VAR နဲ့အတူ နားလည်မှုထပ်လွဲရပြန်တဲ့ မန်စီးတီးရသွားတဲ့ဂိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

VAR နဲ့အတူ နားလည်မှုထပ်လွဲရပြန်တဲ့ မန်စီးတီးရသွားတဲ့ဂိုး မန်စီးတီးအသင်းဟာ မနေ့တုန်းက ဝက်စ်ဘရွန်းကိုအဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့နိုင်ခဲ့ပေမယ့် ကန်ဆယ်လိုသွင်း တဲ့ဂိုးနဲ့ ပတ်သက်ပြီး အငြင်းပွားစရာဖြစ်ခဲ့ရပြန်တယ်လို့ သိရပါတယ်။ ပွဲချိန်မိနစ် ၂၀ မှာ ဘာနာဒိုဆေးလ်ဗား ဖန်တီးပေးခဲ့တာကနေတစ်ဆင့် ကန်ဆယ်လိုက ဒုတိယဂိုးသွင်းခဲ့တာပါ။ ဒီဂိုးဟာသူ့အတွက် ပရီးမီးယားလိဂ် မှာ သွင်းယူနိုင်တဲ့ ပထမဆုံးဂိုးဖြစ်ပါတယ်။

ကွင်းလယ်ကနေပေးပို့လိုက်တဲ့ ဘောလုံးကို ဘာနာဒိုဆေးလ်ဗား က ဘယ်တောင်ပံကနေဆွဲယူချိန်မှာစည်းကြပ်ဒိုင် မက်ဆေးအဲလစ် က လူကျွံကြောင်းအလံထောင်ပြလိုက်တဲ့အတွက် ဝက်စ်ဘရွန်းကစားသမားတွေက ကစားတာကိုရပ်လိုက်ကြ တာပါ။ ဒါပေမယ့် ဆေးလ်ဗားက ဆက်ဆွဲပြေးပြီး ကန်ဆယ်လိုဆီထိုးပေးလိုက်တာကို ၁၈ ကိုက်စည်းထိပ်နား ကနေကန်သွင်းပြီး သူကဂိုးအဖြစ်ပြောင်းလဲလိုက်တာပါ။

ဒါပေမယ့် ကွင်းလယ်ဒိုင်က VAR ကနေပြန်ကြည့်ခိုင်း တဲ့အခါ ဆေးလ်ဗားက လူကျွံခြင်းမရှိတာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ စည်းကြပ်ဒိုင်က လူကျွံ အလံထောင်ပြထားတာကို VAR ကြည့်ဆုံးဖြတ်တဲ့အတွက် ဝက်စ်ဘရွန်းကစားသမားတွေက အံအားသင့်ပြီး စောဒကတက်ခဲ့ကပါသေးတယ်။ ဒါပေမယ့်လည်း အမျိုးသမီးစည်းကြပ်ဒိုင်ဖြစ်တဲ့ မက်ဆေးအဲလစ် ဟာစည်း မျဥ်းတွေကို အပြည့်အဝလိုက်နာခြင်းမရှိခဲ့လို့ အခုလိုနားလည်မှုလွဲခဲ့ရတာဖြစ်ပါတယ်။

VAR ပေါ်လာပြီးနောက်ပိုင်းမှာ စည်းကြပ်ဒိုင်တွေအနေနဲ့ လူကျွံဘော ဖြစ်မဖြစ်မသေချာရင် အလံထောင်ပြ ခြင်းမရှိဖို့ သတ်မှတ်ပြီးသားပါ။ ဒါကြောင့် ဂိုးသွင်းခွင့်တစ်ခုရှိလာတဲ့အခါမှာ လူကျွံတယ်လို့သံသယဖြစ်ရင် လွှတ်ပေးထားပြီး ဂိုးသွင်းခွင့်အဆုံးသတ်ခြင်း ဒါမှမဟုတ် ဂိုးသွင်းယူပြီးမှသာလျင် လူကျွံခြင်းရှိမရှိ အလံထောင် ပြဖို့ ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။

ဒီနေရာမှာအငြင်းပွားမှုရှိလာရင်လည်း VAR နဲ့ပြန်ကြည့်ပြီးဆုံးဖြတ်ရ မှာဖြစ်လို့ မက်ဆေးအဲလစ်က ဒါကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း အငြင်းပွားစရာကနေ ဂိုးရသွားခဲ့သေးလို့ သူတို့အခုလိုကြုံရတာတွေနှစ်ပွဲဆက်ရှိနေပြီဖြစ် ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

