ဘွန်ဒက်စ်လီဂါက လီဝန်ဒေါစကီးရဲ့စံချိန်တွေကို ခြိမ်းခြောက်နေတဲ့ မရပ်တန့်နိုင်ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာ သူ့ရဲ့ပထမဆုံးဂျာမန်အယ်ကလက်စီကိုမှာပဲ ဟက်ထရက်သွင်းကာ သူဟာ ဘွန်ဒက်စ်လီဂါကိုရောက်လာတဲ့

ဂိုးသွင်းဘုရင်တစ်ယောက်ဆိုတာ ထပ်မံသက်သေပြလိုက်ပါတယ်။

စနေညက ဒေါ့မန်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိန်းရဲ့အဆုံးသတ်သေချာမှုတွေက ပွဲရဲ့အဆုံးအဖြတ်ဖြစ်ခဲ့တာပါ။

ဒေါ့မန်နဲ့ပွဲက ဟက်ထရစ်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဟယ်ရီကိန်းရဲ့ ၃ ကြိမ်မြောက်ဟက်ထရစ်လည်း ဖြစ်လာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ၁၀ ပွဲပဲရှိသေးပေမယ့် ဟက်ထရစ် ၃ ကြိမ်ဆိုတာက အတော်ကြမ်းသွားတာပါ။

ဒါ့အပြင် ဟယ်ရီကိန်းဟာ အဲဒီဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာတင် ၁၅ ဂိုးရှိသွားပါပြီ။

တစ်နည်းအားဖြင့် စပါးကြယ်ပွင့်ဟောင်းဟာ ဘွန်ဒက်စ်လီဂါသမိုင်းရဲ့စံချိန်တစ်ခုကို ချိုးနိုင်ခဲ့ပါတယ်။

အဲဒါကတော့ ဦးဆုံးဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာတင် ၁၅ ဂိုးသွင်းတဲ့ ပထမဆုံးကစားသမားဖြစ်လာတာပါ။

အင်္ဂလန်ကပ္ပတိန်ဟာ ဒီ့အရင်ဘွန်ဒက်စ်ပွဲတွေမှာလည်း တခြားဂိုးသွင်းစံချိန်တွေ ချိုးထားပါသေးတယ်။

ဒီပုံအတိုင်းဆိုရင် ဘွန်ဒက်စ်လီဂါသမိုင်းမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးဆိုတဲ့

လီဝန်ဒေါစကီးရဲ့ ၄၁ ဂိုးစံချိန်ဟာလည်း မျက်ခုံးလှုပ်နေတာပါ။

တစ်ချိန်တည်းမှာပဲ ဟယ်ရီကိန်းဟာ လီဝန်ဒေါစကီးထက် ပိုကောင်းတယ်ဆိုတဲ့အသံတွေ

ဆိုရှယ်မီဒီယာထက်မှာ ထွက်ပေါ်လာပါတယ်။