UEFA Conference League အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာတောင် အသင်းရဲ့ခြေစွမ်းအပေါ် စိတ်တိုင်းမကျဖြစ်နေတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က,ကစားခဲ့တဲ့ ရိုးမားနဲ့ CSKA ဆိုဖီယာတို့ရဲ့ UEFA Conference League အုပ်စုအဖွင့်ပဲမှာ

ရိုးမားအသင်းက (၅-၁)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် နည်းပြမော်ရင်ဟိုကတော့ သူ့အသင်းစွမ်းဆောင်ရည်ကို အားမလိုအားမရဖြစ်ခဲ့ပါတယ်။

ရိုးမားအသင်းဟာ ပွဲအစ(၁၀)မိနစ်မှာ ခံစစ်အမှားကနေတစ်ဆင့် သွင်းယူခဲ့တဲ့ ပြိုင်ဘက်ကစားသမားကာရေးရဲ့ အဖွင့်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပေမယ့်

(၂၅)မိနစ်မှာ ပယ်လီဂရီနီ၊ (၃၈)မိနစ်မှာ အယ်လ်ရှာရာဝီ၊ (၆၂)မိနစ်မှာ ပယ်လီဂရီနီကပဲ ဒုတိယဂိုးထပ်သွင်းပြီး လက်ကျန်ဂိုးတွေကိုတော့ မန်စီနီနဲ့ အေဘရာဟမ်တို့က သွင်းယူခဲ့ကြပါတယ်။

ရိုးမားအသင်းဟာ ဒီရာသီမှပထမဆုံးအကြိမ်ကျင်းပတဲ့ UEFA Conference League အုပ်စုအဖွင့်ကို ဂိုးပြတ်နိုင်ပွဲနဲ့စတင်ဖွင့်လှစ်ခဲ့ပေမယ့် မော်ရင်ဟိုက သူ့အသင်းခြေစွမ်းအပေါ် စိတ်တိုင်းမကျဖြစ်နေတာပါ။

ပွဲအပြီးမှာ မော်ရင်ဟိုက “ကျွန်တော်တို့အသင်း ကစားပုံမကောင်းခဲ့ပါဘူး။ အသင်းကြီးတစ်သင်းမှာရှိသင့်တဲ့ အရည်အသွေးမျိုးမပြသနိုင်ခဲ့ဘဲ

ဒီပွဲနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ကစားသမားတွေကို ကျွန်တော်ပြောထားပြီးသားပါ။

ဒါပေမဲ့ ခံစစ် Full Backs တွေဟာ တာဝန်မကျေခဲ့သလို ကစားသမားတွေက အာရုံစူးစိုက်မှုမရှိသလိုဖြစ်နေပြီး

ပြိုင်ဘက်တိုက်စစ်နဲ့တစ်ယောက်ချင်းဆုံတွေ့တဲ့အကြိမ်တွေမှာ ထိထိရောက်ရောက်မတားဆီးနိုင်ခဲ့ပါဘူး။

ကျွန်တော်တို့အသင်းကစားပုံက ဆိုးရွားတယ်လို့တော့ မပြောလိုပေမယ့် (၅-၁)ဂိုးဆိုတဲ့ရလဒ်နဲ့တော့ မထိုက်တန်တာအမှန်ပါပဲ။

ကျွန်တော်တို့အသင်းက CSKA ဆိုဖီယာထက် အရည်အသွေးပိုင်းအများကြီးသာပေမယ့် အကောင်းဆုံးဖြစ်အောင်မကစားနိုင်ခဲ့ကြပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မော်ရင်ဟိုဟာ အခုပွဲမှာ နှစ်ဂိုးသွင်းပြီးခြေစွမ်းပြခဲ့တဲ့ အသင်းခေါင်းဆောင်ပယ်လီဂရီနီကို ချီးကျူးခဲ့ပြီး မကြာခင် သူ့ကိုစာချုပ်သက်တမ်းတိုးနိုင်မယ်လို့ အာမခံခဲ့ပါတယ်။

