VAR ေၾကာင့္ ၁ဂိုးျငင္းဆန္ခံခဲ့ရေပမယ့္ အေ၀းကြင္းမွာ ၅ဂိုးျပတ္အႏုိင္ယူၿပီး ၿပိဳင္ဘက္ေတြကို သတိေပးလုိက္တဲ့ မန္စီးတီး

Photo Credit

Photo Credit ; Getty Images

၃ႏွစ္ဆက္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနတဲ့စီးတီးဟာ ဒီပြဲမွာလည္း ကစားရခက္တဲ့၀က္စ္ဟမ္းကို အေ၀းကြင္းမွာ ၅ဂိုးျပတ္အႏိုင္ယူကာ ခ်န္ပီယံဆုစိန္ေခၚမယ့္အသင္းေတြကို သတိေပးလိုက္ပါတယ္။

Photo Credit

ဒီပြဲမွာ VAR က အျငင္းပြားစရာျဖစ္ခဲ့ၿပီး မန္စီးတီးအတြက္ ဂ်ီးဆပ္စ္က တတိယေျမာက္ဂိုးသြင္းယူခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ေဆးလ္ဗားရဲ႕ေပးပုိ႔မႈကို စတာလင္း လက္ခံရယူခ်ိန္မွာ မီလီမီတာေလာက္လူကၽြံေနခဲ့တာျဖစ္ကာ စတာလင္းရဲ႕ေပးပုိ႔မႈကေန ဂ်ီးဆပ္စ္က သြင္းခဲ့တာျဖစ္ပါတယ္။

Photo Credit

ပြဲစကတည္းက စီးတီးကပဲ ဖိအားေပးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆မိနစ္မွာ ညာဘက္ကေန မာရက္ဇ္ရဲ႕ဘယ္ေျခနဲ႔ကန္သြင္းခ်က္ကို ၀က္စ္ဟမ္းဂိုးသမား ကာကြယ္ႏိုင္ခဲ့သလို ေနာက္ ၂မိနစ္အၾကာမွာ မာရက္ဇ္ရဲ႕ေပးပုိ႔မႈကို ကုိက္ ၂၀အကြာကေန ေဒးဗစ္ေဆးလ္ဗား ကန္သြင္းတာလည္း အနီးတုိင္ေထာင့္ရဲ႕ေဘးကေန ကပ္ထြက္သြားလုိ႔ စီးတီးနစ္နာခဲ့ရပါတယ္။

Photo Credit

ပြဲခ်ိန္ ၂၅မိနစ္မွာေတာ့ ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ညာေနာက္ခံလူ ေ၀ၚလ္ကာရဲ႕ျဖတ္တင္ေဘာကေန ဂ်ီးဆပ္စ္က စီးတီးအတြက္ ဦးေဆာင္ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ကာ ပြဲခ်ိန္ ၃၄မိနစ္မွာ ၀က္စ္ဟမ္းတုိက္စစ္မွဴးသစ္ ေဟာ္လာ ေနာက္ျပန္ကန္ခ်က္နဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ စီးတီးဂိုးသမား အီဒါဆန္ အလြယ္တကူကာကြယ္ႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၅၁မိနစ္မွာေတာ့ ၿပိဳင္ဘက္ကစားသမားေတြကုိ ေက်ာ္ျဖတ္လာတဲ့ ဒီဘ႐ိုင္း အသာထုိးေပးလုိက္တာကို ကြန္ျမဴနတီဒိုင္းပြဲတုန္းက အသင္းေဟာင္းဘက္ကို ဂိုးသြင္းယူႏုိင္တဲ့စတာလင္းက ကန္သြင္းယူႏိုင္ခဲ့လုိ႔ စီးတီး ဒုတိယေျမာက္ဂိုးရရွိခဲ့ၿပီး ေနာက္ ၃မိနစ္အၾကာမွာ ဂ်ီးဆပ္စ္ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ ဖန္တီးေပးတဲ့ စတာလင္း လူကၽြံေနတယ္လုိ႔ VAR နဲ႔ျပန္ၾကည့္ကာ ဆုံးျဖတ္ခဲ့လုိ႔ စီးတီးလည္း နစ္နာခဲ့ရပါတယ္။

