တန်ဖိုးမဖြတ်နိုင်တဲ့ တစ်မှတ်ကို မန်ယူဆီက မရမက ယူသွားတဲ့ ဘန်လေ

ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲမှာ မန်ယူဂိုးသမား အိုနာနာဟာ နမော်နမဲ့ အမှားလုပ်မိခဲ့တဲ့အတွက်

မန်ယူအသင်းကို အကျိုး ယုတ်စေခဲ့ပြီး ပြိုင်ဘက်အသင်းကတော့

တန်ဖိုးမဖြတ်နိုင်တဲ့ ရမှတ်တစ်မှတ်ကို အရယူသွားနိုင်ခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ

ဦးတည်ရာမဲ့နေတဲ့ အသင်းမျိုး ဖြစ်ပေမဲ့ လည်း တိုက်စစ်မှူး အန်တိုနီရဲ့ သွင်းဂိုးကြောင့် အနိုင်ရတော့မလို ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ဘောလုံးကို လက်သီးနဲ့ ထိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့နေရာမှာ ပြိုင်ဘက်ကစားသမားရဲ့ မျက် နှာကို

တည့်တည့်ထိသွားလို့ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် မန်ယူဟာ ဘန်လေကို ၁-၁ ဂိုးပဲ ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ မန်ယူအတွက် အကောင်းဆုံး လုပ်ပြခဲ့ တာက အိုနာနာဖြစ်ပြီး

ဖွန်ဖာနာရဲ့ အပိုင်ကန်ချက် တစ်ကြိမ်ကို အရင်ဆုံး ကာကွယ် သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပင်နယ်တီဧရိယာ အပြင်ဘက်က အိုဒိုဘာ့တ်ရဲ့ ဝေ့ ဝိုက်ကန်ချက်ကိုလည်း

အိုနာနာကပဲ ပုတ်ထုတ် ကာကွယ်သွားခဲ့တာပါ။

နောက်ပြီး ကူလန် မြေမကျဘော ကန်တဲ့ အလုံးကို ဖော်စတာ အနီးကပ် လမ်းကြောင်းလွှဲ

ခေါင်းတိုက် သွင်းတဲ့နေရာမှာ အိုနာနာ ပုတ်ထုတ်ကာကွယ်သွားတာက

ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဂိုးမျိုးကို လက်စွမ်းပြပြီး ကာကွယ် သွားတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူဟာ ဂိုးဖန်တီးခွင့်တွေ ပိုလုပ်လာခဲ့ပြီး နည်းပြကွန်ပနီရဲ့ အသင်းဘက်ကို

ဖိအားပေး ကစားလာတာကြောင့် ဘန်လေက ခံစစ် အသွင်ဖြစ်သွားခဲ့ရတယ်။

ဒါကြောင့် ပွဲချိန် ၇၉ မိနစ်မှာ ဘန်လေနောက်ခံလူ ဆန်ဒါဘာ့ဂျ် နောက်ကို ပြန်ပြီး

ပေးတဲ့ ဘောလုံးကို အန်တိုနီက အတင်းပြေးဝင်လုပြီး ဂိုးသမားရဲ့ ဘယ်ဘက်

အောက်ခြေထောင့်ထဲကို ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာပါ။

ဒီသွင်းဂိုးကြောင့် မန်ယူဟာ နိုင်ပွဲ ရတော့မလို ဖြစ်ခဲ့ပေမဲ့ ပွဲချိန် ၈၅ မိနစ် အရောက်မှာ

ဂိုးရှေ့ ရောက်လာ တဲ့ ဘောလုံးကို လက်သီးနဲ့ ပုတ်ထုတ်ပစ်ဖို့ ကြိုးစားတဲ့ အိုနာနာဟာ ဘောလုံးကို မထိဘဲ

ပြိုင်ဘက် တိုက်စစ်မှူး ကာလာဂျာဒစ်ရဲ့ မျက်နှာကို ထိသွားခဲ့တာပါ။

ဒီဖြစ်ရပ်ကို ကွင်း လယ်ဒိုင်က ချက်ချင်း မမြင်လိုက်ပေမဲ့

VAR ပြန်ကြည့်ပြီးတဲ့နောက် ပင်နယ်တီ သတ်မှတ် လိုက်တာပါ။

ဒီပင်နယ်တီကို ဘန်လေရဲ့ လူစားဝင် ကစားသမား အမ်ဒူနီက ဂိုးအဖြစ် ပြောင်းလဲလိုက်တဲ့အတွက်

မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်မှာ သရေတစ်မှတ်ပဲ ရခဲ့တာဖြစ် ပါတယ်။

ဒီပွဲမှာ ဘန်လေဟာ အနိုင်ရဖို့ ၁၇ ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်ပေမဲ့လည်း ဘောလုံး ပိုင်ဆိုင်မှု ၅၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး

ဂိုးကန်ချက် ၁၆ ကြိမ် လုပ်နိုင်ခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ၇ ကြိမ်အထိ ရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။

တန်ဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ နည်းပြကွန်ပနီရဲ့ အသင်းဟာ အခုလို သရေတစ်မှတ် ရသွားတဲ့အတွက်

ဒီရမှတ်ဟာ သူတို့အတွက်တော့ တန်ဖိုးဖြစ်လို့မရတဲ့ ရမှတ် ၁ မှတ် ဖြစ်ခဲ့ပါတယ်။