

စပါးအသင်းနည်းပြ မော်ရင်ဟိုက လီဗာပူးကို ၁-၀ နဲ့ရှုံးခဲ့တဲ့ပွဲမှာ ရောဘတ်ဆန်က တန်ဂန်ဂါကို ဖျက်ထုတ်ခဲ့မှုမှာ ဝင်ရောက်ဆုံးဖြတ်ခဲ့ခြင်းမရှိတဲ့ VAR ဒိုင်လူကြီးတွေကို ဝေဖန်လိုက်ပြီး ဒိုင်တွေဟာပွဲမကြည့်ဘဲ လ္ဘက်ရည်ထိုင်သောက်နေကြတာလို့ ပြောကြားလိုက်ပါတယ်။
တန်ဂန်ဂါဟာ စပါးရဲ့ဒဏ်ရာပြဿ နာတွေကြောင့် အသင်းအတွက်ပွဲဦးထွက်စတင်ကစားခဲ့ရသူလည်းဖြစ်ပါတယ်။ ပွဲချိန်ဒုတိယပိုင်းမှာ ရောဘတ်ဆန်ဟာဘောလုံးအထိန်းအသိမ်း မသေသပ်မှုကြောင့် ဘောလုံးဆုံးရှုံးခဲ့ပြီးနောက် တန်ဂန်ဂါဆီရောက်သွားတာကို ပြန်လည်ရယူဖို့ကြိုးစားတဲ့အနေနဲ ခြေချင်းဝတ်ကိုပြင်းထန်စွာဖျက်ထုတ်လိုက်တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်ဘောမှမပေးခဲ့တဲ့အပြင် ရောဘတ်ဆန်ကိုလည်းသတိပေးခြင်းမရှိခဲ့ပါဘူး။ တန်ဂန်ဂါဟာ ဒဏ်ရာကြောင့် လဲကျခဲ့ပြီးနောက် စပါးကစားသမားတွေကလည်း ရောဘတ်ဆန်ကိုပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ဒိုင်ကငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် မော်ရင်ဟိုက ဒါဟာ VAR ကကြားဝင်ဖြေရှင်းရမယ့်အရေးဖြစ်ပြီး ရောဘတ်ဆန်အနေနဲ့ ထုတ်ပယ်ခံရတဲ့အထိဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

သူက”လီဗာပူးကံကောင်းသွားပါတယ်ဗျာ။ သူတို့ဟာ ၁၀ ယောက်ထဲနဲ့ပွဲကိုအဆုံးသတ်ခဲ့သင့်တာပါ။ ဒီအချိန်မှာ VAR ဒိုင်တွေကဘာလုပ်နေလဲတော့မသိဘူး။ သူတို့ဟာပွဲမကြည့်ဘဲ လ္ဘက်ရည်ထိုင်သောက်နေပုံပါဘဲ။ ရောဘတ်ဆန်ရဲ့အနီကတ်အတွက် ဘာမှကိုပြန်မကြည့်ခဲ့ပါဘူး” လို့ပြောသွားပါတယ်။

ဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆန်က ဘာပြစ်ဒဏ်မှမပေးခဲ့သလို VAR နဲ့ပြန်သုံးသပ်ဖို့လည်းမဆုံးဖြတ်ခဲ့ပါဘူး။ စည်းမျဉ်းတွေအရ VAR ဒိုင်လူကြီးတွေဟာ ဖြစ်နိုင်ဖွယ်ရာရှိတဲ့ ပြစ်ဒဏ်ဘောတွေနဲ့ အခြားသောကျူ းလွန်မှုတွေအတွက် ကွင်းလယ်ဒိုင်ကိုအသိပေးပြီး ပွဲကိုရပ်တန့်ပိုင်ခွင့်ရှိပါတယ်။

