ပြီးခဲ့တဲ့ဇန်နဝါရီကမှ ဒေါ့မန်ကိုအငှားသွားပြီး ပထမဆုံးချန်ပီယံလိဂ်ဂိုးသွင်းနိုင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်

ပြီးခဲ့တဲ့အင်္ဂါည ဒေါ့မန်ရဲ့ချန်ပီယံလိဂ်နိုင်ပွဲက ဂိုးသွင်းခဲ့ကြသူတွေထဲမှာ

သရဲနီတွေတင်မဟုတ်ဘဲ ခြင်္သေ့ပြာတစ်ယောက်လည်း ပါဝင်နေပါတယ်။

နောက်ခံလူအီယန်မတ်ဆင်ဟာ အက်သလက်တီကိုကို အနိုင်ရခဲ့တဲ့ပွဲမှာ

ဒေါ့မန်အတွက် အရေးပါတဲ့ဂိုးတစ်ဂိုးကို သွင်းပေးခဲ့တာပါ။

ဒေါ့မန်ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ ပြန်လည်ဦးဆောင်နိုင်စေမယ့်ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၂ နှစ်အရွယ် နယ်သာလန်သားနောက်ခံလူအစွန်လူဟာ ၂၀၁၈ ကတည်းက ချဲလ်ဆီးလူငယ်

အသင်းကိုရောက်လာခဲ့ပြီး ၂၀၁၉ မှာ ချဲလ်ဆီးအသင်းကြီးပွဲဦးထွက်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့ အဲဒီတုန်းက ချဲလ်ဆီးအသင်းကြီးမှာ လူစားဝင်အနေနဲ့သာ ကန်ရပြီး အဲဒီနောက်ပိုင်း

တောက်လျှောက်အငှားထွက်နေခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် အင်္ဂလန်တတိယတန်းဖြစ်တဲ့ လိဂ်-၁ မှာ အငှားထွက်ကစားခဲ့ရသလို

ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုအချိန်မှာ မတ်ဆင်ဟာ ချန်ပီယံရှစ်ကစားနေတဲ့

ဘန်လေမှာ အငှားထွက်ကစားနေခဲ့ရတာပါ။

အဲဒီတုန်းကဆို တစ်ရာသီအတွင်း နေရာလိုက်အကောင်းဆုံးအသင်းမှာ

ဘယ်နောက်ခံလူအနေနဲ့ ပါဝင်ခဲ့ပါတယ်။

အဲဒါကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီမှာတော့ အလားအလာရှိတဲ့ မတ်ဆင်ကို ချဲလ်ဆီးက ၂၀၂၆ အထိ

စာချုပ်သက်တမ်းတိုးပြီး ရာသီကုန်အထိ ဒေါ့မန်မှာ အငှားချခဲ့တာပါ။

အက်သလက်တီကိုနဲ့ပွဲက သွင်းဂိုးဟာလည်း မတ်ဆန်ရဲ့ကစားသမားဘ၀

ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။