နည်းပြက ပွဲပယ်ထိလားလို့ ၂၆ နှစ်အရွယ် ညီဖြစ်သူကိုင်တော့လည်း လီဂူးမှာနိုင်ပွဲရခဲ့တဲ့ ရိမ်းစ်

ပြင်သစ်လီဂူး-၁ ကလပ် ရိမ်းစ်ဟာ နောက်ထပ်လူငယ်နည်းပြတစ်ယောက်ကို စင်တင်ပေးနိုင်ခဲ့ပါတယ်။

အဲဒီလူငယ်နည်းပြက ပြီးခဲ့တဲ့ရာသီမှာ ပရိသတ်တွေ သတိထားမိသွားကြတဲ့

ဝီလ်စတေးလ်ရဲ့ညီဖြစ်တဲ့ နီကိုလက်စ်စတေးလ်ပါ။

ရိမ်းစ်အသင်းကို ကိုင်တွယ်နေတဲ့ ၃၁ နှစ်အရွယ် နည်းပြဝီလ်စတေးလ်ဟာ

နန်တက်စ်နဲ့အဝေးကွင်းပွဲကို အနီးကပ်ကြီးကြပ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီတော့ သူက ညီဖြစ်တဲ့ ၂၆ နှစ်အရွယ် နီကိုလက်စ်စတေးလ်ကို

ကွင်းဘေးက ကြီးကြပ်ဖို့ တာဝန်လွှဲအပ်ခဲ့ပါတယ်။

နီကိုလက်စ်စတေးလ်ကလည်း ပေးလာတဲ့တာဝန်ကို ကျေပွန်အောင်

ထမ်းဆောင်နိုင်ခဲ့ပြီး အဝေးကွင်းမှာ ရန်းနက်စ်ကို ၁-၀ နဲ့ အနိုင်ရစေခဲ့တာပါ။

ဘယ်လ်ဂျီယံမှာမွေးတဲ့ အင်္ဂလန်သားဝီလ်စတေးလ်ဟာ ၂၀၂၂ အောက်တိုဘာကမှ

ရိမ်းစ်အသင်းကို စတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

Football Manager ဂိမ်းကစားရင်း နည်းပြလောကထဲဝင်ရောက်လာခဲ့ကာ

လီဂူး-၁ အသင်းတစ်သင်းမှာ ခန့်အပ်ခံရဆိုတော့ အားလုံးအတွက် အံ့သြစရာဖြစ်ခဲ့ရတာပါ။

ထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ အသက်အငယ်ဆုံးနည်းပြလည်းဖြစ်ခဲ့တဲ့ ဝီလ်စတေးလ်ကလည်း

နောက်ထပ်အံ့သြဖွယ်ရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီလီဂူးမှာဆို ရိမ်းစ်ဟာ ၁၈ ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး

ထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ူအရှည်ကြာဆုံးရှုံးပွဲမရှိတဲ့အသင်းဖြစ်ခဲ့တာပါ။

ဒါ့အပြင် ဝီလ်စတေးလ်ဟာ ယူအီးအက်ဖ်အေရဲ့ပရိုလိုင်စင်မရှိတာကြောင့်

သူကိုင်တဲ့ပွဲတိုင်းမှာ ရိမ်းစ်ဟာ ဒဏ်ကြေးစောင့်ခဲ့ရပါတယ်။