Zawgyi
VAR ဒိုင္ေတြလၻက္ရည္ေသာက္ေနတာလို႔ ေမာ္ရင္ဟိုေ၀ဖန္
စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက လီဗာပူးကို ၁-၀ နဲ႔ရႈံးခဲ့တဲ႔ပြဲမွာ ေရာဘတ္ဆန္က တန္ဂန္ဂါကို ဖ်က္ထုတ္ခဲ့မႈမွာ ၀င္ေရာက္ဆုံးျဖတ္ခဲ့ျခင္းမရွိတဲ႔ VAR ဒိုင္လူႀကီးေတြကို ေ၀ဖန္လိုက္ၿပီး ဒိုင္ေတြဟာပြဲမၾကည့္ဘဲ လၻက္ရည္ထိုင္ေသာက္ေနၾကတာလို႔ ေျပာၾကားလိုက္ပါတယ္။
တန္ဂန္ဂါဟာ စပါးရဲ႕ဒဏ္ရာျပႆ နာေတြေၾကာင့္ အသင္းအတြက္ပြဲဦးထြက္စတင္ကစားခဲ့ရသူလည္းျဖစ္ပါတယ္။ ပြဲခ်ိန္ဒုတိယပိုင္းမွာ ေရာဘတ္ဆန္ဟာေဘာလုံးအထိန္းအသိမ္း မေသသပ္မႈေၾကာင့္ ေဘာလုံးဆုံးရႈံးခဲ့ၿပီးေနာက္ တန္ဂန္ဂါဆီေရာက္သြားတာကို ျပန္လည္ရယူဖို႔ႀကိဳးစားတဲ႔အေနနဲ ေျခခ်င္း၀တ္ကိုျပင္းထန္စြာဖ်က္ထုတ္လိုက္တာျဖစ္ပါတယ္။
ဒီျဖစ္ရပ္အတြက္ ကြင္းလယ္ဒိုင္က ဘာျပစ္ဒဏ္ေဘာမွမေပးခဲ့တဲ႔အျပင္ ေရာဘတ္ဆန္ကိုလည္းသတိေပးျခင္းမရွိခဲ့ပါဘူး။ တန္ဂန္ဂါဟာ ဒဏ္ရာေၾကာင့္ လဲက်ခဲ့ၿပီးေနာက္ စပါးကစားသမားေတြကလည္း ေရာဘတ္ဆန္ကိုျပစ္ဒဏ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကေပမယ္႔ ဒိုင္ကျငင္းပယ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေမာ္ရင္ဟိုက ဒါဟာ VAR ကၾကား၀င္ေျဖရွင္းရမယ္႔အေရးျဖစ္ၿပီး ေရာဘတ္ဆန္အေနနဲ႔ ထုတ္ပယ္ခံရတဲ႔အထိျဖစ္ႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။
သူက”လီဗာပူးကံေကာင္းသြားပါတယ္ဗ်ာ။ သူတို႔ဟာ ၁၀ ေယာက္ထဲနဲ႔ပြဲကိုအဆုံးသတ္ခဲ့သင့္တာပါ။ ဒီအခ်ိန္မွာ VAR ဒိုင္ေတြကဘာလုပ္ေနလဲေတာ႔မသိဘူး။ သူတို႔ဟာပြဲမၾကည့္ဘဲ လၻက္ရည္ထုိင္ေသာက္ေနပုံပါဘဲ။ ေရာဘတ္ဆန္ရဲ႕အနီကတ္အတြက္ ဘာမွကိုျပန္မၾကည့္ခဲ့ပါဘူး” လို႔ေျပာသြားပါတယ္။
ဒီျဖစ္ရပ္မွာ ကြင္းလယ္ဒိုင္မာတင္အက္ကင္ဆန္က ဘာျပစ္ဒဏ္မွမေပးခဲ့သလို VAR နဲ႔ျပန္သုံးသပ္ဖို႔လည္းမဆုံးျဖတ္ခဲ့ပါဘူး။ စည္းမ်ဥ္းေတြအရ VAR ဒုိင္လူႀကီးေတြဟာ ျဖစ္ႏိုင္ဖြယ္ရာရွိတဲ႔ ျပစ္ဒဏ္ေဘာေတြနဲ႔ အျခားေသာက်ဴ းလြန္မႈေတြအတြက္ ကြင္းလယ္ဒိုင္ကိုအသိေပးၿပီး ပြဲကိုရပ္တန္႔ပိုင္ခြင့္ရွိပါတယ္။