၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းတချို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှုအများဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လာမယ့် ၂၀၂၁-၂၂ ရာသီအတွက် ပွဲစဉ်ဇယားတွေကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

လာမယ့်သြဂုတ်လ(၁၄)ရက်မှာ စတင်ကျင်းပမယ့် ပရီးမီးယားလိဂ်ရာသီသစ်ဟာ ပွဲစဉ်(၁)မှာကတည်းက စိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေပါဝင်နေပြီး လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ အဝေးကွင်းမှာ စပါးအသင်းနဲ့စတင်ကစားရမှာပါ။

ပြီးခဲ့တဲ့ရာသီက အဆင့်(၂)နေရာနဲ့ကျေနပ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ လိဒ်စ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်လို့ တာထွက်ကောင်းဖို့ရှိနေပြီး

လီဗာပူးလ်က မနှစ်က ချန်ပီယံရှစ်မှာဗိုလ်စွဲခဲ့တဲ့ နောဝစ်ချ်နဲ့ အဝေးကွင်း၊ ချယ်လ်ဆီးက ပဲလေ့စ်နဲ့အိမ်ကွင်း၊ အာဆင်နယ်က တန်းတက်အသင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းတွေမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းတချို့ကို ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . .

မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်ပေါင်း(၅၀)ကျော်အကြာမှ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ လိဒ်စ်အသင်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာပါ။

ဒီနှစ်သင်းဟာ ၁၉၇၀-၇၁ ရာသီတုန်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆုံတွေ့ခဲ့ကြပြီး လိဒ်စ်အသင်းက မစ်ခ်ဂျုံးစ်ရဲ့ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါတယ်။

အခုတစ်ချိန်မှာလည်း ထူးထူးခြားခြားအဖြစ် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဒီနှစ်သင်း ရာသီအဖွင့်ပွဲအဖြစ်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

စပါးအသင်းနဲ့ပွဲကျပ်ကစားရမယ့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကစလို့ (၁၀)ရာသီအတွင်း ပရီးမီးယားလိဂ်အဖွင့်ပွဲတွေမှာ တစ်ခါမှမရှုံးခဲ့ပါဘူး။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ (၁၀)ရာသီဆက်တိုက် ရာသီအဖွင့်ပွဲမရှုံးခဲ့တာက အက်စတွန်ဗီလာ (၁၈၉၁-၉၂ ကနေ ၁၉၀၀-၀၁)တစ်သင်းသာရှိပြီး

တကယ်လို့ မန်စီးတီးအသင်းဟာ လာမယ့်ရာသီအဖွင့်ပွဲမှာ စပါးအသင်းကို မရှုံးခဲ့ရင် စံချိန်သစ်တင်နိုင်မှာပါ။

အခုမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဘရန့်ဖို့ဒ်အသင်းဟာ အဖွင့်ပွဲမှာ အာဆင်နယ်နဲ့ဆုံတွေ့ရမှာဖြစ်ပြီး

ဒီပွဲက ဘရန့်ဖို့ဒ်အသင်းအတွက် (၇၄)နှစ်အကြာမှ ပြန်ကစားခွင့်ရခဲ့တဲ့ အဆင့်မြင့်တန်း(ပရီးမီးယးလိဂ်)ပွဲစဉ်ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ ၁၉၄၇၊ မေလမှာ အဲဒီအချိန်က အင်္ဂလန်ပထမတန်းပွဲအဖြစ် အာဆင်နယ်နဲ့နောက်ဆုံးကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ နှစ်ပေါင်းများစွာစောင့်ခဲ့ရပြီးမှ အခု ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတာပါ။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ အဆင့်မြင့်တန်းပြန်တက်ဖို့ နှစ်အကြာကြီးစောင့်ခဲ့ရတာက ဘရန့်ဖို့ဒ်အသင်းပဲဖြစ်ပြီး ၁၉၂၂ ကနေ ၁၉၉၉ ခုနှစ်အထိ (၇၇)နှစ်ကြာမြင့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လီဗာပူးလ်က တန်းတက်ကလပ်ပဲဖြစ်တဲ့ နောဝစ်ချ်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့်

ဒါဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ (၃)ရာသီဆက်တိုက် တန်းတက်ကလပ်တွေနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၉-၂၀ ရာသီမှာ အခုရင်ဆိုင်ရမယ့် နောဝစ်ချ်ကို (၄-၁)ဂိုး၊ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာ လိဒ်စ်အသင်းကို (၄-၃)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲနဲ႔ပတ္သက္တဲ့ မွတ္တမ္းတခ်ိဳ႕

ကမာၻေပၚမွာ ပရိသတ္အားေပးမႈအမ်ားဆုံးနဲ႔ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးလိဂ္ၿပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ လာမယ့္ ၂၀၂၁-၂၂ ရာသီအတြက္ ပြဲစဥ္ဇယားေတြကို ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။ လာမယ့္ၾသဂုတ္လ(၁၄)ရက္မွာ စတင္က်င္းပမယ့္ ပရီးမီးယားလိဂ္ရာသီသစ္ဟာ ပြဲစဥ္(၁)မွာကတည္းက စိတ္ဝင္စားစရာေကာင္းတဲ့ပြဲေတြပါဝင္ေနၿပီး လက္ရွိခ်န္ပီယံမန္စီးတီးအသင္းဟာ အေဝးကြင္းမွာ စပါးအသင္းနဲ႔စတင္ကစားရမွာပါ။

