UFC မှာ ပွဲကြမ်းလို့’၀’သွားတဲ့ ခါဘစ် ဘောလုံးလောကထဲဝင်လာပြီဖြစ်လို့ ပြိုင်ဘက်တွေကတော့ ကြောက်လန့်နေကြပါပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

UFC ပြိုင်ပွဲမှာ ချန်ပီယံခါးပတ်တွေရယူပြီး ကြီးမားတဲ့အောင်မြင်မှုတွေပိုင်ဆိုင်ခဲ့သူ MMA နာမည်ကျော်ကစားသမားဟောင်း ခါဘစ်ဟာ အခုဆိုရင် ရုရှားတတိယတန်းကလပ်အသင်းနဲ့ ဘောလုံးသမားဘဝစတင်တော့မှာဖြစ်ပြီး သူနဲ့ရင်ဆိုင်ရမယ့်ပြိုင်ဘက်တွေကတော့ အခုလောက်ဆို တော်တော်စိုးရိမ်နေကြမှာအမှန်ပါပဲ။

ခါဘစ်ဟာ MMA ကစားသမားဘဝတစ်လျှောက် (၂၉)ပွဲထိုးသတ်ခဲ့တာမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ပွဲတိုင်းအနိုင်ရခဲ့ပြီး ပြီးခဲတဲ့နှစ်၊ အောက်တိုဘာလတုန်းက Justin Gaethje နဲ့ထိုးသတ်ခဲ့တဲ့ပွဲအပြီးမှာ MMA ကစားသမားအဖြစ်ကနေ အနားယူခဲ့တာဖြစ်ပါတယ်။

UFC Lightweight Champion အဖြစ် ၂၀၁၈၊ ဧပြီလကနေ ၂၀၂၁၊ မတ်လအထိရပ်တည်ခဲ့ပြီး ချန်ပီယံအဖြစ် အချိန်အကြာဆုံးရပ်တည်ခဲ့သူစံချိန်တင်ထားသလို သူ့အသက်က (၃၂)နှစ်သာရှိသေးလို့

MMA လောကမှာ ဆက်လက်ရပ်တည်နိုင်နေဆဲဖြစ်ပေမယ့် ခါဘစ်ဟာ သူ့မိခင်ကို ကတိပေးထားတဲ့အတိုင်း MMA ကစားသမားဘဝကနေအနားယူခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဘောလုံးသမားဘဝကို လျှောက်လှမ်းဖို့အတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး သူလေးစားအားကျရတဲ့ သူငယ်ချင်းဖြစ်သူ နာမည်ကျော်ဘောလုံးသမားစီရော်နယ်လ်ဒိုနဲ့ ဆွေးနွေးတိုင်ပင်မှုတွေလည်းလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ခါဘစ်ဟာ ရုရှားတတိယတန်းကလပ် FC Legion Dynamo အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ စတင်မှာဖြစ်ပြီး

ပြီးခဲ့တဲ့ရာသီက အမှတ်ပေးပြိုင်ပွဲမှာ အဆင့်(၄)နေရာရပ်တည်ခဲ့တဲ့ FC Legion Dynamo အသင်းက ခါဘစ်နဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့သတင်းကို သူတို့ရဲ့တရားဝင် Page မှာ ဓာတ်ပုံနဲ့အတူဖော်ပြခဲ့တာဖြစ်ပါတယ်။

ခါဘစ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်အရ သူဟာ နောက်ခံလူနေရာမှာကစားသင့်ပေမယ့် ခါဘစ်က တိုက်စစ်မှူးအဖြစ်ကစားသွားမှာဖြစ်ပြီး FC Legion Dynamo အသင်းဥက္ကဌက “ခါဘစ်ဟာ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော် ကြိုမြင်ပြီးသားဖြစ်ပါတယ်။

သူကိုယ်တိုင်ကလည်း ဘောလုံးအားကစားနည်းနဲ့ပတ်သက်လို့ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားတဲ့အပေါ် ကိုယ့်ကိုယ့်ကိုယ် အံ့အားတကြီးဖြစ်နေတာပါ”လို့ပြောကြားခဲ့ပါတယ်။

ဘောလုံးသမားအဖြစ် ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့ ခါဘစ်က “ကျွန်တော့်ကို ကမ်းလှမ်းခဲ့တဲ့ကလပ်အသင်းတွေအများကြီးရှိပါတယ်။

ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို ဘောလုံးသမားပုံပေါက်အောင် ပြင်ဆင်ရမှာပါ။

ဘောလုံးသမားနဲ့ MMA ကစားသမားတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံချင်းက မတူပါဘူး။

ကျွန်တော်က ငယ်ငယ်ကတည်းက ဘောလုံးပွဲတွေကြည့်ရတာဝါသနာပါပြီး ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးကြီးရော်နယ်လ်ဒိုရဲ့ ကစားပုံတွေကိုတောင် စောင့်ကြည့်ခဲ့ဖူးပါတယ်”လို့ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူးအဖြစ် ဘောလုံးသမားဘဝကို စတင်တော့မယ့် ခါဘစ်နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်နောက်ခံလူတွေအတွက်တော့ rear-naked choke အကွက်ပဲမိမလား .. ဒါမှမဟုတ် triangle choke လက်ချက်မိမလားဆိုတာ စိုးရိမ်စရာကောင်းနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

UFC မွာ ပြဲၾကမ္းလို႔’၀’သြားတဲ့ ခါဘစ္ ေဘာလုံးေလာကထဲဝင္လာၿပီျဖစ္လို႔ ၿပိဳင္ဘက္ေတြကေတာ့ ေၾကာက္လန႔္ေနၾကပါၿပီ

