UEFA က Tik Tok ချန်နယ် မိတ်ဆက်ခြင်းနဲ့ ဒီနေ့ အတွက် ဖတ်စရာ ဘောလုံးသတင်းများ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

UEFA ဟာ ကမ္ဘာ့နိုင်ငံ ၁၅၀ကျော်မှာ ဘာသာစကားပေါင်း ၇၅မျိုးနဲ့ အသုံးပြုနိုင်မယ့် Tik Tok ချန်နယ်ကို တရားဝင်ကြေညာ ဖွင့်လှစ်လိုက်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် Tik Tok အကောင့်ကိုလည်း ဖွင့်လှစ်ခဲ့ပြီး EURO2020 အကောင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ UEFA က ဆိုရှယ်မီဒီယာအပိုင်းမှာ ကမ္ဘာအနှံ့ follower ပေါင်း ၁၈၅သန်းကျော် ရှိနေတဲ့ အဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဂိုးသမားဒွန်နာရမ်မာကို ၁နှစ်ကို ပေါင် ၆.၈သန်း တန်ကြေးရှိတဲ့ လစာငွေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် အခြားကလပ်အသင်းအချို့က မီလန်ကပေးတဲ့ လစာထက် ပေါင် ၄သန်း ပိုပေးဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာကလည်း သူ့ကစာသမားဟာ တစ်ရာသီကို လစာငွေ ပေါင် ၁၀.၂သန်း ရရှိဖို့ တောင်းဆိုထားပြီး မီလန်ဖက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကိစ္စ ၂ကြိမ်စလုံးကို ငြင်းပယ်ထားပါတယ်။

စပါးအသင်းဟာ အခုချိန်မှာ မော်ရင်ဟိုကို ထုတ်ပယ်ရင် ပေါင်သန်း၃၀ အောက်သာ လျော်ကြေးပေးရဖို့ရှိနေပါတယ်။ တစ်နှစ်ပေါင် ၁၅သန်းနဲ့ စာချုပ်ချုပ်ထားတဲ့ စပါးနဲ့ မော်ရင်ဟိုတို့ရဲ့ စာချုပ်ပါအချက်အလက် တစ်ခုဖြစ်တဲ့ ကလပ်အသင်းအနေနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်နေရာ မရခဲ့ရင် ထုတ်ပယ်တဲ့အချိန်မှာ လစာငွေအပြည့်အ၀ ပေးစရာမလိုဘူးဆိုတာ ပါဝင်တဲ့အတွက် လက်ရှိစပါးအသင်းရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှုကြောင့် လျော်ကြေးငွေ သက်သာဖို့ ရှိနေတာပါ။

ဘိုင်ယန်မြူးနစ်သင်းဟာ နောက်ခံလူ ဘိုတန်းကို စာချုပ်သစ်ထပ်ပြီး ချုပ်ဆိုတော့မှာ မဟုတ်ဘဲ အခုရာသီအကုန်မှာ အသင်းပြောင်းနိုင်ပြီလို့ အသိပေးခဲ့ပါတယ်။

ဘိုတန်နဲ့အတူ စာချုပ်ကိစ္စအဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ အလာဘာလည်း ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။

ဥရောပကလပ်အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အသက် ၆၀အရွယ်ရှိ နည်းပြ ဘင်နီတက်ဇ်ဟာ အင်္ဂလန်ဘောလုံးလောကကို တစ်ကျော့ပြန် လာရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့ ဖန်နဝါရီလကနေစပြီး တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ပရိုကနေ ထွက်ခွာလာခဲ့တာပါ။ နည်းပြလောကမှာ ၂၅နှစ်ကျော် ကျင်လည်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အင်တာ၊ ရီးရဲလ်၊ ဗလင်စီယာတို့အပြင် အင်္ဂလိပ်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ ဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

UEFA က Tik Tok ခ်န္နယ္ မိတ္ဆက္ျခင္းနဲ႔ ဒီေန႔ အတြက္ ဖတ္စရာ ေဘာလုံးသတင္းမ်ား။

UEFA ဟာ ကမာၻ႔ႏိုင္ငံ ၁၅၀ေက်ာ္မွာ ဘာသာစကားေပါင္း ၇၅မ်ိဳးနဲ႔ အသုံးျပဳႏိုင္မယ့္ Tik Tok ခ်န္နယ္ကို တရားဝင္ေၾကညာ ဖြင့္လွစ္လိုက္ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ Tik Tok အေကာင့္ကိုလည္း ဖြင့္လွစ္ခဲ့ၿပီး EURO2020 အေကာင့္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းက စတင္ဖြင့္လွစ္ခဲ့တာပါ။ UEFA က ဆိုရွယ္မီဒီယာအပိုင္းမွာ ကမာၻအႏွံ႔ follower ေပါင္း ၁၈၅သန္းေက်ာ္ ရွိေနတဲ့ အဖြဲ႕အစည္းႀကီး တစ္ခုလည္း ျဖစ္ပါတယ္။

