လာပေါ်တီရဲ့ဂိုးနဲ့ အယ်နာဆာနိုင်ခဲ့ပေမယ့် ၃ ပွဲဆက် ဂိုးပေါက်ပျောက်၊ ဂိုးဖန်တီးမရှိခဲ့ CR7

စနေညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်အဝေးကွင်းပွဲမှာ အယ်နာဆာဟာ အယ်ခါလက်ကို

တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲက အယ်နာဆာတိုက်စစ်မှာ ပွဲပယ်ပြစ်ဒဏ်စေ့သွားတဲ့

စီရော်နယ်ဒိုလည်း ပြန်လည် ပါဝင်လာခဲ့တာပါ။

ပေါ်တူဂီကြယ်ပွင့်ဟာ ပွဲအစ ၁၅ မိနစ်မှာတင် ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့်

သူသွင်းတဲ့ဂိုးက လူကျွံတယ်ဆိုပြီး ပယ်ချခံခဲ့ရပါတယ်။

အယ်နာဆာက ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို စီရော်နယ်ဒိုကလည်း

အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း ၆၈ မှာတော့ နောက်ခံလူလာပေါ်တီက အယ်နာဆာအတွက်

တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲချိန်နှောင်းပိုင်း ၈၂ မိနစ်မှာ ကောင်တာကနေ

၂-၀ ဖြစ်စေနိုင်တဲ့အခွင့်အရေးကောင်းရခဲ့ပေမယ့် ဘေးကန်မိခဲ့တာပါ။

နောက်ဆုံးမှာ အယ်နာဆာ ၂ ပွဲဆက်နိုင်ခဲ့ပေမယ့် စီရော်နယ်ဒိုကတော့

၃ ပွဲဆက် ဂိုးပေါက်ပျောက်မှုနဲ့ ကြုံခဲ့ရပါတယ်။

၃၉ နှစ်အရွယ် ကစားသမားဟာ အယ်နာဆာအတွက် သူ့ရဲ့နောက်ဆုံး ၃ ပွဲစလုံးမှာ

ဂိုးပေါက်ပျောက်ရုံတင် မဟုတ်ဘဲ ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

သူဟာ ဧပြီလအတွင်းက အယ်နာဆာအသင်းရဲ့ပွဲတွေထဲမှာ တစ်ပွဲပဲ ဂိုးသွင်းနိုင်ခဲ့တာပါ။

အဲဒီတစ်ပွဲက အက်ဘ်ဟာနဲ့ပွဲဖြစ်ပြီး အဲဒီတုန်းက ပထမပိုင်း ၄၅ မိနစ်မှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။