ယူပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုမှုကို မော်ရင်ညိုရရှိလိမ့်မယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။ပေါ်တူဂီသားဟာ ၂၀၁၈ ဒီဇင်ဘာလမှာ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကို ပြိုင်ဘက်အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြန်လာရတော့မှာပါ။သူဟာ ပိုချက်တီနိုကိုထုတ်ပယ်အပြီး တစ်ရက်အတွင်းဖြစ်တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ စပါးနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး ပြိုင်ပွဲစုံ ၃ပွဲဆက်အနိုင်ရအောင် စွမ်းဆောင်ထားပါတယ်။ မန်ယူနည်းပြအဖြစ်တာဝန်ယူစဉ် ၂နှစ်ခွဲကာလမှာတော့ မော်ရင်ညိုဟာ လိဂ်ဖလားနဲ့ယူရိုပါလိဂ်ဖလားတွေရယူပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့အိပ်မက်ကဇာတ်ခုံအပြန်ခရီးဟာ […]

ဒီလော်ရန်တစ်ရဲ့ အာဏာရှင်ဆန်ဆန်အပြစ်ပေးမှုကို FIFPro ကန့်ကွက်

December 2, 2019 admin 0

ကစားသမားတွေကို အိမ်ပြန်ခွင့်ပိတ်ပင်ပြီး လေ့ကျင့်ရေးဆက်ဆင်းခိုင်းတဲ့နာပိုလီရဲ့ပြစ်ဒဏ်ကို နိုင်ငံတကာပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(FIFPro)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ဒီပြစ်ဒဏ်ကို ပြီးခဲ့တဲ့တစ်လကျော်လောက်က အိမ်ကွင်းမှာ ဆဲလ်ဘတ်နဲ့သရေကျတဲ့ချန်ပီယံလိဂ်ပွဲအပြီး စိတ်ဆိုးနေတဲ့နာပိုလီအသင်းပိုင်ရှင်ဒီလော်ရန်တစ်က ချမှတ်ခဲ့တာဖြစ်ပါတယ်။ “ နာပိုလီဟာ သူတို့ရဲ့ကစားသမားတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ လစာငွေလျှော့ချဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ကစားသမားတွေကို အိမ်ပြန်ခွင့်မပေးဘဲ မိသားစုနဲ့ဆုံတွေ့ခွင့်ကိုတားဆီးခဲ့တဲ့ နာပိုလီရဲ့သီးခြားဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိပါဘူး။တစ်ခြားအလုပ်သမားတွေလိုပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေမှာ လေးစားရမယ့် လူနေမှုဘဝကိုယ်စီရှိကြပါတယ်။အထူးသဖြင့် ပွဲစဉ်တွေကျပ်တည်းနေတဲ့ ဒီနေ့ဘောလုံးလောကမှာ […]

မော်ရင်ညိုနဲ့ပြန်ဆုံရမယ့်ပွဲမှာ ပေါ့ဘာပြန်ကစားနိုင်ဖို့ ဆိုးလ်ရှားမျှော်လင့်

December 2, 2019 admin 0

လာမယ့်ကြားရက်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲမှာ ပေါ့ဘာ ဒါမှမဟုတ် တွန်မီနေးလ်တို့ထဲက တစ်ယောက်ယောက် ဒဏ်ရာကနေပြန်ကစားနိုင်စေချင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက မျှော်လင့်နေကြောင်းသိရပါတယ်။ပေါ့ဘာနဲ့အသင်းဖော်ကွင်းလယ်လူတွန်မီနေးလ်တို့ဟာ ဒဏ်ရာပြသနာကြောင့် အက်စ်တွန်ဗီလာနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေညပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ကြပါဘူး။ပြင်သစ်ကြယ်ပွင့်ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက မန်ယူအတွက် မကစားနိုင်ခဲ့တာဖြစ်ပြီး တွန်မီနေးလ်ကလည်း ဘရိုက်တန်ကိုအနိုင်ရတဲ့ပွဲမှာ အလားတူဒဏ်ရာမျိုးရရှိသွားခဲ့တာပါ။ ဒီပွဲဟာ မန်ယူအနေနဲ့ သူတို့ရဲ့နည်းပြဟောင်းမော်ရင်ညိုကို အိုးလ်ထရက်ဖို့ဒ်မှာ […]