VAR သာမရှိရင် အဆင့်(၉)နေရာမှာသာရပ်တည်နေရမယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR နည်းစနစ်သာမသုံးခဲ့ရင် မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုထက်ပိုအခြေအနေဆိုးသွားဖို့ရှိနေပြီး အဆင့်(၉)နေရာမှာသာရပ်တည်နိုင်မယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)မှာ VAR ကြောင့် အပြောင်းအလဲဖြစ်ခဲ့တာက (၉)ကြိမ်အထိရှိခဲ့ပြီး

အဲဗာတန်-စပါးအသင်းတို့ကစားခဲ့တဲ့ပွဲမှာ အဲဗာတန်ကစားသမားဟိုးလ်ဂိတ်ကို ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးတော့ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။

ဒါ့အပြင် အဲဗာတန်အသင်းရမယ့်ပယ်နယ်တီကိုလည်း ဒိုင်လူကြီးခရစ္စကာဗန်နာက VAR နဲ့ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့သလို

အာဆင်နယ်-ဝက်ဖို့ဒ်ပွဲမှာ အာဆင်နယ်တိုက်စစ်ကစားသမားဆာကာရဲ့ ဂိုးကို လူကျွံဘောပေးခဲ့တာ၊ လိဒ်စ်-လက်စတာတို့ပွဲမှာ လွက်ခ်မန်းရဲ့ဂိုးကို VAR နဲ့ပယ်ဖျက်ခဲ့တာတွေရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ဟာ ပြီးခဲ့တဲ့ရာသီက ပွဲစဉ်(၂)ကိုကျော်လွန်ပြီးတော့ VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် အပြောင်းအလဲဖြစ်ခဲ့ရမှုအကြိမ်အများဆုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

တကယ်လို့ ဒီရာသီမှာ VAR စနစ်ကိုသာ မသုံးခဲ့ဘူးဆိုရင် စပါးအသင်းဟာ အဆင့်(၁၄)နေရာအထိကျဆင်းသွားမှာဖြစ်ပြီး

ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယားကို (၅)မှတ်ဖြတ်ဦးဆောင်နေမှာဖြစ်သလို အဆင့်(၂)နေရာမှာ ဝက်စ်ဟမ်းအသင်းရပ်တည်နိုင်မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိရပ်တည်နေတဲ့ အဆင့်(၆)နေရာထက် ပိုဆိုးရွားတဲ့ အဆင့်(၉)နေရာကို ကျဆင်းသွားမှာဖြစ်ပြီး မန်စီးတီးအသင်းက အဆင့်(၄)နေရာမှာသာရပ်တည်နိုင်မှာပါ။

ပွဲစဉ်(၁၁)မှာ VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် အပြောင်းအလဲဖြစ်ခဲ့တာက စံချိန်တင်အဖြစ်(၉)ကြိမ်အထိရှိခဲ့ပေမယ့်

ဒီရာသီပရီးမီးယားလိဂ်ပွဲပေါင်း(၁၁၀)ကစားပြီးချိန်မှာ VAR ပါဝင်ပတ်သက်ခဲ့တာက (၄၄)ကြိမ်သာရှိပြီး,ပြီးခဲ့တဲ့ရာသီက ပွဲစဉ်(၁၁)အပြီးမှာ အကြိမ်(၅၀)အထိရှိခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ VAR ရဲ့ဆုံးဖြတ်ချက်အပေါ် အရမ်းကြီးမှီခိုတာမျိုးမဟုတ်ဘဲ ကွင်းလယ်ဒိုင်တွေက ပယ်နယ်တီ၊ အနီကတ်ဖြစ်ရပ်တွေမှာ မသဲကွဲတဲ့အနေအထားရောက်မှ VAR ဒိုင်တွေဟာ ပါဝင်ကူညီတာနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

