
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူလိုင်လ ၁၁နေ့ကတော့ အားကစားလောကမှာ ပွဲကောင်းတွေ ဆက်နေတဲ့ ရက်ပါပဲ။
မနက်အစောပိုင်း ကိုပါအမေရိကဖိုင်နယ်အပြီး UFC ပြိုင်ပွဲမှာ နာမည်ကြီး မက်ဂရီဂေါ်နဲ့ ပိုရီယာတို့ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲစဉ်လည်းပါဝင်ခဲ့ပါတယ်။
ဒီပွဲမှာ မက်ဂရီဂေါ်ဟာ ယှဉ်ပြိုင်ထိုးသတ်နေတုန်းမှာ ဘယ်ဘက်ခြေချင်းဝတ်ရိုးဟာ ထိတ်လန့်စရာကောင်းလောက်အောင် သွင်သွင်ကျိုးသွားခဲ့တာပါ။
ဘောလုံးသမားတွေ ကွင်းထဲမှာ ထိခိုက်သလိုမျိုး မက်ဂရီဂေါ်ရဲ႕ ဒဏ်ရာကလည်း ဖြစ်ခဲ့တာဖြစ်ပြီး ခြေကျင်းဝတ်ကျိုးသွားတဲ့ ဒဏ်ရာကြောင့် ပြိုင်ဘက် ပိုရီယာ ကို အရှုံးပေးလိုက်ရပါတယ်။
အိုင်ယာလန် တိုက်ခိုက်ရေးသမား မက်ဂရီဂေါ် ဟာ ပိုရီယာ ကို အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။
မက်ဂရီဂေါ ဟာ ဒီပွဲစဉ်ရဲ့ပထမအချီမှာပဲ ခြေကျင်းဝတ်ဟာ လိမ်ပြီးကျိုးသွားခဲ့တာကြောင့် ဆရာဝန်က ပွဲကို ရပ်တန့်စေခဲ့တာဖြစ်ပြီး ပိုရီယာ ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။ မက်ဂရီဂေါက“ဒါဟာ မပြီးသေးပါဘူး။
ကျွန်တော့်ကို အပြင်ကို ထုတ်မယ်ဆိုရင်လည်း အပြင်ကို ယူသွားပါတော့”လို့ ထိုင်ရင်းနဲ့ အင်တာဗျုးဖြေရာပြောခဲ့ပြီး သူ့ရဲ့ခြေကျင်းကို အကာအကွယ်ပေးတဲ့အရာတွေနဲ့ ကာကွယ်ထားပြီး ထမ်းစင်နဲ့ ကြိုးဝိုင်းပေါ်ကနေ ထုတ်သွားခဲ့ရတာဖြစ်ပါတယ်။
UFC ဥက္ကဌ ဒါနာဝှိုက်ကလည်း မက်ဂရီဂေါ်ဟာ ဘယ်ဘက်ခြေကျင်းဝတ်ကျိုးသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
မက်ဂရီဂေါ် ဟာ ၂၀၁၄ ခုနှစ်တုန်းက ပိုရီယာ ကို အနိုင်ရခဲ့ဖူးပေမယ့် အခုနောက်ဆုံး၂ကြိမ် ထိုးသတ်ထားခဲ့ရာမှာတော့ ၂ကြိမ်လုံး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
UFC ရဲ့နာမည်ကြီး တိုက်ခိုက်ရေးသမားဖြစ်တဲ့ ခါဘစ် က အနိုင်ရခဲ့တဲ့ ပိုရီယာ အတွက် အလွန်ပျော်ရွှင်မိပြီး ခါးပတ် ကို အခုနှစ်ကုန်ပိုင်းထိ ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နာမည်ကျော်လက်ဝှေ့သမား မေဝယ်သာနဲ့ ကော်ရီရာ တို့ကလည်း ပိုရီယာ ကို ဂုဏ်ပြုခဲ့ကြပါတယ်။
မက်ဂရီဂေါ်ကတော့ ဒီဒဏ်ရာကြောင့် နှစ်ကာလ အချိန်တော်တော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။
မက်ဂရီဂေါ် ဟာ UFC ပွဲပေါင်း ၂၈ပွဲ ထိုးသတ်ခဲ့ပြီး ၂၂ ပွဲ အနိုင် ၆ပွဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
မက်ဂရီဂေါ် ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၄ပွဲမှာ ၁ပွဲ သာ အနိုင်ရခဲ့ပြီး ၃ပွဲ အရေးနိမ့်ထားပါတယ်။
ပိုရီယာ ဟာ ပွဲပေါင်း ၃၅ပွဲ ထိုးသတ်ခဲ့ရာမှာ ၂၈ပွဲ အနိုင်ရပြီး ၆ ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပိုရီယာ ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၅ပွဲ မှာ ခါဘစ်ကို အရေးနိမ့်တာကလွဲပြီး ပွဲတိုင်းအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
