မန်ယူကစားသမားဘ၀ အန်တိုနီဂိုးဖန်တီးနိုင်ခဲ့တာထက် နှစ်ဆကို တစ်ပွဲတည်းလုပ်ပြခဲ့တဲ့ဒိုကူ

မန်ချက်စတာမြို့မှာ အခြေစိုက်ကစားနေတဲ့ တောင်ပံကစားသမားချင်းတော့တူပေမယ့်

သက်ဆိုင်ရာအသင်းတွေအတွက် ဒိုကူနဲ့အန်တိုနီတို့ကြားက

စွမ်းဆောာင်ရည်ကတော့ ဆီနဲ့ရေလို ကွာနေပါတယ်။

မန်စီးတီးတောင်ပံကစားသမားဒိုကူဟာ ဘုန်းမောက်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့တာပါ။

အသက် ၂၀ အရွယ် ဘယ်လ်ဂျီယံသားဟာ ဘုန်းမောက်နဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့သလို

ဂိုးဖန်တီးမှုချည်း ၄ ကြိမ်တောင် လုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာတစ်ဖက်ခြမ်းက အန်တိုနီဆိုရင် ၂၀၂၂ နွေကတည်းက

အိုးလ်ထရက်ဖို့ဒ်ကိုရောက်နေပေမယ့် မန်ယူကစားဘဝမှာ

အခုချိန်ထိ ဂိုးဖန်တီးမှု ၂ ကြိမ်သာ ရှိထားတာပါ။

ဒိုကူကတော့ တစ်ပွဲတည်းမှာတင် ဂိုးဖန်တီးမှုချည်း ၄ ကြိမ်တောင် လုပ်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း စနေညက မန်စီးတီးရဲ့နိုင်ပွဲဟာ ဒိုကူရဲ့Show ပွဲလို့တောင် တင်စားနေကြတာပါ။

ဒိုကူဟာ ပရီးမီးယားလိဂ်သမိုင်းမှာဆို တစ်ပွဲတည်း ဂိုးဖန်တီး ၄ ကြိမ်လုပ်နိုင်ခဲ့တဲ့

၈ ယောက်မြောက်ကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် အဲဒီမန်စီးတီးတောင်ပံကစားသမားဟာ စနေညမှာ ပရီးမီးယားလိဂ်စံချိန်နှစ်ခု ရသွားခဲ့တာပါ။

ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာ ၄ ဂိုးဖန်တီးတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာ

ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်ရှိတဲ့အသက်အငယ်ဆုံးကစားသမားလည်း ဖြစ်လာပါတယ်။

တစ်ဖက်မှာ အန်တိုနီကတော့ ဒီရာသီမှာ ဂိုးမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုလည်း မရှိသေးပါဘူး။