VAR သာမရွိရင္ အဆင့္(၉)ေနရာမွာသာရပ္တည္ေနရမယ့္ ယူႏိုက္တက္

ဒီရာသီ ပရီးမီးယားလိဂ္မွာ VAR နည္းစနစ္သာမသုံးခဲ့ရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုထက္ပိုအေျခအေနဆိုးသြားဖို႔ရွိေနၿပီး အဆင့္(၉)ေနရာမွာသာရပ္တည္ႏိုင္မယ္လို႔ ၿဗိတိန္သတင္းစာ The Sun ကေဖာ္ျပခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)မွာ VAR ေၾကာင့္ အေျပာင္းအလဲျဖစ္ခဲ့တာက (၉)ႀကိမ္အထိရွိခဲ့ၿပီး အဲဗာတန္-စပါးအသင္းတို႔ကစားခဲ့တဲ့ပြဲမွာ အဲဗာတန္ကစားသမားဟိုးလ္ဂိတ္ကို ဒိုင္လူႀကီးက VAR ျပန္ၾကည့္ၿပီးေတာ့ တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္ခဲ့ပါတယ္။

ဒါ့အျပင္ အဲဗာတန္အသင္းရမယ့္ပယ္နယ္တီကိုလည္း ဒိုင္လူႀကီးခရစၥကာဗန္နာက VAR နဲ႔ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့သလို အာဆင္နယ္-ဝက္ဖို႔ဒ္ပြဲမွာ အာဆင္နယ္တိုက္စစ္ကစားသမားဆာကာရဲ႕ ဂိုးကို လူကြၽံေဘာေပးခဲ့တာ၊ လိဒ္စ္-လက္စတာတို႔ပြဲမွာ လြက္ခ္မန္းရဲ႕ဂိုးကို VAR နဲ႔ပယ္ဖ်က္ခဲ့တာေတြရွိခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)ဟာ ၿပီးခဲ့တဲ့ရာသီက ပြဲစဥ္(၂)ကိုေက်ာ္လြန္ၿပီးေတာ့ VAR ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အေျပာင္းအလဲျဖစ္ခဲ့ရမႈအႀကိမ္အမ်ားဆုံးပြဲအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

တကယ္လို႔ ဒီရာသီမွာ VAR စနစ္ကိုသာ မသုံးခဲ့ဘူးဆိုရင္ စပါးအသင္းဟာ အဆင့္(၁၄)ေနရာအထိက်ဆင္းသြားမွာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းက အမွတ္ေပးဇယားကို (၅)မွတ္ျဖတ္ဦးေဆာင္ေနမွာျဖစ္သလို အဆင့္(၂)ေနရာမွာ ဝက္စ္ဟမ္းအသင္းရပ္တည္ႏိုင္မွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ လက္ရွိရပ္တည္ေနတဲ့ အဆင့္(၆)ေနရာထက္ ပိုဆိုး႐ြားတဲ့ အဆင့္(၉)ေနရာကို က်ဆင္းသြားမွာျဖစ္ၿပီး မန္စီးတီးအသင္းက အဆင့္(၄)ေနရာမွာသာရပ္တည္ႏိုင္မွာပါ။ ပြဲစဥ္(၁၁)မွာ VAR ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အေျပာင္းအလဲျဖစ္ခဲ့တာက စံခ်ိန္တင္အျဖစ္(၉)ႀကိမ္အထိရွိခဲ့ေပမယ့္ ဒီရာသီပရီးမီးယားလိဂ္ပြဲေပါင္း(၁၁၀)ကစားၿပီးခ်ိန္မွာ VAR ပါဝင္ပတ္သက္ခဲ့တာက (၄၄)ႀကိမ္သာရွိၿပီး,ၿပီးခဲ့တဲ့ရာသီက ပြဲစဥ္(၁၁)အၿပီးမွာ အႀကိမ္(၅၀)အထိရွိခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ VAR ရဲ႕ဆုံးျဖတ္ခ်က္အေပၚ အရမ္းႀကီးမွီခိုတာမ်ိဳးမဟုတ္ဘဲ ကြင္းလယ္ဒိုင္ေတြက ပယ္နယ္တီ၊ အနီကတ္ျဖစ္ရပ္ေတြမွာ မသဲကြဲတဲ့အေနအထားေရာက္မွ VAR ဒိုင္ေတြဟာ ပါဝင္ကူညီတာေနတာျဖစ္ပါတယ္။