UFC ၿပိဳင္ပြဲမွာ ခ်န္ပီယံခါးပတ္ေတြရယူၿပီး ႀကီးမားတဲ့ေအာင္ျမင္မႈေတြပိုင္ဆိုင္ခဲ့သူ MMA နာမည္ေက်ာ္ကစားသမားေဟာင္း ခါဘစ္ဟာ အခုဆိုရင္ ႐ုရွားတတိယတန္းကလပ္အသင္းနဲ႔ ေဘာလုံးသမားဘဝစတင္ေတာ့မွာျဖစ္ၿပီး သူနဲ႔ရင္ဆိုင္ရမယ့္ၿပိဳင္ဘက္ေတြကေတာ့ အခုေလာက္ဆို ေတာ္ေတာ္စိုးရိမ္ေနၾကမွာအမွန္ပါပဲ။ ခါဘစ္ဟာ MMA ကစားသမားဘဝတစ္ေလွ်ာက္ (၂၉)ပြဲထိုးသတ္ခဲ့တာမွာ ရႈံးပြဲလုံးဝမရွိခဲ့ဘဲ ပြဲတိုင္းအႏိုင္ရခဲ့ၿပီး ၿပီးခဲတဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက Justin Gaethje နဲ႔ထိုးသတ္ခဲ့တဲ့ပြဲအၿပီးမွာ MMA ကစားသမားအျဖစ္ကေန အနားယူခဲ့တာျဖစ္ပါတယ္။

UFC Lightweight Champion အျဖစ္ ၂၀၁၈၊ ဧၿပီလကေန ၂၀၂၁၊ မတ္လအထိရပ္တည္ခဲ့ၿပီး ခ်န္ပီယံအျဖစ္ အခ်ိန္အၾကာဆုံးရပ္တည္ခဲ့သူစံခ်ိန္တင္ထားသလို သူ႔အသက္က (၃၂)ႏွစ္သာရွိေသးလို႔ MMA ေလာကမွာ ဆက္လက္ရပ္တည္ႏိုင္ေနဆဲျဖစ္ေပမယ့္ ခါဘစ္ဟာ သူ႔မိခင္ကို ကတိေပးထားတဲ့အတိုင္း MMA ကစားသမားဘဝကေနအနားယူခဲ့တာလည္းျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း ေဘာလုံးသမားဘဝကို ေလွ်ာက္လွမ္းဖို႔အတြက္ ေလ့က်င့္မႈေတြျပဳလုပ္ခဲ့ၿပီး သူေလးစားအားက်ရတဲ့ သူငယ္ခ်င္းျဖစ္သူ နာမည္ေက်ာ္ေဘာလုံးသမားစီေရာ္နယ္လ္ဒိုနဲ႔ ေဆြးေႏြးတိုင္ပင္မႈေတြလည္းလုပ္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ခါဘစ္ဟာ ႐ုရွားတတိယတန္းကလပ္ FC Legion Dynamo အသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝ စတင္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးၿပိဳင္ပြဲမွာ အဆင့္(၄)ေနရာရပ္တည္ခဲ့တဲ့ FC Legion Dynamo အသင္းက ခါဘစ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့သတင္းကို သူတို႔ရဲ႕တရားဝင္ Page မွာ ဓာတ္ပုံနဲ႔အတူေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ခါဘစ္ရဲ႕ တိုက္ခိုက္ေရးစြမ္းရည္အရ သူဟာ ေနာက္ခံလူေနရာမွာကစားသင့္ေပမယ့္ ခါဘစ္က တိုက္စစ္မႉးအျဖစ္ကစားသြားမွာျဖစ္ၿပီး FC Legion Dynamo အသင္းဥကၠဌက “ခါဘစ္ဟာ တိုက္စစ္မႉးေကာင္းတစ္ဦးျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္ ႀကိဳျမင္ၿပီးသားျဖစ္ပါတယ္။

သူကိုယ္တိုင္ကလည္း ေဘာလုံးအားကစားနည္းနဲ႔ပတ္သက္လို႔ အရည္အေသြးေကာင္းေတြပိုင္ဆိုင္ထားတဲ့အေပၚ ကိုယ့္ကိုယ့္ကိုယ္ အံ့အားတႀကီးျဖစ္ေနတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ ေဘာလုံးသမားအျဖစ္ ျဖတ္သန္းဖို႔ဆုံးျဖတ္ခဲ့တာနဲ႔ပတ္သက္လို႔ ခါဘစ္က “ကြၽန္ေတာ့္ကို ကမ္းလွမ္းခဲ့တဲ့ကလပ္အသင္းေတြအမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေဘာလုံးသမားပုံေပါက္ေအာင္ ျပင္ဆင္ရမွာပါ။

ေဘာလုံးသမားနဲ႔ MMA ကစားသမားတို႔ရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံခ်င္းက မတူပါဘူး။ ကြၽန္ေတာ္က ငယ္ငယ္ကတည္းက ေဘာလုံးပြဲေတြၾကည့္ရတာဝါသနာပါၿပီး ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉးႀကီးေရာ္နယ္လ္ဒိုရဲ႕ ကစားပုံေတြကိုေတာင္ ေစာင့္ၾကည့္ခဲ့ဖူးပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ တိုက္စစ္မႉးအျဖစ္ ေဘာလုံးသမားဘဝကို စတင္ေတာ့မယ့္ ခါဘစ္နဲ႔ ရင္ဆိုင္ရမယ့္ ၿပိဳင္ဘက္ေနာက္ခံလူေတြအတြက္ေတာ့ rear-naked choke အကြက္ပဲမိမလား .. ဒါမွမဟုတ္ triangle choke လက္ခ်က္မိမလားဆိုတာ စိုးရိမ္စရာေကာင္းေနပါၿပီ။