
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်ဟာ လာမယ့်ရာသီကစပြီး VAR နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတချို့ကို ပြောင်းလဲသွားမှာဖြစ်လို့ ပြီးခဲ့တဲ့ရာသီကလို တိုက်စ်မှူးတွေ ခြေချောင်းကျွံနေလို့ လူကျွံဘောဖြစ်ပြီးတော့ ဂိုးမရခဲ့တာမျိုး၊ ပြိုင်ဘက်နဲ့နည်းနည်းထိခိုက်မိတာနဲ့ ပယ်နယ်တီပေးတဲ့ဖြစ်ရပ်မျိုး မြင်တွေ့ရဖို့မရှိတော့ပါဘူး။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အငြင်းပွားစရာအဖြစ်အပျက်တွေနည်းပါးသွားအောင် ပြီးခဲ့တဲ့ရာသီက ပထမဆုံးအကြိမ်အဖြစ် VAR နည်းစနစ်ကို စတင်အသုံးပြုခဲ့ပေမယ့် ဂိုးပေးသင့်လျက်နဲ့
လူကျွံဘောအဖြစ်သတ်မှတ်ပေးတာ၊ အငြင်းပွားပယ်နယ်တီတွေ ပေးခဲ့ရတာတွေကြောင့် ပရီးမီးယားလိဂ်နည်းပြတွေက VAR နည်းစစ်နဲ့ပတ်သက်လို့ သုံးသပ်မှုတွေပြန်လုပ်သင့်တယ်လို့ ဖိအားပေးတောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေးသင့်လျက်နဲ့ VAR ပြန်ကြည့်ပြီး လူကျွံဘောသတ်မှတ်ပေးခဲ့လို့ နစ်နာခဲ့ရတာက ဂိုးပေါင်း(၂၀)အထိရှိခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ်က စည်းကမ်းတွေ ပြင်ဆင်ပြောင်းလဲသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လူကျွံဘောအတွက် သုံးသပ်တဲ့နေရာမှာ အရင်လို One Pixel Line မျဉ်းကြောင်းတွေနဲ့တိုင်းတာပြီး ဆုံးဖြတ်သွားမှာဖြစ်ပေမယ့် နောက်ထပ် မျဉ်းအထူတစ်ကြောင်း ထပ်ထားပြီးတော့ကြည့်ရှုသွားမှာဖြစ်တာကြောင့်
တကယ်လို့ ကစားသမားတစ်ဦးရဲ့ လက်မောင်း ဒါမှမဟုတ် ခြေထောက်အဖျားလေးကျွံရုံနဲ့ အရင်လို လူကျွံဘောသတ်မှတ်ပေးမှာ မဟုတ်ပါဘူး။
အခုစည်းမျဉ်းသစ်အရ ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေအတွက် ဂိုးရဖို့အခြေအနေပိုကောင်းသွားမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီလိုတော့ ပယ်နယ်တီတွေ လွယ်လွယ်ကူကူရမယ့်အနေအထားမရှိတော့ပါဘူး။
ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက (၉-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မာစီယဲလ်ရဲ့ပယ်နယ်တီက မပေးသင့်ခဲ့သလို ဒိုင်လူကြီးတွေဟာ ရုပ်သံပြကွက်ပြန်ကြည့်ပြီး
ပယ်နယ်တီဧရိယာအတွင်း ပြိုင်ဘက်နဲ့ထိရုံလေးထိပြီးတော့ လဲကျသွားတဲ့အဖြစ်အပျက်အများစုမှာ အငြင်းပွားစရာကောင်းတဲ့ပယ်နယ်တီတွေပေးခဲ့တဲ့အပြင် တချို့ပယ်နယ်တီတွေကတော့ VAR ဒိုင်လူကြီးတွေက ပယ်နယ်တီအဖြစ်ဆုံးဖြတ်ခဲ့လို့ နစ်နာခဲ့ရတဲ့အသင်းတွေအများကြီးရှိခဲ့ပါတယ်။
အခု စည်းမျဉ်းသစ်အရ ပယ်နယ်တီအဖြစ်အပျက်တွေမှာ VAR ဒိုင်လူကြီးတွေက ကွင်းလယ်ဒိုင်ကို ဝင်ရောက်စွက်ဖက်မှာမဟုတ်တော့ဘဲ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးသွားမှာဖြစ်ပြီး
ကစားသမားတစ်ဦးကို ပြိုင်ဘက်က ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်တာ၊ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားတာတွေလုပ်မှသာ ပယ်နယ်တီအဖြစ် သတ်မှတ်ပေးသွားမှာလည်းဖြစ်ပါတယ်။
Zawgyi