UFC ၿပိဳင္ပြဲတြင္ ပိုရီသာနဲ႔ ယွဥ္ထိုးေနတုန္း မက္ဂရီေဂၚ ေျခက်င္းဝတ္ ထက္ပိုင္းက်ိဳးၿပီး အရႈံးေပးခဲ့ရ
ဂ်ဴလိုင္လ ၁၁ေန႔ကေတာ့ အားကစားေလာကမွာ ပြဲေကာင္းေတြ ဆက္ေနတဲ့ ရက္ပါပဲ။ မနက္အေစာပိုင္း ကိုပါအေမရိကဖိုင္နယ္အၿပီး UFC ၿပိဳင္ပြဲမွာ နာမည္ႀကီး မက္ဂရီေဂၚနဲ႔ ပိုရီယာတို႔ ယွဥ္ၿပိဳင္ထိုးသတ္တဲ့ ပြဲစဥ္လည္းပါဝင္ခဲ့ပါတယ္။
ဒီပြဲမွာ မက္ဂရီေဂၚဟာ ယွဥ္ၿပိဳင္ထိုးသတ္ေနတုန္းမွာ ဘယ္ဘက္ေျခခ်င္းဝတ္႐ိုးဟာ ထိတ္လန႔္စရာေကာင္းေလာက္ေအာင္ သြင္သြင္က်ိဳးသြားခဲ့တာပါ။ ေဘာလုံးသမားေတြ ကြင္းထဲမွာ ထိခိုက္သလိုမ်ိဳး မက္ဂရီေဂၚရဲပ ဒဏ္ရာကလည္း ျဖစ္ခဲ့တာျဖစ္ၿပီး ေျခက်င္းဝတ္က်ိဳးသြားတဲ့ ဒဏ္ရာေၾကာင့္ ၿပိဳင္ဘက္ ပိုရီယာ ကို အရႈံးေပးလိုက္ရပါတယ္။ အိုင္ယာလန္ တိုက္ခိုက္ေရးသမား မက္ဂရီေဂၚ ဟာ ပိုရီယာ ကို အခုႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ အရႈံးေပးခဲ့ရတာလည္းျဖစ္ပါတယ္။
မက္ဂရီေဂါ ဟာ ဒီပြဲစဥ္ရဲ႕ပထမအခ်ီမွာပဲ ေျခက်င္းဝတ္ဟာ လိမ္ၿပီးက်ိဳးသြားခဲ့တာေၾကာင့္ ဆရာဝန္က ပြဲကို ရပ္တန႔္ေစခဲ့တာျဖစ္ၿပီး ပိုရီယာ ကို အႏိုင္ေပးခဲ့တာျဖစ္ပါတယ္။ မက္ဂရီေဂါက“ဒါဟာ မၿပီးေသးပါဘူး။ ကြၽန္ေတာ့္ကို အျပင္ကို ထုတ္မယ္ဆိုရင္လည္း အျပင္ကို ယူသြားပါေတာ့”လို႔ ထိုင္ရင္းနဲ႔ အင္တာဗ်ဳးေျဖရာေျပာခဲ့ၿပီး သူ႔ရဲ႕ေျခက်င္းကို အကာအကြယ္ေပးတဲ့အရာေတြနဲ႔ ကာကြယ္ထားၿပီး ထမ္းစင္နဲ႔ ႀကိဳးဝိုင္းေပၚကေန ထုတ္သြားခဲ့ရတာျဖစ္ပါတယ္။ UFC ဥကၠဌ ဒါနာဝႈိက္ကလည္း မက္ဂရီေဂၚဟာ ဘယ္ဘက္ေျခက်င္းဝတ္က်ိဳးသြားခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။
မက္ဂရီေဂၚ ဟာ ၂၀၁၄ ခုႏွစ္တုန္းက ပိုရီယာ ကို အႏိုင္ရခဲ့ဖူးေပမယ့္ အခုေနာက္ဆုံး၂ႀကိမ္ ထိုးသတ္ထားခဲ့ရာမွာေတာ့ ၂ႀကိမ္လုံး အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ UFC ရဲ႕နာမည္ႀကီး တိုက္ခိုက္ေရးသမားျဖစ္တဲ့ ခါဘစ္ က အႏိုင္ရခဲ့တဲ့ ပိုရီယာ အတြက္ အလြန္ေပ်ာ္႐ႊင္မိၿပီး ခါးပတ္ ကို အခုႏွစ္ကုန္ပိုင္းထိ ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္လက္ေဝွ႔သမား ေမဝယ္သာနဲ႔ ေကာ္ရီရာ တို႔ကလည္း ပိုရီယာ ကို ဂုဏ္ျပဳခဲ့ၾကပါတယ္။
မက္ဂရီေဂၚကေတာ့ ဒီဒဏ္ရာေၾကာင့္ ႏွစ္ကာလ အခ်ိန္ေတာ္ေတာ္ၾကာ အနားယူရေတာ့မွာျဖစ္ပါတယ္။ မက္ဂရီေဂၚ ဟာ UFC ပြဲေပါင္း ၂၈ပြဲ ထိုးသတ္ခဲ့ၿပီး ၂၂ ပြဲ အႏိုင္ ၆ပြဲ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ မက္ဂရီေဂၚ ဟာ ေနာက္ဆုံးထိုးသတ္ခဲ့တဲ့ ၄ပြဲမွာ ၁ပြဲ သာ အႏိုင္ရခဲ့ၿပီး ၃ပြဲ အေရးနိမ့္ထားပါတယ္။ ပိုရီယာ ဟာ ပြဲေပါင္း ၃၅ပြဲ ထိုးသတ္ခဲ့ရာမွာ ၂၈ပြဲ အႏိုင္ရၿပီး ၆ ပြဲ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ပိုရီယာ ဟာ ေနာက္ဆုံးထိုးသတ္ခဲ့တဲ့ ၅ပြဲ မွာ ခါဘစ္ကို အေရးနိမ့္တာကလြဲၿပီး ပြဲတိုင္းအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။