ၿပီးခဲ့တဲ့ရာသီက အဆင့္(၂)ေနရာနဲ႔ေက်နပ္ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ အိမ္ကြင္းမွာ လိဒ္စ္နဲ႔ယွဥ္ၿပိဳင္ရမွာျဖစ္လို႔ တာထြက္ေကာင္းဖို႔ရွိေနၿပီး လီဗာပူးလ္က မႏွစ္က ခ်န္ပီယံရွစ္မွာဗိုလ္စြဲခဲ့တဲ့ ေနာဝစ္ခ်္နဲ႔ အေဝးကြင္း၊ ခ်ယ္လ္ဆီးက ပဲေလ့စ္နဲ႔အိမ္ကြင္း၊ အာဆင္နယ္က တန္းတက္အသင္းျဖစ္တဲ့ ဘရန႔္ဖို႔ဒ္ကို အေဝးကြင္းေတြမွာရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲနဲ႔ပတ္သက္တဲ့ မွတ္တမ္းတခ်ိဳ႕ကို ပရိသတ္ေတြသိရွိႏိုင္ေအာင္ ေဖာ္ျပလိုက္ပါတယ္ . .

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ႏွစ္ေပါင္း(၅၀)ေက်ာ္အၾကာမွ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ လိဒ္စ္အသင္းနဲ႔ ျပန္လည္ဆုံေတြ႕ခဲ့တာပါ။ ဒီႏွစ္သင္းဟာ ၁၉၇၀-၇၁ ရာသီတုန္းက ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲအျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဆုံေတြ႕ခဲ့ၾကၿပီး လိဒ္စ္အသင္းက မစ္ခ္ဂ်ဳံးစ္ရဲ႕ဂိုးနဲ႔ အႏိုင္ယူခဲ့ဖူးပါတယ္။ အခုတစ္ခ်ိန္မွာလည္း ထူးထူးျခားျခားအျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ဒီႏွစ္သင္း ရာသီအဖြင့္ပြဲအျဖစ္ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ဘယ္လိုရလဒ္ထြက္လာမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

စပါးအသင္းနဲ႔ပြဲက်ပ္ကစားရမယ့္ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့ ၂၀၁၁-၁၂ ရာသီကစလို႔ (၁၀)ရာသီအတြင္း ပရီးမီးယားလိဂ္အဖြင့္ပြဲေတြမွာ တစ္ခါမွမရႈံးခဲ့ပါဘူး။ အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းမွာ (၁၀)ရာသီဆက္တိုက္ ရာသီအဖြင့္ပြဲမရႈံးခဲ့တာက အက္စတြန္ဗီလာ (၁၈၉၁-၉၂ ကေန ၁၉၀၀-၀၁)တစ္သင္းသာရွိၿပီး တကယ္လို႔ မန္စီးတီးအသင္းဟာ လာမယ့္ရာသီအဖြင့္ပြဲမွာ စပါးအသင္းကို မရႈံးခဲ့ရင္ စံခ်ိန္သစ္တင္ႏိုင္မွာပါ။ အခုမွ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတဲ့ ဘရန႔္ဖို႔ဒ္အသင္းဟာ အဖြင့္ပြဲမွာ အာဆင္နယ္နဲ႔ဆုံေတြ႕ရမွာျဖစ္ၿပီး ဒီပြဲက ဘရန႔္ဖို႔ဒ္အသင္းအတြက္ (၇၄)ႏွစ္အၾကာမွ ျပန္ကစားခြင့္ရခဲ့တဲ့ အဆင့္ျမင့္တန္း(ပရီးမီးယးလိဂ္)ပြဲစဥ္ျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းဟာ ၁၉၄၇၊ ေမလမွာ အဲဒီအခ်ိန္က အဂၤလန္ပထမတန္းပြဲအျဖစ္ အာဆင္နယ္နဲ႔ေနာက္ဆုံးကစားခဲ့ၿပီး (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ထိပ္တန္းအဆင့္ကို ျပန္ေရာက္ဖို႔ ႏွစ္ေပါင္းမ်ားစြာေစာင့္ခဲ့ရၿပီးမွ အခု ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတာပါ။ အဂၤလန္အမွတ္ေပးၿပိဳင္ပြဲသမိုင္းမွာ အဆင့္ျမင့္တန္းျပန္တက္ဖို႔ ႏွစ္အၾကာႀကီးေစာင့္ခဲ့ရတာက ဘရန႔္ဖို႔ဒ္အသင္းပဲျဖစ္ၿပီး ၁၉၂၂ ကေန ၁၉၉၉ ခုႏွစ္အထိ (၇၇)ႏွစ္ၾကာျမင့္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံေဟာင္း လီဗာပူးလ္က တန္းတက္ကလပ္ပဲျဖစ္တဲ့ ေနာဝစ္ခ်္နဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ဒါဟာ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ (၃)ရာသီဆက္တိုက္ တန္းတက္ကလပ္ေတြနဲ႔ ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ၂၀၁၉-၂၀ ရာသီမွာ အခုရင္ဆိုင္ရမယ့္ ေနာဝစ္ခ်္ကို (၄-၁)ဂိုး၊ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမွာ လိဒ္စ္အသင္းကို (၄-၃)ဂိုးရလဒ္ေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။