မော်ရင်ဟိုက “ပယ်လီဂရီနီဟာ အရည်အသွေးရှိတဲ့ကစားသမားဖြစ်သလို အနာဂတ်မှာလည်း အခုထက်ပိုကောင်းလာမယ့်သူဖြစ်ပါတယ်။

အသင်းနဲ့မကြာခင်စာချုပ်သက်တမ်းတိုးဖြစ်မယ်လို့လည်း သူက ကျွန်တော့်ကို မနေ့ကတည်းက အသိပေးခဲ့ပါတယ်။

ဒီသတင်းကြောင့် ပယ်လီဂရီနီနဲ့ရိုးမားပရိသတ်တွေကြား ဆက်ဆံရေးက အခုထက်ပိုခိုင်မာသွားဖို့ရှိနေပါပြီ။

သူဟာ ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့က အရေးပါတဲ့ကိစ္စတစ်ခုပါပဲ”လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းက စပါးအသင်းနည်းပြရာထူးကနေ အထုတ်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ နွေရာသီကာလမှာ ရိုးမားအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး

သူ့လက်ထက်မှာ ရိုးမားအသင်းရလဒ်ကောင်းတွေဆက်တိုက်ရယူနေသလို စီးရီးအေရာသီအစ(၃)ပွဲဆက်၊

UEFA Conference League Play Off (၂)ပွဲနဲ့ အခုအုပ်စုပွဲစဉ်အပါအဝင် ပြိုင်ပွဲစုံမှာ (၆)ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

UEFA Conference League အဖြင့္ပြဲမွာ ဂိုးျပတ္အႏိုင္ရခဲ့တာေတာင္ အသင္းရဲ႕ေျခစြမ္းအေပၚ စိတ္တိုင္းမက်ျဖစ္ေနတဲ့ ေမာ္ရင္ဟို

မေန႔က,ကစားခဲ့တဲ့ ႐ိုးမားနဲ႔ CSKA ဆိုဖီယာတို႔ရဲ႕ UEFA Conference League အုပ္စုအဖြင့္ပဲမွာ ႐ိုးမားအသင္းက (၅-၁)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ နည္းျပေမာ္ရင္ဟိုကေတာ့ သူ႔အသင္းစြမ္းေဆာင္ရည္ကို အားမလိုအားမရျဖစ္ခဲ့ပါတယ္။

႐ိုးမားအသင္းဟာ ပြဲအစ(၁၀)မိနစ္မွာ ခံစစ္အမွားကေနတစ္ဆင့္ သြင္းယူခဲ့တဲ့ ၿပိဳင္ဘက္ကစားသမားကာေရးရဲ႕ အဖြင့္ဂိုးေၾကာင့္ ေနာက္ကလိုက္ကစားခဲ့ရေပမယ့္ (၂၅)မိနစ္မွာ ပယ္လီဂရီနီ၊ (၃၈)မိနစ္မွာ အယ္လ္ရွာရာဝီ၊ (၆၂)မိနစ္မွာ ပယ္လီဂရီနီကပဲ ဒုတိယဂိုးထပ္သြင္းၿပီး လက္က်န္ဂိုးေတြကိုေတာ့ မန္စီနီနဲ႔ ေအဘရာဟမ္တို႔က သြင္းယူခဲ့ၾကပါတယ္။

႐ိုးမားအသင္းဟာ ဒီရာသီမွပထမဆုံးအႀကိမ္က်င္းပတဲ့ UEFA Conference League အုပ္စုအဖြင့္ကို ဂိုးျပတ္ႏိုင္ပြဲနဲ႔စတင္ဖြင့္လွစ္ခဲ့ေပမယ့္ ေမာ္ရင္ဟိုက သူ႔အသင္းေျခစြမ္းအေပၚ စိတ္တိုင္းမက်ျဖစ္ေနတာပါ။