ေအစီမီလန္အသင္းဟာ ဂိုးသမားဒြန္နာရမ္မာကို ၁ႏွစ္ကို ေပါင္ ၆.၈သန္း တန္ေၾကးရွိတဲ့ လစာေငြနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားေပမယ့္ အျခားကလပ္အသင္းအခ်ိဳ႕က မီလန္ကေပးတဲ့ လစာထက္ ေပါင္ ၄သန္း ပိုေပးဖို႔ အသင့္ရွိေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ႐ြိဳင္အိုလာကလည္း သူ႔ကစာသမားဟာ တစ္ရာသီကို လစာေငြ ေပါင္ ၁၀.၂သန္း ရရွိဖို႔ ေတာင္းဆိုထားၿပီး မီလန္ဖက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကိစၥ ၂ႀကိမ္စလုံးကို ျငင္းပယ္ထားပါတယ္။

စပါးအသင္းဟာ အခုခ်ိန္မွာ ေမာ္ရင္ဟိုကို ထုတ္ပယ္ရင္ ေပါင္သန္း၃၀ ေအာက္သာ ေလ်ာ္ေၾကးေပးရဖို႔ရွိေနပါတယ္။ တစ္ႏွစ္ေပါင္ ၁၅သန္းနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ စပါးနဲ႔ ေမာ္ရင္ဟိုတို႔ရဲ႕ စာခ်ဳပ္ပါအခ်က္အလက္ တစ္ခုျဖစ္တဲ့ ကလပ္အသင္းအေနနဲ႔ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ေနရာ မရခဲ့ရင္ ထုတ္ပယ္တဲ့အခ်ိန္မွာ လစာေငြအျပည့္အ၀ ေပးစရာမလိုဘူးဆိုတာ ပါဝင္တဲ့အတြက္ လက္ရွိစပါးအသင္းရဲ႕ ပရီးမီးယားလိဂ္ ရပ္တည္မႈေၾကာင့္ ေလ်ာ္ေၾကးေငြ သက္သာဖို႔ ရွိေနတာပါ။

ဘိုင္ယန္ျမဴးနစ္သင္းဟာ ေနာက္ခံလူ ဘိုတန္းကို စာခ်ဳပ္သစ္ထပ္ၿပီး ခ်ဳပ္ဆိုေတာ့မွာ မဟုတ္ဘဲ အခုရာသီအကုန္မွာ အသင္းေျပာင္းႏိုင္ၿပီလို႔ အသိေပးခဲ့ပါတယ္။

ဘိုတန္နဲ႔အတူ စာခ်ဳပ္ကိစၥအဆင္မေျပျဖစ္ေနတဲ့ ေနာက္ခံလူ အလာဘာလည္း ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔ရွိေနပါတယ္။

ဥေရာပကလပ္အသင္းႀကီးေတြကို ကိုင္တြယ္ခဲ့ၿပီး လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ အသက္ ၆၀အ႐ြယ္ရွိ နည္းျပ ဘင္နီတက္ဇ္ဟာ အဂၤလန္ေဘာလုံးေလာကကို တစ္ေက်ာ့ျပန္ လာေရာက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ဘင္နီတက္ဇ္ဟာ ၿပီးခဲ့တဲ့ ဖန္နဝါရီလကေနစၿပီး တ႐ုတ္စူပါလိဂ္ကလပ္ ဒါလီယန္ပ႐ိုကေန ထြက္ခြာလာခဲ့တာပါ။ နည္းျပေလာကမွာ ၂၅ႏွစ္ေက်ာ္ က်င္လည္ခဲ့တဲ့ ဘင္နီတက္ဇ္ဟာ အင္တာ၊ ရီးရဲလ္၊ ဗလင္စီယာတို႔အျပင္ အဂၤလိပ္အသင္းေတြျဖစ္တဲ့ လီဗာပူး၊ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္တို႔ကိုလည္း ကိုင္တြယ္ခဲ့ဖူးပါတယ္။

ဘာစီလိုနာကြင္းလယ္ကစားသမား ေကာ္တင္ဟိုဟာ ဒဏ္ရာေၾကာင့္ ဒီႏွစ္ေဘာလုံးရာသီကုန္အထိ အနားယူရဖြယ္ရွိေၾကာင္း သိရပါတယ္။