VAR ရဲ့ဆုံးဖြတ်ချက်တွေအနက် အများဆုံးအကျိုးကျေးဇူးခံစားနေရတဲ့ ယူနိုက်တက်

Photo Credit

Photo Credit

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အဲဗာတန် ၁-၁ ယူနိုက်တက်ပွဲမှာ အဲဗာတန်အသင်းတိုက်စစ်မှူး ကယ်လ်ဗက်လီဝင်က ပွဲပြီးခါနီးမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ လူကျွံအနေအထားမှာ ရှိနေတဲ့ အဲဗာတန်ကွင်းလယ်လူ ဆီဂတ်ဆန်က ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့လမ်းကြောင်းကို ပိတ်ဆို့ထားတယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်စတင်အသုံးပြုခဲ့တဲ့ VAR ကြောင့် အကျိုးကျေးဇူးအများဆုံးရရှိတဲ့အသင်းအဖြစ် ရပ်တည်နေပြီး ယူနိုက်တက်ပွဲတွေမှာ VAR အဆုံးအဖြတ်ခံယူမှု ၉ကြိမ်ရှိခဲ့ရာမှာ တစ်ကြိမ်ပဲ ပြိုင်ဘက်အသင်းဘက် မျက်နှာသာပေးခဲ့ကာ ၈ကြိမ်က ယူနိုက်တက်ဘက် မျက်နှာသာပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ယူနိုက်တက်ရဲ့နောက်မှာ ဘရိုက်တန်အသင်းက +၇ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အဲဒီနောက် ပဲလေ့စ်၊ ဘန်လေနဲ့ ဆောက်သမ်တန်အသင်းတို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။

Photo Credit

ပြောင်းပြန်အနေနဲ့ တန်းတက်ရှက်ဖီးလ်ယူနိုက်တက်က VAR ရဲ့မျက်နှာသာမပေးမှုအများဆုံးအသင်းအဖြစ် -၆ ကြိမ်နဲ့ ရပ်တည်နေပြီး ဝုဗ်၊ နောဝစ်ချ်၊ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ကလည်း VAR ရဲ့ရိုက်ခတ်မှု ဆိုးဆိုးရွားရွားခံစားနေရပါတယ်။

Photo Credit

VAR ပါဝင်ပတ်သက်ခဲ့တဲ့ ယူနိုက်တက်ရဲ့ဒီရာသီ ပထမဆုံးပွဲက စက်တင်ဘာလအတွင်း အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းရဲ့သွင်းဂိုးဖြစ်ပြီး အစောပိုင်းက လူကျွံဘောဖြစ်နေတယ်ဆိုကာ ဂိုးမပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Photo Credit

အဲဒီနောက်တော့ VAR နဲ့ အဆုံးအဖြတ်ခံယူတိုင်း ယူနိုက်တက်အသင်း အသာရခဲ့ပြီး ပထမဆုံးအနေနဲ့ အောက်တိုဘာလ ၂၀ရက်နေ့က လီဗာပူးတိုက်စစ်မှူး မာနေးရဲ့ဂိုးကို လက်ထိဘောအဖြစ် ဆုံးဖြတ်ကာ VAR က ဂိုးအဖြစ် ခွင့်မပြုခဲ့တာပါ။

Photo Credit

အောက်တိုဘာလ ၂၇ရက်နေ့က နောဝစ်ချ်နဲ့ပွဲမှာ VAR ရဲ့ဆုံးဖြတ်မှုနဲ့အတူ ယူနိုက်တက်အသင်း ပင်နယ်တီ ၂ကြိမ်အထိရရှိခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့ပင်နယ်တီကန်သွင်းချက်တွေ ဂိုးမဝင်ခဲ့ပါဘူး။

Photo Credit

ဒီဇင်ဘာလအတွင်း စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ VAR ရဲ့ဆုံးဖြတ်မှုနဲ့အတူ ပင်နယ်တီရရှိခဲ့ပြီး ဒီတစ်ခါတော့ ရက်ရှ်ဖို့ဒ်က ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာလည်း လီဗာပူးတိုက်စစ်မှူး ဖာမီနိုရဲ့ဂိုးကို VAR က ခွင့်မပြုခဲ့ဘဲ ဒီဂီယာကို ဗန်ဒိုက် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးကို ဝ-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ VAR က ၂ကြိမ်တိုင် ယူနိုက်တက်ဘက် မျက်နှာသာပေးခဲ့ပြီး ဇူးမားနဲ့ ဂီရော့ဒ်တို့ရဲ့ဂိုးတွေကို ခွင့်မပြုခဲ့တာပါ။ ဝက်ဖို့ဒ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဒီနေးက ၁-၁ ဂိုးဖြစ်စေမယ့်ချေပဂိုးသွင်းယူခဲ့ပေမယ့် ဒေါ်ဆင် လက်ထိဘောဖြစ်ခဲ့လို့ VAR က ငြင်းဆန်ခဲ့ပါတယ်။

