ပြိုင်ဘက်တိုက်စစ်မှူးရဲ့ခေါင်းကို ကရာတေးကစ် ကန်ချက်နဲ့ ခြေစွမ်းပြခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့ အဲရစ်ဘိုင်လီ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

အဲရစ်ဘိုင်လီက ကင်မရွန်းနဲ့ပွဲမှာ မထင်မှတ်တဲ့ ဖြတ်ထုတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲဖြစ်တဲ့ အုပ်စု (D) က အိုင်ဗရီကို့စ်နဲ့ ကင်မရွန်းတို့ရဲ့ပွဲက ပွဲချိန် (၆၀)မိနစ်မှာ ဘိုင်လီဟာ ဂိုးဧရိယာထိပ်စည်းနား ဘောလုံးယှဉ်လုစဉ် ပြိုင်ဘက်ကစားသမား ခေါင်းမတိုက်နိုင်အောင် ကရာတေးကစ် ကန်ချက်နဲ့ ခုန်ပျံပြီးခေါင်းကိုကန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက် အတွက်ကစားရတဲ့ ပွဲတွေမှာအကောင်းဆုံးပုံစံပြသနိုင်လို့ ယူနိုက်တက် ပရိသတ်ရဲ့မေတ္တာရရှိခဲ့တဲ့ဘိုင်လီဟာ ဒီရာသီမှာတော့ ရာဖေးလ်ဗာရိန်း ရောက်လာမှုနဲ့ အတူ ပွဲထွက်ကစားခွင့် ရရှိရေးကပိုပြီး ရုန်းကန်ရပါတော့မယ်။

ဒဏ်ရာမကြာခဏရရှိပြီး ခြေစွမ်းမတည် ဖြစ်နေတဲ့ အဲရစ်ဘိုင်လီဟာ အိုင်ဗရီကို့စ် အတွက် ကစားစဉ် မှာသူ့ရဲ့ရူးမိုက်တဲ့လုပ်ရပ်ကြောင့် အသင်းဟာ အနိုင်ရနေရာကနေ နိုင်ပွဲ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရပါတယ်။

အသက်၂၇နှစ်ရှိနောက်ခံလူဟာမြှောက်တက်နေတဲ့ဘောလုံးကိုမမှီဘဲခုန်ကန်ခဲ့ရာမှာဘောလုံးကို မထိဘဲ ကင်မရွန်း တိုက်စစ်မှူး ကားလ်တိုကို အီကမ်ဘီ ရဲ့ခေါင်းကိုသာကန်မိခဲ့ပါတယ်။

အဲ့အချိန်မှာအိုင်ဗရီကို့စ်ဟာ ကင်မရာကို၂-ဝဂိုးဖြင့်ဦးဆောင်နေခဲ့တာဖြစ်ပြီး ဘိုင်လီရဲ့ ရူးမိုက်တဲ့လုပ်ရပ်ကြောင့် အိုင်ဗရီကို့စ်တို့ ပင်နယ်တီပေးခဲ့ရပါတယ်။

ကွင်းလယ်ဒိုင်ကလည်း သူ့ကို အဝါကဒ်ပြသခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကံကောင်းစွာနဲ့ပဲ (၂-၁)ရလဒ်နဲ့ အိုင်ဗရီကို့စ်ဟာ အနိုင်ကိုထိန်းထားနိုင်ခဲ့ပြီး အုပ်စု(D)ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘိုင်လီဟာဂျပန်အိုလံပစ်ပြိုင်ပွဲတုန်းကစပိန်နှင့်ကွာတားဖိုင်နယ်ပွဲမှာအသင်းအတွက်ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် လည်း အချိန်ပိုမှာ အမှားကြီး နှစ်ခု လုပ်မိကာ ချေပဂိုးနဲ့ အနိုင်ဂိုး ပေးရမှုနဲ့ အတူ ဟီးရိုးမှဇီးရိုးဘဝကို ရောက်ခဲ့ရသူ ဖြစ်ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi





