VAR နဲ့ ပယ်ချခံလိုက်ရတဲ့ သူ့ရဲ့အနိုင်ဂိုးကို ပွဲအပြီး ဥမင်လိုဏ်ခေါင်းထဲမှာ ပြန်ကြည့်ခဲ့တဲ့ ကယ်လ်ဗက်လီဝင်

Photo Credit

Photo Credit

အဲဗာတန်အသင်းတိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ဟာ ယူနိုက်တက်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့သူ့ရဲ့ဂိုးကို VAR က အငြင်းပွားဖွယ်ပယ်ချလိုက်ပြီးနောက် ဥမင်လိုဏ်ခေါင်းအတွင်း အဲဒီဂိုးကို ပြန်လည်ကြည့်ရှုခဲ့ပါတယ်။

Photo Credit

ကယ်လ်ဗက်လီဝင်ဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပင်နယ်တီဧရိယာထဲကနေ ကန်သွင်းနိုင်ခဲ့ပြီးနောက် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ပြီလို့ ထင်မှတ်ခဲ့ပေမယ့် VAR က အဲဒီလိုဂိုးသွင်းယူချိန်မှာ လူကျွံအနေအထားမှာ ရောက်နေတဲ့ ဆီဂတ်ဆန်က ထိုင်လျက်အနေအထားကနေ ယူနိုက်တက်ဂိုးသမား ဒီဂီယာကို ပိတ်ဆို့ထားတယ်ဆိုပြီး အဲဒီဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ကယ်လ်ဗက်လီဝင်ဟာ ပွဲအပြီး ဥမင်လိုဏ်ခေါင်းထဲအရောက်မှာ သူ့ရဲ့ကန်သွင်းချက်ကို ရုပ်သံအနှေးပြကွက်ကနေ သေချာပြန်ကြည့်ခဲ့ပြီး ပွဲတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်အပေါ် မယုံနိုင်ဖြစ်နေပါတယ်။

Photo Credit

”ဒီဖြစ်ရပ်က တကယ့်ကပ်ဆိုးပါပဲ။ ဆီဂတ်ဆန်က ဘာမှပိတ်ဆို့ထားတာမှမဟုတ်တာ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဒါက ဂိုးပါပဲ။ ဒါပေမဲ့ VAR ကတော့ တခြားအကြောင်းပြချက်တွေနဲ့ ပယ်ဖျက်လိုက်ပါတယ်။ ဒီတော့ ကျွန်တော့်ဘက်က ဘာများတတ်နိုင်ဦးမှာလဲ”လို့ ကယ်လ်ဗက်လီဝင်က ပြောပါတယ်။

https://twitter.com/FutbolBible/status/1234148181488947201

Video Credit

အဲဒီပွဲမှာ ၁-၁ ဂိုးသရေကျသွားလို့ ယူနိုက်တက်က အဆင့် ၅နဲ့ အဲဗာတန်က အဆင့် ၁၁ နေရာတွေမှာ ရပ်တည်ခဲ့ပြီး ယူနိုက်တက်က စပါးကို အနိုင်ရခဲ့တဲ့ ဝုဗ်နဲ့ အမှတ်တူနေသလို အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

VAR နဲ႔ ပယ္ခ်ခံလုိက္ရတဲ့ သူ႕ရဲ႕အႏိုင္ဂိုးကို ပြဲအၿပီး ဥမင္လိုဏ္ေခါင္းထဲမွာ ျပန္ၾကည့္ခဲ့တဲ့ ကယ္လ္ဗက္လီ၀င္

အဲဗာတန္အသင္းတုိက္စစ္မွဴး ကယ္လ္ဗက္လီ၀င္ဟာ ယူႏုိက္တက္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပဲြမွာ ပြဲၿပီးခါနီးမွာ သြင္းယူခဲ့တဲ့သူ႕ရဲ႕ဂိုးကို VAR က အျငင္းပြားဖြယ္ပယ္ခ်လိုက္ၿပီးေနာက္ ဥမင္လိုဏ္ေခါင္းအတြင္း အဲဒီဂိုးကို ျပန္လည္ၾကည့္႐ႈခဲ့ပါတယ္။
ကယ္လ္ဗက္လီ၀င္ဟာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီဧရိယာထဲကေန ကန္သြင္းႏိုင္ခဲ့ၿပီးေနာက္ အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးသြင္းယူႏုိင္ၿပီလုိ႔ ထင္မွတ္ခဲ့ေပမယ့္ VAR က အဲဒီလိုဂိုးသြင္းယူခ်ိန္မွာ လူကၽြံအေနအထားမွာ ေရာက္ေနတဲ့ ဆီဂတ္ဆန္က ထိုင္လ်က္အေနအထားကေန ယူႏုိက္တက္ဂိုးသမား ဒီဂီယာကို ပိတ္ဆုိ႔ထားတယ္ဆိုၿပီး အဲဒီဂိုးကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။
ကယ္လ္ဗက္လီ၀င္ဟာ ပြဲအၿပီး ဥမင္လိုဏ္ေခါင္းထဲအေရာက္မွာ သူ႕ရဲ႕ကန္သြင္းခ်က္ကို ႐ုပ္သံအေႏွးျပကြက္ကေန ေသခ်ာျပန္ၾကည့္ခဲ့ၿပီး ပြဲတာ၀န္ရွိသူေတြရဲ႕ဆုံးျဖတ္ခ်က္အေပၚ မယုံႏိုင္ျဖစ္ေနပါတယ္။
”ဒီျဖစ္ရပ္က တကယ့္ကပ္ဆုိးပါပဲ။ ဆီဂတ္ဆန္က ဘာမွပိတ္ဆို႔ထားတာမွမဟုတ္တာ။ ကၽြန္ေတာ့္အေနနဲ႔ ေျပာရရင္ေတာ့ ဒါက ဂုိးပါပဲ။ ဒါေပမဲ့ VAR ကေတာ့ တျခားအေၾကာင္းျပခ်က္ေတြနဲ႔ ပယ္ဖ်က္လုိက္ပါတယ္။ ဒီေတာ့ ကၽြန္ေတာ့္ဘက္က ဘာမ်ားတတ္ႏိုင္ဦးမွာလဲ”လုိ႔ ကယ္လ္ဗက္လီ၀င္က ေျပာပါတယ္။
အဲဒီပြဲမွာ ၁-၁ ဂိုးသေရက်သြားလို႔ ယူႏုိက္တက္က အဆင့္ ၅နဲ႔ အဲဗာတန္က အဆင့္ ၁၁ ေနရာေတြမွာ ရပ္တည္ခဲ့ၿပီး ယူႏိုက္တက္က စပါးကို အႏုိင္ရခဲ့တဲ့ ၀ုဗ္နဲ႔ အမွတ္တူေနသလို အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။