Ads ( 18+ , Gamble responsibly )
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ချန်ပီယံလိဂ်မဲခွဲပွဲအခမ်းအနားမှာ ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနေရာအလိုက်အကောင်းဆုံးကစားသမားဆုနဲ့ (၁)နှစ်တာအကောင်းဆုံးနည်းပြဆုတွေကို တစ်ပါတည်းထုတ်ပြန်ကြေညာခဲ့ပြီး
ပရီးမီးယားလိဂ်ပြိုင်ပွဲက,ကစားသမားတွေနဲ့ ချယ်လ်ဆီးနည်းပြတူချယ်လ်တို့က သိမ်းကျုံးရရှိခဲ့ပါတယ်။
UEFA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ တူချယ်လ်၊ မန်စီနီ၊ ဂွါဒီယိုလာတို့ပါဝင်ခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ တူချယ်လ်က ကျန်တဲ့နည်းပြနှစ်ယောက်ကို ကျော်ဖြတ်ပြီးတော့ အကောင်းဆုံးနည်းပြဆုရရှိခဲ့တာဖြစ်ပါတယ်။
အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်သူ တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကို အခုနှစ်၊ ဇန်နဝါရီလကမှစတင်ကိုင်တွယ်ခဲ့ပေမယ့် အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် ဦးဆောင်နိုင်ခဲ့ပြီး ၂၀၁၁-၁၂ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့်ပဲ တူချယ်လ်ဟာ ၂၀၂၀-၂၁ ရာသီ UEFA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို အီတလီအသင်းနဲ့အတူ ယူရိုဖလားရယူခဲ့တဲ့မန်စီနီ၊ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့လိဂ်ဖလားတွေ ရယူခဲ့တဲ့ဂွါဒီယိုလာတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
UEFA (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းနည်းပြ(ဟောင်း)ဖြစ်တဲ့ဟန်စီဖလစ်ခ်က ဆွတ်ခူးခဲ့ပြီး အခု တူချယ်လ်ကလည်း ဆုရရှိခဲ့တာကြောင့် ဂျာမန်လူမျိုးနည်းပြတွေ နှစ်ရာသီဆက်တိုက်ဆုရရှိခဲ့တာဖြစ်ပါတယ်။
UEFA ရဲ့နေရာအလိုက်အကောင်းဆုံးဆုတွေမှာတော့ အကောင်းဆုံးဂိုးသမားဆုကို ချယ်လ်ဆီးအသင်းဂိုးသမားမန်ဒီက ဆွတ်ခူးခဲ့ပြီး မန်ဒီဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ(၁၂)ပွဲမှာ (၉)ပွဲအထိပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အကောင်းဆုံးနောက်ခံလူဆုကို မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြကစားခဲ့တဲ့ပေါ်တူဂီလက်ရွေးစင်ကစားသမား ရူဘင်ဒီယက်စ်က ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံးကွင်းလယ်လူအဖြစ် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိအောင်ခြေစွမ်းပြခဲ့သူ ကွန်တေက ရွေးချယ်ခံခဲ့ရပါတယ်။
အကောင်းဆုံးတိုက်စစ်မှူးဆုကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုးအထိသွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ဒေ့ါမွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်ကစားသမားဟာလန်းက ရရှိခဲ့တာဖြစ်ပါတယ်။
Ads ( 18+ , Gamble responsibly )
– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi
UEFA နေရာအလိုက်အကောင်းဆုံးဆုတွေနဲ့ (၁)နှစ်တာအကောင်းဆုံးနည်းပြဆုကို ပရီးမီးယားလိဂ်က သိမ်းကျုံးရယူ