VAR မရှိတော့ မိုဘိုင်းဖုန်းအသုံးပြုပြီး ဂိုးမပေးတဲ့ အီဂျစ်ဒုတိယတန်းက ဒိုင်လူကြီး

ပြီးခဲ့တဲ့သောကြာက အီဂျစ်ဒုတိယတန်းပွဲစဉ်တစ်ပွဲမှာ အံ့အားသင့်စရာ

အခြေအနေတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ကွင်းလယ်ဒိုင်ဟာ

နောက်ကျဂိုးတစ်ဂိုးကို မိုဘိုင်းဖုန်းနဲ့ကြည့်ဆုံးဖြတ်ပြီး ပယ်ချလိုက်တာပါ။

အဲဒါက ဆူအက်ဇ်နဲ့ အယ်နက်တို့ရဲ့ပွဲမှာဖြစ်သွားခဲ့ပြီး ပွဲပြီးခါနီးမှာ

အယ်နက်က သူတို့ချေပဂိုးတစ်ဂိုးရပြီလို့ ထင်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ရှင်အသင်းက အဲဒါကို လက်ထိဘောဆိုပြီး ကန့်ကွက်ခဲ့တာပါ။

ပြသနာက အီဂျစ်ဒုတိယတန်းမှာ VAR မသုံးတဲ့အတွက် ဒီအငြင်းပွားဖွယ်

အနေအထားကို ဖြေရှင်းရခက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒိုင်လူကြီးက

ပရိသတ်တစ်ယောက်ရဲ့ဖုန်းထဲက ဒီဂိုးဗီဒီယိုကို အချိန်အတော်

ကြာကြာကြည့်ပြီး ဂိုးမပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

နာကျင်အချိန်ပို ၁၅ မိနစ်အထိပေးခဲ့တဲ့ အဲဒီပွဲမှာ နောက်ဆုံးတော့

ဆူအက်က ၃-၁ နဲ့ နိုင်သွားပါတယ်။ ပွဲပြီးတော့ အယ်နက်ကစားသမားတွေနဲ့

တာဝန်ရှိသူတွေက အပြင်းအထန်ကန့်ကွက်လို့ ကွင်းလယ်ဒိုင်ဟာ

ရဲအစောင့်အရှောက်နဲ့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။

ဒါ့အပြင် အယ်နက်အသင်းက စည်းမျဉ်းစည်းကမ်းတွေကို ခြိမ်းခြောက်လို့ဆိုပြီး

ဒိုင်ကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ အဲဒီသတင်းကိုကြည့်ပြီး

ပရိသတ်တစ်ယောက်က VAR pro- max လို့ အရွှန်းဖောက်ပါတယ်။

zawgyi

VAR မရွိေတာ့ မိုဘိုင္းဖုန္းအသုံးျပဳၿပီး ဂိုးမေပးတဲ့ အီဂ်စ္ဒုတိယတန္းက ဒိုင္လူႀကီး

ၿပီးခဲ့တဲ့ေသာၾကာက အီဂ်စ္ဒုတိယတန္းပြဲစဥ္တစ္ပြဲမွာ အံ့အားသင့္စရာ

အေျခအေနတစ္ခု ျဖစ္သြားခဲ့ပါတယ္။ အဲဒါကေတာ့ ကြင္းလယ္ဒိုင္ဟာ

ေနာက္က်ဂိုးတစ္ဂိုးကို မိုဘိုင္းဖုန္းနဲ႔ၾကည့္ဆုံးျဖတ္ၿပီး ပယ္ခ်လိုက္တာပါ။

အဲဒါက ဆူအက္ဇ္နဲ႔ အယ္နက္တို႔ရဲ႕ပြဲမွာျဖစ္သြားခဲ့ၿပီး ပြဲၿပီးခါနီးမွာ

အယ္နက္က သူတို႔ေခ်ပဂိုးတစ္ဂိုးရၿပီလို႔ ထင္မွတ္ခဲ့ပါတယ္။

ဒါေပမဲ့ အိမ္ရွင္အသင္းက အဲဒါကို လက္ထိေဘာဆိုၿပီး ကန႔္ကြက္ခဲ့တာပါ။

ျပသနာက အီဂ်စ္ဒုတိယတန္းမွာ VAR မသုံးတဲ့အတြက္ ဒီအျငင္းပြားဖြယ္

အေနအထားကို ေျဖရွင္းရခက္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒိုင္လူႀကီးက

ပရိသတ္တစ္ေယာက္ရဲ႕ဖုန္းထဲက ဒီဂိုးဗီဒီယိုကို အခ်ိန္အေတာ္

ၾကာၾကာၾကည့္ၿပီး ဂိုးမေပးဖို႔ ဆုံးျဖတ္လိုက္တာပါ။

နာက်င္အခ်ိန္ပို ၁၅ မိနစ္အထိေပးခဲ့တဲ့ အဲဒီပြဲမွာ ေနာက္ဆုံးေတာ့

ဆူအက္က ၃-၁ နဲ႔ ႏိုင္သြားပါတယ္။ ပြဲၿပီးေတာ့ အယ္နက္ကစားသမားေတြနဲ႔

တာဝန္ရွိသူေတြက အျပင္းအထန္ကန႔္ကြက္လို႔ ကြင္းလယ္ဒိုင္ဟာ

ရဲအေစာင့္အေရွာက္နဲ႔ ကြင္းထဲက ထြက္ခဲ့ရပါတယ္။

ဒါ့အျပင္ အယ္နက္အသင္းက စည္းမ်ဥ္းစည္းကမ္းေတြကို ၿခိမ္းေျခာက္လို႔ဆိုၿပီး

ဒိုင္ကို တရားစြဲမယ္လို႔ ၿခိမ္းေျခာက္ခဲ့တာပါ။ အဲဒီသတင္းကိုၾကည့္ၿပီး

ပရိသတ္တစ္ေယာက္က VAR pro- max လို႔ အ႐ႊန္းေဖာက္ပါတယ္။