VAR နဲ႔အတူ နားလည္မႈထပ္လြဲရျပန္တဲ့ မန္စီးတီးရသြားတဲ့ဂိုး

VAR နဲ႔အတူ နားလည္မႈထပ္လြဲရျပန္တဲ့ မန္စီးတီးရသြားတဲ့ဂိုး မန္စီးတီးအသင္းဟာ မေန႔တုန္းက ဝက္စ္ဘ႐ြန္းကိုအေဝးကြင္းမွာ ၅ ဂိုးျပတ္နဲ႔ႏိုင္ခဲ့ေပမယ့္ ကန္ဆယ္လိုသြင္း တဲ့ဂိုးနဲ႔ ပတ္သက္ၿပီး အျငင္းပြားစရာျဖစ္ခဲ့ရျပန္တယ္လို႔ သိရပါတယ္။ ပြဲခ်ိန္မိနစ္ ၂၀ မွာ ဘာနာဒိုေဆးလ္ဗား ဖန္တီးေပးခဲ့တာကေနတစ္ဆင့္ ကန္ဆယ္လိုက ဒုတိယဂိုးသြင္းခဲ့တာပါ။ ဒီဂိုးဟာသူ႔အတြက္ ပရီးမီးယားလိဂ္ မွာ သြင္းယူႏိုင္တဲ့ ပထမဆုံးဂိုးျဖစ္ပါတယ္။

ကြင္းလယ္ကေနေပးပို႔လိုက္တဲ့ ေဘာလုံးကို ဘာနာဒိုေဆးလ္ဗား က ဘယ္ေတာင္ပံကေနဆြဲယူခ်ိန္မွာစည္းၾကပ္ဒိုင္ မက္ေဆးအဲလစ္ က လူကြၽံေၾကာင္းအလံေထာင္ျပလိုက္တဲ့အတြက္ ဝက္စ္ဘ႐ြန္းကစားသမားေတြက ကစားတာကိုရပ္လိုက္ၾက တာပါ။ ဒါေပမယ့္ ေဆးလ္ဗားက ဆက္ဆြဲေျပးၿပီး ကန္ဆယ္လိုဆီထိုးေပးလိုက္တာကို ၁၈ ကိုက္စည္းထိပ္နား ကေနကန္သြင္းၿပီး သူကဂိုးအျဖစ္ေျပာင္းလဲလိုက္တာပါ။ ဒါေပမယ့္ ကြင္းလယ္ဒိုင္က VAR ကေနျပန္ၾကည့္ခိုင္း တဲ့အခါ ေဆးလ္ဗားက လူကြၽံျခင္းမရွိတာေၾကာင့္ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ စည္းၾကပ္ဒိုင္က လူကြၽံ အလံေထာင္ျပထားတာကို VAR ၾကည့္ဆုံးျဖတ္တဲ့အတြက္ ဝက္စ္ဘ႐ြန္းကစားသမားေတြက အံအားသင့္ၿပီး ေစာဒကတက္ခဲ့ကပါေသးတယ္။

ဒါေပမယ့္လည္း အမ်ိဳးသမီးစည္းၾကပ္ဒိုင္ျဖစ္တဲ့ မက္ေဆးအဲလစ္ဟာစည္း မ်ဥ္းေတြကို အျပည့္အဝလိုက္နာျခင္းမရွိခဲ့လို႔ အခုလိုနားလည္မႈလြဲခဲ့ရတာျဖစ္ပါတယ္။ VAR ေပၚလာၿပီးေနာက္ပိုင္းမွာ စည္းၾကပ္ဒိုင္ေတြအေနနဲ႔ လူကြၽံေဘာ ျဖစ္မျဖစ္မေသခ်ာရင္ အလံေထာင္ျပ ျခင္းမရွိဖို႔ သတ္မွတ္ၿပီးသားပါ။ ဒါေၾကာင့္ ဂိုးသြင္းခြင့္တစ္ခုရွိလာတဲ့အခါမွာ လူကြၽံတယ္လို႔သံသယျဖစ္ရင္ လႊတ္ေပးထားၿပီး ဂိုးသြင္းခြင့္အဆုံးသတ္ျခင္း ဒါမွမဟုတ္ ဂိုးသြင္းယူၿပီးမွသာလ်င္ လူကြၽံျခင္းရွိမရွိ အလံေထာင္ ျပဖို႔ ၫႊန္ၾကားထားၿပီးသားျဖစ္ပါတယ္။ ဒီေနရာမွာအျငင္းပြားမႈရွိလာရင္လည္း VAR နဲ႔ျပန္ၾကည့္ၿပီးဆုံးျဖတ္ရ မွာျဖစ္လို႔ မက္ေဆးအဲလစ္က ဒါကိုလိုက္နာဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ဗီ လာနဲ႔ပြဲမွာလည္း အျငင္းပြားစရာကေန ဂိုးရသြားခဲ့ေသးလို႔ သူတို႔အခုလိုႀကဳံရတာေတြႏွစ္ပြဲဆက္ရွိေနၿပီျဖစ္ပါတယ္။