
photo-daily mail
photo-gettyimages
မန်ယူဟာ အကောင်းဆုံးပုံစံမှာ မရှိခဲ့ပေမယ့်လည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို အနိုင်ယူပြီး အရေးပါတဲ့နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒီရာသီ ချဲလ်ဆီးနဲ့ပြိုင်ပွဲအရပ်ရပ်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာ နိုင်ခဲ့တာဖြစ်ပြီး အခုနိုင်ပွဲကြောင့်လည်း အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်သာကွာပါတော့တယ်။ ဒါပေမဲ့လည်း မန်ယူရဲ့ဒီနိုင်ပွဲမှာ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်တွေက စိုးမိုးသွားခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးဘက်ကတော့ မမျှတတဲ့ဆုံးဖြတ်ချက်တွေလို့ ထင်မှတ်စရာဖြစ်ခဲ့တာပါ။
photo-gettyimages
မန်ယူအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပြီးကာနီးလေးမှာပဲ ဘစ်ဆာကာရဲ့ဖြတ်တင်ဘောကနေ တိုက်စစ်မှုးမာရှယ်က ခေါင်းတိုက်သွင်းခဲ့တာပါ။ ပြီးတော့ မန်ယူရဲ့ဒုတိယဂိုးက ဒုတိယပိုင်း ၆၆ မိနစ်အရောက်မှာ ဖာနန်ဒက်စ်တင်ပေးတဲ့ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင်မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းခဲ့တာပါ။ ဒါပေမဲ့ မက်ဂွိုင်းယားဟာ ပထမပိုင်းမှာ အနီကတ်နဲ့အထုတ်ခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့ပြီး သူဟာ ချဲလ်ဆီးဘက်က ဘတ်ရှုယီရဲ့ပေါင်ခြံကို ကန်မိခဲ့ပြီး VAR ကြည့်ခဲ့ပေမယ့် အနီကတ်မဟုတ်ဘူးလို့ ဆုံးဖြတ်ခံခဲ့ရတာပါ။ အဲဒါဟာ အငြင်းပွားစရာတော့ ဖြစ်ခဲ့တာပါ။ ချဲလ်ဆီးဟာ ဒုတိယပိုင်းအစမှာ လူစားဝင်ဇူးမားရဲ့သွင်းယူမှုနဲ့ ၁-၁ ဖြစ်ပြီလို့ ထင်ခဲ့ရပေမယ့် VAR ကြည့်ပြီးတော့ ဘရန်ဒန်ဝီလျံကို အက်ပီလီကူတာက တွန်းတယ်ဆိုပြီး ပယ်ဖျက်ခံလိုက်ရပါတယ်။ အနှေးပြန်ပြတော့ ဖရက်ဒ်ရဲ့လက်ကလည်း အက်ပီလီကူတာရဲ့ကျောပေါ်ရောက်နေလို့ အငြင်းပွားစရာဖြစ်ခဲ့တာပါ။ ၇၆ မိနစ်မှာ ချဲလ်ဆီးဘက်က ဂီရော့ဒ်ရဲ့ခေါင်းတိုက်ဂိုးဟာလည်း VAR နဲ့ ပယ်ဖျက်ခံလိုက်ရပြီး ဒီတစ်ခါတော့ လူကျွံတယ်ဆိုတာနဲ့ပါ။
photo-gettyimages
ဘယ်လိုပဲဖြစ်ဖြစ် မန်ယူကတော့ အဆုံးသတ်သေချာမှုတွေနဲ့ ပေးဂိုးမဲ့နိုင်ပွဲတစ်ပွဲရသွားခဲ့ပါတယ်။ ဆိုးလ်ရှားအတွက် ပိုပြီးကျေနပ်စရာကတော့ ကစားသမားသစ်ဖာနန်ဒက်စ်ဟာ မန်ယူအတွက် သူ့ရဲ့ပထမဆုံးဂိုးဖန်တီးမှုကို ရရှိခဲ့တာပါ။ နောက်ထပ်ကစားသမားသစ်အစ်ဟာလိုကတော့ နာကျင်အချိန်ပိုမှာ မာရှယ်အစား လူစားဝင်ကစားခဲ့တာ တွေ့ရပါတယ်။