ပြဲအၿပီးမွာ ေမာ္ရင္ဟိုက “ကြၽန္ေတာ္တို႔အသင္း ကစားပုံမေကာင္းခဲ့ပါဘူး။ အသင္းႀကီးတစ္သင္းမွာရွိသင့္တဲ့ အရည္အေသြးမ်ိဳးမျပသႏိုင္ခဲ့ဘဲ ဒီပြဲနဲ႔ပတ္သက္လို႔ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္ကတည္းက ဘယ္လိုျပင္ဆင္ရမလဲဆိုတာ ကစားသမားေတြကို ကြၽန္ေတာ္ေျပာထားၿပီးသားပါ။

ဒါေပမဲ့ ခံစစ္ Full Backs ေတြဟာ တာဝန္မေက်ခဲ့သလို ကစားသမားေတြက အာ႐ုံစူးစိုက္မႈမရွိသလိုျဖစ္ေနၿပီး ၿပိဳင္ဘက္တိုက္စစ္နဲ႔တစ္ေယာက္ခ်င္းဆုံေတြ႕တဲ့အႀကိမ္ေတြမွာ ထိထိေရာက္ေရာက္မတားဆီးႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔အသင္းကစားပုံက ဆိုး႐ြားတယ္လို႔ေတာ့ မေျပာလိုေပမယ့္ (၅-၁)ဂိုးဆိုတဲ့ရလဒ္နဲ႔ေတာ့ မထိုက္တန္တာအမွန္ပါပဲ။

ကြၽန္ေတာ္တို႔အသင္းက CSKA ဆိုဖီယာထက္ အရည္အေသြးပိုင္းအမ်ားႀကီးသာေပမယ့္ အေကာင္းဆုံးျဖစ္ေအာင္မကစားႏိုင္ခဲ့ၾကပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ ေမာ္ရင္ဟိုဟာ အခုပြဲမွာ ႏွစ္ဂိုးသြင္းၿပီးေျခစြမ္းျပခဲ့တဲ့ အသင္းေခါင္းေဆာင္ပယ္လီဂရီနီကို ခ်ီးက်ဴးခဲ့ၿပီး မၾကာခင္ သူ႔ကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္မယ္လို႔ အာမခံခဲ့ပါတယ္။

ေမာ္ရင္ဟိုက “ပယ္လီဂရီနီဟာ အရည္အေသြးရွိတဲ့ကစားသမားျဖစ္သလို အနာဂတ္မွာလည္း အခုထက္ပိုေကာင္းလာမယ့္သူျဖစ္ပါတယ္။ အသင္းနဲ႔မၾကာခင္စာခ်ဳပ္သက္တမ္းတိုးျဖစ္မယ္လို႔လည္း သူက ကြၽန္ေတာ့္ကို မေန႔ကတည္းက အသိေပးခဲ့ပါတယ္။

ဒီသတင္းေၾကာင့္ ပယ္လီဂရီနီနဲ႔႐ိုးမားပရိသတ္ေတြၾကား ဆက္ဆံေရးက အခုထက္ပိုခိုင္မာသြားဖို႔ရွိေနပါၿပီ။ သူဟာ ကြၽန္ေတာ္တို႔ရဲ႕အသင္းေခါင္းေဆာင္ျဖစ္ၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔က အေရးပါတဲ့ကိစၥတစ္ခုပါပဲ”လို႔ ဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းက စပါးအသင္းနည္းျပရာထူးကေန အထုတ္ခံခဲ့ရတဲ့ ေမာ္ရင္ဟိုဟာ ေႏြရာသီကာလမွာ ႐ိုးမားအသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး သူ႔လက္ထက္မွာ ႐ိုးမားအသင္းရလဒ္ေကာင္းေတြဆက္တိုက္ရယူေနသလို စီးရီးေအရာသီအစ(၃)ပြဲဆက္၊ UEFA Conference League Play Off (၂)ပြဲနဲ႔ အခုအုပ္စုပြဲစဥ္အပါအဝင္ ၿပိဳင္ပြဲစုံမွာ (၆)ပြဲဆက္တိုက္အႏိုင္ရခဲ့ပါတယ္။