VAR စောင့်ကြည့်သူတွေ အိပ်ပျော်နေတယ်လို့ ဆိုးရှား စွပ်စွဲ

အိုလေ ဂန်နား ဆိုးရှားက ယူနိုက်တက် နှင့် ဝက်စ်ဘရွန်းတို့ သရေကျခဲ့တဲ့ ပွဲစဥ် ဒုတိယပိုင်းအတွင်း ဗီဒီယို အကူဒိုင် ( VAR ) ဂျွန်မော့စ်ဟာ အိပ်ပျော်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အဆိုပါပွဲစဥ် ဒုတိယပုိင်းမှာ ကွင်းလယ်ဒိုင် ပေါဆန်က ဟယ်ရီ မက်ဂွဲယားအပေါ် ပြစ်ဒဏ် ကျူးလွန်မှုကို ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ မက်ဂွဲယားက လူကျွံနေကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မော့စ်က ကွင်းပြင်ပ မော်နီတာကနေ ပင်နယ်တီ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ အကြံပေးခဲ့ပြီး ပေါဆန်က လူကျွံဘောအဖြစ် သတ်မှတ်ပြီး ပင်နယ်တီကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးရှားက “ ကျွန်တော်တို့ဟာ တည်ငြိမ်တဲ့ ခြေစွမ်း နှင့် တရားမျှတတဲ့ ပွဲစဥ်ကို အလိုရှိပါတယ်။ လူသားတွေ ဖြစ်တဲ့အတွက် အမှား ပြုလုပ်နိုင်တယ်ဆိုတာ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ဒီနေ့ ပွဲစဥ်မှာ ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ဒါက သိသာတဲ့ ပြစ်ဒဏ်ကျူးလွန်မှုပါ။ နောက်ခံလူ နှင့် မက်ဂွဲယားကြား ထိခိုက်မှုကိုပဲ ကြည့်မယ်ဆိုရင် ဒါဟာ ပြစ်ဒဏ်ဘောပါ” ဟု ပြောဆိုခဲ့ပါတယ်။

“ ဒါပေမယ့် မက်ဂွဲယားက လူကျွံနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့် VAR ရုံးခန်းထဲက တာဝန်ရှိသူဖြစ်တဲ့ စတော့ခ်လေ ပါ့၊ ဒါမှမဟုတ် ဘယ်သူပဲ ဖြစ်ဖြစ်ပါ၊ အဲ့ဒီ ပုဂ္ဂိုလ်ဟာ အိပ်ပျော်နေတာပဲ ဖြစ်ပါလိမ့်မယ်။ ကော်ဖီလေး ဘာလေး သွားပို့ပေးသင့်ပါတယ်။ အစကတည်းက လူကျွံနေပါတယ်ဆိုပြီး အေးအေးဆေးဆေး ပြောလိုက်မယ်ဆိုရင် ခုလို ရှုပ်ထွေးစရာမလိုပါဘူး”

ယခုပွဲစဥ် သရေရလာဒ်ကြောင့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက်ဟာ ပိုမိုဝေးကွာသွားခဲ့ပြီး ( ၁ ) ပွဲလျော့ ကစားထားတဲ့ အဆင့် ( ၁ ) နေရာက မန်စီးတီးအောက် ( ၇ ) မှတ်လျော့နည်းလျက်ရှိပါတယ်။

Zawgyi

VAR ေစာင့္ၾကည့္သူေတြ အိပ္ေပ်ာ္ေနတယ္လို႔ ဆိုးရွား စြပ္စြဲ

အိုေလ ဂန္နား ဆိုးရွားက ယူႏိုက္တက္ ႏွင့္ ဝက္စ္ဘ႐ြန္းတို႔ သေရက်ခဲ့တဲ့ ပြဲစဥ္ ဒုတိယပိုင္းအတြင္း ဗီဒီယို အကူဒိုင္ ( VAR ) ဂြၽန္ေမာ့စ္ဟာ အိပ္ေပ်ာ္ေနတယ္လို႔ စြပ္စြဲေျပာဆိုလိုက္ပါတယ္။ အဆိုပါပြဲစဥ္ ဒုတိယပုိင္းမွာ ကြင္းလယ္ဒိုင္ ေပါဆန္က ဟယ္ရီ မက္ဂြဲယားအေပၚ ျပစ္ဒဏ္ က်ဴးလြန္မႈကို ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ အေႏွးျပကြက္ေတြမွာေတာ့ မက္ဂြဲယားက လူကြၽံေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ေမာ့စ္က ကြင္းျပင္ပ ေမာ္နီတာကေန ပင္နယ္တီ ဆုံးျဖတ္ခ်က္ကို ျပန္လည္သုံးသပ္ဖို႔ အႀကံေပးခဲ့ၿပီး ေပါဆန္က လူကြၽံေဘာအျဖစ္ သတ္မွတ္ၿပီး ပင္နယ္တီကို ပယ္ဖ်က္ခဲ့တာ ျဖစ္ပါတယ္။

ဆိုးရွားက “ ကြၽန္ေတာ္တို႔ဟာ တည္ၿငိမ္တဲ့ ေျခစြမ္း ႏွင့္ တရားမွ်တတဲ့ ပြဲစဥ္ကို အလိုရွိပါတယ္။ လူသားေတြ ျဖစ္တဲ့အတြက္ အမွား ျပဳလုပ္ႏိုင္တယ္ဆိုတာ ႀကိဳတင္ေမွ်ာ္လင့္ထားၿပီးသားပါ။ ဒါေပမယ့္ ဒီေန႔ ပြဲစဥ္မွာ ကြၽန္ေတာ္တို႔ ပင္နယ္တီ ရခဲ့သင့္ပါတယ္။ ဒါက သိသာတဲ့ ျပစ္ဒဏ္က်ဴးလြန္မႈပါ။ ေနာက္ခံလူ ႏွင့္ မက္ဂြဲယားၾကား ထိခိုက္မႈကိုပဲ ၾကည့္မယ္ဆိုရင္ ဒါဟာ ျပစ္ဒဏ္ေဘာပါ” ဟု ေျပာဆိုခဲ့ပါတယ္။

“ ဒါေပမယ့္ မက္ဂြဲယားက လူကြၽံေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ ေတြ႕ေနရပါတယ္။ ဒါေၾကာင့္ VAR ႐ုံးခန္းထဲက တာဝန္ရွိသူျဖစ္တဲ့ စေတာ့ခ္ေလ ပါ့၊ ဒါမွမဟုတ္ ဘယ္သူပဲ ျဖစ္ျဖစ္ပါ၊ အဲ့ဒီ ပုဂၢိဳလ္ဟာ အိပ္ေပ်ာ္ေနတာပဲ ျဖစ္ပါလိမ့္မယ္။ ေကာ္ဖီေလး ဘာေလး သြားပို႔ေပးသင့္ပါတယ္။ အစကတည္းက လူကြၽံေနပါတယ္ဆိုၿပီး ေအးေအးေဆးေဆး ေျပာလိုက္မယ္ဆိုရင္ ခုလို ရႈပ္ေထြးစရာမလိုပါဘူး”

ယခုပြဲစဥ္ သေရရလာဒ္ေၾကာင့္ ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံ အိပ္မက္ဟာ ပိုမိုေဝးကြာသြားခဲ့ၿပီး ( ၁ ) ပြဲေလ်ာ့ ကစားထားတဲ့ အဆင့္ ( ၁ ) ေနရာက မန္စီးတီးေအာက္ ( ၇ ) မွတ္ေလ်ာ့နည္းလ်က္ရွိပါတယ္။