[Zawgyi]
VAR အကူအညီနဲ႔အတူ ဒီရာသီမွာ ခ်ဲလ္္ဆီးအေပၚ ဟက္ထရစ္ႏိုင္ပြဲရခဲ့တဲ့ မန္ယူ
မန္ယူဟာ အေကာင္းဆုံးပုံစံမွာ မရွိခဲ့ေပမယ့္လည္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးကို အႏိုင္ယူၿပီး အေရးပါတဲ့ႏိုင္ပြဲရရွိသြားခဲ့ပါတယ္။ ဒီရာသီ ခ်ဲလ္ဆီးနဲ႔ၿပိဳင္ပြဲအရပ္ရပ္ေတြ႕ဆုံမႈ ၃ ႀကိမ္စလုံးမွာ ႏိုင္ခဲ့တာျဖစ္ၿပီး အခုႏိုင္ပြဲေၾကာင့္လည္း အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္သာကြာပါေတာ့တယ္။ ဒါေပမဲ့လည္း မန္ယူရဲ႕ဒီႏိုိင္ပဲြမွာ အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ေတြက စုိးမိုးသြားခဲ့ပါတယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးဘက္ကေတာ့ မမွ်တတဲ့ဆုံးျဖတ္ခ်က္ေတြလို႔ ထင္မွတ္စရာျဖစ္ခဲ့တာပါ။
မန္ယူအတြက္ ဦးေဆာင္ဂိုးကို ပထမပိုင္းၿပီးကာနီးေလးမွာပဲ ဘစ္ဆာကာရဲ႕ျဖတ္တင္ေဘာကေန တိုက္စစ္မႈးမာရွယ္က ေခါင္းတုိက္သြင္းခဲ့တာပါ။ ၿပီးေတာ့ မန္ယူရဲ႕ဒုတိယဂိုးက ဒုတိယပိုင္း ၆၆ မိနစ္အေရာက္မွာ ဖာနန္ဒက္စ္တင္ေပးတဲ့ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားက ေခါင္းတိုက္သြင္းခဲ့တာပါ။ ဒါေပမဲ့ မက္ဂြိဳင္းယားဟာ ပထမပိုင္းမွာ အနီကတ္နဲ႔အထုတ္ခံရမယ့္အေရးကေန လြတ္ေျမာက္ခဲ့ၿပီး သူဟာ ခ်ဲလ္ဆီးဘက္က ဘတ္ရႈယီရဲ႕ေပါင္ၿခံကို ကန္မိခဲ့ၿပီး VAR ၾကည့္ခဲ့ေပမယ့္ အနီကတ္မဟုတ္ဘူးလို႔ ဆုံးျဖတ္ခံခဲ့ရတာပါ။ အဲဒါဟာ အျငင္းပြားစရာေတာ့ ျဖစ္ခဲ့တာပါ။ ခ်ဲလ္ဆီးဟာ ဒုတိယပိုင္းအစမွာ လူစား၀င္ဇူးမားရဲ႕သြင္းယူမႈနဲ႔ ၁-၁ ျဖစ္ၿပီလို႔ ထင္ခဲ့ရေပမယ့္ VAR ၾကည့္ၿပီးေတာ့ ဘရန္ဒန္၀ီလ်ံကို အက္ပီလီကူတာက တြန္းတယ္ဆိုၿပီး ပယ္ဖ်က္ခံလိုက္ရပါတယ္။ အေႏွးျပန္ျပေတာ့ ဖရက္ဒ္ရဲ႕လက္ကလည္း အက္ပီလီကူတာရဲ႕ေက်ာေပၚေရာက္ေနလုိ႔ အျငင္းပြားစရာျဖစ္ခဲ့တာပါ။ ၇၆ မိနစ္မွာ ခ်ဲလ္ဆီးဘက္က ဂီေရာ့ဒ္ရဲ႕ေခါင္းတုိက္ဂိုးဟာလည္း VAR နဲ႔ ပယ္ဖ်က္ခံလိုက္ရၿပီး ဒီတစ္ခါေတာ့ လူကၽြံတယ္ဆုိတာနဲ႔ပါ။
ဘယ္လုိပဲျဖစ္ျဖစ္ မန္ယူကေတာ့ အဆုံးသတ္ေသခ်ာမႈေတြနဲ႔ ေပးဂိုးမဲ့ႏိုင္ပြဲတစ္ပြဲရသြားခဲ့ပါတယ္။ ဆိုးလ္ရွားအတြက္ ပိုၿပီးေက်နပ္စရာကေတာ့ ကစားသမားသစ္ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးဖန္တီးမႈကို ရရွိခဲ့တာပါ။ ေနာက္ထပ္ကစားသမားသစ္အစ္ဟာလိုကေတာ့ နာက်င္အခ်ိန္ပိုမွာ မာရွယ္အစား လူစား၀င္ကစားခဲ့တာ ေတြ႕ရပါတယ္။