VAR စည္းမ်ဥ္းအေျပာင္းအလဲေၾကာင့္ ပရီးမီးယားလိဂ္ရာသီသစ္မွာ အျငင္းပြားစရာလူကြၽံေဘာနဲ႔ပယ္နယ္တီျဖစ္ရပ္ေတြ ျမင္ရဖို႔မရွိေတာ့
ပရီးမီးယားလိဂ္ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ဟာ လာမယ့္ရာသီကစၿပီး VAR နဲ႔ပတ္သက္တဲ့စည္းမ်ဥ္းစည္းကမ္းတခ်ိဳ႕ကို ေျပာင္းလဲသြားမွာျဖစ္လို႔ ၿပီးခဲ့တဲ့ရာသီကလို တိုက္စ္မႉးေတြ ေျခေခ်ာင္းကြၽံေနလို႔ လူကြၽံေဘာျဖစ္ၿပီးေတာ့ ဂိုးမရခဲ့တာမ်ိဳး၊ ၿပိဳင္ဘက္နဲ႔နည္းနည္းထိခိုက္မိတာနဲ႔ ပယ္နယ္တီေပးတဲ့ျဖစ္ရပ္မ်ိဳး ျမင္ေတြ႕ရဖို႔မရွိေတာ့ပါဘူး။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အျငင္းပြားစရာအျဖစ္အပ်က္ေတြနည္းပါးသြားေအာင္ ၿပီးခဲ့တဲ့ရာသီက ပထမဆုံးအႀကိမ္အျဖစ္ VAR နည္းစနစ္ကို စတင္အသုံးျပဳခဲ့ေပမယ့္ ဂိုးေပးသင့္လ်က္နဲ႔ လူကြၽံေဘာအျဖစ္သတ္မွတ္ေပးတာ၊ အျငင္းပြားပယ္နယ္တီေတြ ေပးခဲ့ရတာေတြေၾကာင့္ ပရီးမီးယားလိဂ္နည္းျပေတြက VAR နည္းစစ္နဲ႔ပတ္သက္လို႔ သုံးသပ္မႈေတြျပန္လုပ္သင့္တယ္လို႔ ဖိအားေပးေတာင္းဆိုခဲ့ၾကပါတယ္။
ဒါ့အျပင္ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဂိုးေပးသင့္လ်က္နဲ႔ VAR ျပန္ၾကည့္ၿပီး လူကြၽံေဘာသတ္မွတ္ေပးခဲ့လို႔ နစ္နာခဲ့ရတာက ဂိုးေပါင္း(၂၀)အထိရွိခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္က စည္းကမ္းေတြ ျပင္ဆင္ေျပာင္းလဲသတ္မွတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
လူကြၽံေဘာအတြက္ သုံးသပ္တဲ့ေနရာမွာ အရင္လို One Pixel Line မ်ဥ္းေၾကာင္းေတြနဲ႔တိုင္းတာၿပီး ဆုံးျဖတ္သြားမွာျဖစ္ေပမယ့္ ေနာက္ထပ္ မ်ဥ္းအထူတစ္ေၾကာင္း ထပ္ထားၿပီးေတာ့ၾကည့္ရႈသြားမွာျဖစ္တာေၾကာင့္ တကယ္လို႔ ကစားသမားတစ္ဦးရဲ႕ လက္ေမာင္း ဒါမွမဟုတ္ ေျခေထာက္အဖ်ားေလးကြၽံ႐ုံနဲ႔ အရင္လို လူကြၽံေဘာသတ္မွတ္ေပးမွာ မဟုတ္ပါဘူး။ အခုစည္းမ်ဥ္းသစ္အရ ပရီးမီးယားလိဂ္တိုက္စစ္မႉးေတြအတြက္ ဂိုးရဖို႔အေျခအေနပိုေကာင္းသြားမွာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီလိုေတာ့ ပယ္နယ္တီေတြ လြယ္လြယ္ကူကူရမယ့္အေနအထားမရွိေတာ့ပါဘူး။
ၿပီးခဲ့တဲ့ရာသီက ေဆာက္သမ္တန္အသင္းကို မန္ခ်က္စတာယူႏိုက္တက္အသင္းက (၉-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ မာစီယဲလ္ရဲ႕ပယ္နယ္တီက မေပးသင့္ခဲ့သလို ဒိုင္လူႀကီးေတြဟာ ႐ုပ္သံျပကြက္ျပန္ၾကည့္ၿပီး ပယ္နယ္တီဧရိယာအတြင္း ၿပိဳင္ဘက္နဲ႔ထိ႐ုံေလးထိၿပီးေတာ့ လဲက်သြားတဲ့အျဖစ္အပ်က္အမ်ားစုမွာ အျငင္းပြားစရာေကာင္းတဲ့ပယ္နယ္တီေတြေပးခဲ့တဲ့အျပင္ တခ်ိဳ႕ပယ္နယ္တီေတြကေတာ့ VAR ဒိုင္လူႀကီးေတြက ပယ္နယ္တီအျဖစ္ဆုံးျဖတ္ခဲ့လို႔ နစ္နာခဲ့ရတဲ့အသင္းေတြအမ်ားႀကီးရွိခဲ့ပါတယ္။ အခု စည္းမ်ဥ္းသစ္အရ ပယ္နယ္တီအျဖစ္အပ်က္ေတြမွာ VAR ဒိုင္လူႀကီးေတြက ကြင္းလယ္ဒိုင္ကို ဝင္ေရာက္စြက္ဖက္မွာမဟုတ္ေတာ့ဘဲ လြတ္လြတ္လပ္လပ္ဆုံးျဖတ္ခြင့္ေပးသြားမွာျဖစ္ၿပီးကစားသမားတစ္ဦးကို ၿပိဳင္ဘက္က ရည္႐ြယ္ခ်က္ရွိရွိ ျပစ္ဒဏ္က်ဴးလြန္တာ၊ ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ကစားတာေတြလုပ္မွသာ ပယ္နယ္တီအျဖစ္ သတ္မွတ္ေပးသြားမွာလည္းျဖစ္ပါတယ္။