ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဟယ်ရီကိန်းကို ကျော်တက်သွားတဲ့ အမ်ဘက်ပီ

တိုက်စစ်မှုးအမ်ဘက်ပီဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့မှာ

သူ့ရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကို ဆီမီးတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ပထမအကျော့တုန်းက ဂိုးပေါက်တည့် ၁ ကြိမ်တောင် မရှိခဲ့တဲ့ ကစားသမားဟာ စပိန်က

ဒုတိယအကျော့မှာတော့ နှစ်ကျော့ပေါင်းရလဒ် ၄-၄ ဖြစ်နေချိန် ပီအက်စ်ဂျီအတွက်

နောက်တစ်ဆင့်တက်စေမယ့် ၂ ဂိုးစလုံးကို ဆက်တိုက်သွင်းပေးခဲ့တာပါ။

အဲဒီသွင်းဂိုး ၂ ဂိုးကြောင့်လည်း ဒီရာသီချန်ပီယံလိဂ်မှာ အမ်ဘက်ပီရဲ့

သွင်းဂိုးအရေအတွက်ဟာ ၈ ဂိုး ရှိသွားခဲ့ပါတယ်။

အဲဒါကြောင့်လည်း အမ်ဘက်ပီဟာ ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ

၇ ဂိုးသွင်းထားတဲ့ ဟယ်ရီကိန်းကိုကျော်တက်ပြီး ထိပ်ဆုံးရောက်လာတာပါ။

ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အမ်ဘက်ပီဟာ မန်စီးတီးက

ဟာလန်းထက်လည်း ၂ ဂိုးပိုများပါတယ်။

ဒီရာသီ ပြိုင်ပွဲအရပ်ရပ် ၄၂ ပွဲမှာလည်း အမ်ဘက်ပီရဲ့သွင်းဂိုးအရေအတွက်ဟာ ၄၁ ဂိုးရှိသွားတာပါ။

အဲဒါကြောင့်လည်း ဒီရာသီထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ဂိုး ၄၀ ပြည့် ပထမဆုံးကစားသမားဖြစ်လာပါတယ်။

အမ်ဘက်ပီဟာ ဒီရာသီ လီဂူးမှာလည်း ၂၄ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးပေးထားတာပါ။

သူဟာ ပြင်သစ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့မှာတော့ ၈ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။

အမ်ဘက်ပီအနေနဲ့ ပဲရစ်က သူ့ရဲ့နောက်ဆုံးရာသီမှာ ပီအက်စ်ဂျီအတွက် အကောင်းဆုံးစွမ်းဆောင်

ပေးနေတာပါ။