Photo Credit

Zawgyi

VAR ရဲ႕ဆုံးျဖတ္ခ်က္ေတြအနက္ အမ်ားဆုံးအက်ိဳးေက်းဇူးခံစားေနရတဲ့ ယူႏုိက္တက္

ၿပီးခဲ့တ့ဲတနဂၤေႏြေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ အဲဗာတန္ ၁-၁ ယူႏုိက္တက္ပြဲမွာ အဲဗာတန္အသင္းတုိက္စစ္မွဴး ကယ္လ္ဗက္လီ၀င္က ပြဲၿပီးခါနီးမွာ ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ လူကၽြံအေနအထားမွာ ရွိေနတဲ့ အဲဗာတန္ကြင္းလယ္လူ ဆီဂတ္ဆန္က ယူႏုိက္တက္ဂိုးသမား ဒီဂီယာရဲ႕လမ္းေၾကာင္းကို ပိတ္ဆို႔ထားတယ္ဆုိၿပီး ဂိုးအျဖစ္ ခြင့္ျပဳေပးဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။
ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံးအႀကိမ္စတင္အသုံးျပဳခဲ့တဲ့ VAR ေၾကာင့္ အက်ိဳးေက်းဇူးအမ်ားဆုံးရရွိတဲ့အသင္းအျဖစ္ ရပ္တည္ေနၿပီး ယူႏုိက္တက္ပြဲေတြမွာ VAR အဆုံးအျဖတ္ခံယူမႈ ၉ႀကိမ္ရိွခဲ့ရာမွာ တစ္ႀကိမ္ပဲ ၿပိဳင္ဘက္အသင္းဘက္ မ်က္ႏွာသာေပးခဲ့ကာ ၈ႀကိမ္က ယူႏုိက္တက္ဘက္ မ်က္ႏွာသာေပးခဲ့တယ္လုိ႔ သိရပါတယ္။
ယူႏိုက္တက္ရဲ႕ေနာက္မွာ ဘ႐ိုက္တန္အသင္းက +၇ႀကိမ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး အဲဒီေနာက္ ပဲေလ့စ္၊ ဘန္ေလနဲ႔ ေဆာက္သမ္တန္အသင္းတို႔က အစဥ္အတုိင္း ရပ္တည္ေနပါတယ္။
ေျပာင္းျပန္အေနနဲ႔ တန္းတက္ရွက္ဖီးလ္ယူႏုိက္တက္က VAR ရဲ႕မ်က္ႏွာသာမေပးမႈအမ်ားဆုံးအသင္းအျဖစ္ -၆ ႀကိမ္နဲ႔ ရပ္တည္ေနၿပီး ၀ုဗ္၊ ေနာ၀စ္ခ်္၊ ၀က္စ္ဟမ္းနဲ႔ ခ်ဲလ္ဆီးတို႔ကလည္း VAR ရဲ႕႐ိုက္ခတ္မႈ ဆုိးဆုိးရြားရြားခံစားေနရပါတယ္။
VAR ပါ၀င္ပတ္သက္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ဒီရာသီ ပထမဆုံးပြဲက စက္တင္ဘာလအတြင္း အိုးထရက္ဖုိ႔ဒ္မွာ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္းရဲ႕သြင္းဂိုးျဖစ္ၿပီး အေစာပိုင္းက လူကၽြံေဘာျဖစ္ေနတယ္ဆုိကာ ဂိုးမေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဂိုးအျဖစ္ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ေတာ့ VAR နဲ႔ အဆုံးအျဖတ္ခံယူတုိင္း ယူႏုိက္တက္အသင္း အသာရခဲ့ၿပီး ပထမဆုံးအေနနဲ႔ ေအာက္တိုဘာလ ၂၀ရက္ေန႔က လီဗာပူးတုိက္စစ္မွဴး မာေနးရဲ႕ဂိုးကို လက္ထိေဘာအျဖစ္ ဆုံးျဖတ္ကာ VAR က ဂိုးအျဖစ္ ခြင့္မျပဳခဲ့တာပါ။
ေအာက္တုိဘာလ ၂၇ရက္ေန႔က ေနာ၀စ္ခ်္နဲ႔ပြဲမွာ VAR ရဲ႕ဆုံးျဖတ္မႈနဲ႔အတူ ယူႏုိက္တက္အသင္း ပင္နယ္တီ ၂ႀကိမ္အထိရရွိခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ရဲ႕ပင္နယ္တီကန္သြင္းခ်က္ေတြ ဂိုးမ၀င္ခဲ့ပါဘူး။
ဒီဇင္ဘာလအတြင္း စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာ ယူႏုိက္တက္ဟာ VAR ရဲ႕ဆုံးျဖတ္မႈနဲ႔အတူ ပင္နယ္တီရရွိခဲ့ၿပီး ဒီတစ္ခါေတာ့ ရက္ရွ္ဖုိ႔ဒ္က ကန္သြင္းယူႏိုင္ခဲ့ပါတယ္။ ဇန္န၀ါရီလမွာလည္း လီဗာပူးတုိက္စစ္မွဴး ဖာမီႏိုရဲ႕ဂိုးကို VAR က ခြင့္မျပဳခဲ့ဘဲ ဒီဂီယာကို ဗန္ဒိုက္ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။
ခ်ဲလ္ဆီးကို ၀-၂ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ VAR က ၂ႀကိမ္တုိင္ ယူႏုိက္တက္ဘက္ မ်က္ႏွာသာေပးခဲ့ၿပီး ဇူးမားနဲ႔ ဂီေရာ့ဒ္တုိ႔ရဲ႕ဂိုးေတြကို ခြင့္မျပဳခဲ့တာပါ။ ၀က္ဖုိ႔ဒ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဒီေနးက ၁-၁ ဂိုးျဖစ္ေစမယ့္ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ေဒၚဆင္ လက္ထိေဘာျဖစ္ခဲ့လုိ႔ VAR က ျငင္းဆန္ခဲ့ပါတယ္။