Photo Credit ; Reuters

စီးတီးအတြက္ လက္က်န္သြင္းဂုိးေတြကိုေတာ့ ပြဲခ်ိန္ ၇၅မိနစ္၊ ၈၆မိနစ္နဲ႔ ၉၁မိနစ္ေတြမွာ စတာလင္း(၂ဂိုး)နဲ႔ လူစား၀င္တုိက္စစ္မွဴး အဂြဲ႐ိုးတို႔က အသီးသီးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ဟက္ထရစ္ရွင္ စတာလင္းနဲ႔အၿပိဳင္ မာရက္ဇ္လည္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့သလို အဂြဲ႐ိုးရဲ႕ပင္နယ္တီသြင္းဂိုးကလည္း သူ႕ေၾကာင့္ရရွိခဲ့တာျဖစ္ပါတယ္။

Photo Credit ; Reuters

Unicode

VAR ကြောင့် ၁ဂိုးငြင်းဆန်ခံခဲ့ရပေမယ့် အဝေးကွင်းမှာ ၅ဂိုးပြတ်အနိုင်ယူပြီး ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ မန်စီးတီး

၃နှစ်ဆက်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့စီးတီးဟာ ဒီပွဲမှာလည်း ကစားရခက်တဲ့ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၅ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံဆုစိန်ခေါ်မယ့်အသင်းတွေကို သတိပေးလိုက်ပါတယ်။
ဒီပွဲမှာ VAR က အငြင်းပွားစရာဖြစ်ခဲ့ပြီး မန်စီးတီးအတွက် ဂျီးဆပ်စ်က တတိယမြောက်ဂိုးသွင်းယူခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဆေးလ်ဗားရဲ့ပေးပို့မှုကို စတာလင်း လက်ခံရယူချိန်မှာ မီလီမီတာလောက်လူကျွံနေခဲ့တာဖြစ်ကာ စတာလင်းရဲ့ပေးပို့မှုကနေ ဂျီးဆပ်စ်က သွင်းခဲ့တာဖြစ်ပါတယ်။
ပွဲစကတည်းက စီးတီးကပဲ ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၆မိနစ်မှာ ညာဘက်ကနေ မာရက်ဇ်ရဲ့ဘယ်ခြေနဲ့ကန်သွင်းချက်ကို ဝက်စ်ဟမ်းဂိုးသမား ကာကွယ်နိုင်ခဲ့သလို နောက် ၂မိနစ်အကြာမှာ မာရက်ဇ်ရဲ့ပေးပို့မှုကို ကိုက် ၂၀အကွာကနေ ဒေးဗစ်ဆေးလ်ဗား ကန်သွင်းတာလည်း အနီးတိုင်ထောင့်ရဲ့ဘေးကနေ ကပ်ထွက်သွားလို့ စီးတီးနစ်နာခဲ့ရပါတယ်။
ပွဲချိန် ၂၅မိနစ်မှာတော့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ညာနောက်ခံလူ ဝေါ်လ်ကာရဲ့ဖြတ်တင်ဘောကနေ ဂျီးဆပ်စ်က စီးတီးအတွက် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ကာ ပွဲချိန် ၃၄မိနစ်မှာ ဝက်စ်ဟမ်းတိုက်စစ်မှူးသစ် ဟော်လာ နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် စီးတီးဂိုးသမား အီဒါဆန် အလွယ်တကူကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၁မိနစ်မှာတော့ ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်လာတဲ့ ဒီဘရိုင်း အသာထိုးပေးလိုက်တာကို ကွန်မြူနတီဒိုင်းပွဲတုန်းက အသင်းဟောင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့စတာလင်းက ကန်သွင်းယူနိုင်ခဲ့လို့ စီးတီး ဒုတိယမြောက်ဂိုးရရှိခဲ့ပြီး နောက် ၃မိနစ်အကြာမှာ ဂျီးဆပ်စ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးပေးတဲ့ စတာလင်း လူကျွံနေတယ်လို့ VAR နဲ့ပြန်ကြည့်ကာ ဆုံးဖြတ်ခဲ့လို့ စီးတီးလည်း နစ်နာခဲ့ရပါတယ်။
စီးတီးအတွက် လက်ကျန်သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇၅မိနစ်၊ ၈၆မိနစ်နဲ့ ၉၁မိနစ်တွေမှာ စတာလင်း(၂ဂိုး)နဲ့ လူစားဝင်တိုက်စစ်မှူး အဂွဲရိုးတို့က အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဟက်ထရစ်ရှင် စတာလင်းနဲ့အပြိုင် မာရက်ဇ်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သလို အဂွဲရိုးရဲ့ပင်နယ်တီသွင်းဂိုးကလည်း သူ့ကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။