UEFA ကို အာခံ၊ ဥရောပစူပါလိဂ် နဲ့ လက်တွဲတဲ့ အသင်းကြီးတွေရဲ့ ဘောလုံးကမ္ဘာက တိုက်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပ ဘောလုံးလောကကို တုန်လှုပ်စေတဲ့ စူပါလိဂ်ဟာ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်ကို တိုက်ရိုက် စိန်ခေါ်တဲ့ ပြိုင်ပွဲကြီးဖြစ်လာပါတယ်။

အဲဒီပြိုင်ပွဲကြီး စတင်ဖို့ ကြိုးစားနေတာဟာ ကာလတစ်ခု ကြာခဲ့ပြီဖြစ်ပြီး အခုတော့ ပိုမို ရုပ်လုံးကြွလာပါပြီ။

လတ်တလော ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေအရ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အသင်း ၂၀သင်း ပါတဲ့ ပြိုင်ပွဲတစ်ခု အဖြစ် ကျင်းပမှာဖြစ်ကာ အမြဲတမ်းအသင်း ၁၅သင်း ၊ အလှည့်ကျအသင်း ၅သင်း တို့ ပါဝင် ယှဉ်ပြိုင် ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

အသင်းများမှာ ထုံးစံအတိုင်း နဂို နိုင်ငံအသီးသီးမှ League ပွဲများအား ဆက်ကစားကြမှာဖြစ်ပြီး ယခုပွဲစဉ်များမှာ ကြားရက်များဖြစ်ပါတယ်။ သြဂုတ် လတွင် စတင်ပြီး ၁၀ သင်း ၂ အုပ်စုကို အိမ်ကွင်း အဝေးကွင်းစနစ် ကစားကြမှာ ဖြစ်ကာ၊ အုပ်စု ထိပ်ဆုံး ၃ သင်း Quarter Final သို့ရောက်မှာဖြစ်ပြီး အဆင့် ၄-၅ မှာ ကျန် ၂ နေရာစာအတွက် Play-off ၂ ကျော့ ပြန်ကစားကြပါမယ်။ ကွာတား၊ ဆီမီး တို့ကလည်း ၂ ကျော့ဖြစ်ပြီး ဖိုင်နယ်ပွဲ မှာ တစ်ကျော့ဖြစ်ပါတယ်။

တည်ထောင်သူ အသင်း ၁၂သင်းမှာ နာမည်ကြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းအသင်း ၆သင်း ဖြစ်တဲ့ ယူနိုက်တက်အသင်း ၊ မန်စီးတီးအသင်း ၊ လီဗာပူးအသင်း ၊ အာဆင်နယ်အသင်း ၊ ချယ်လ်ဆီးအသင်း ၊ စပါးအသင်းတို့ ပါဝင်ပြီး စပိန်လာလီဂါမှာဆိုရင် ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ အက်သလက်တီကိုအသင်းတို့က ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ကာ စီးရီးအေပြိုင်ပွဲမှ ဂျူဗင်တပ်အသင်း ၊ အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ ပါဝင်ကြပါတယ်။

UEFA က ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အသင်းတွေကို လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီး ဖြစ်တဲ့ ယူနိုက်တက်အသင်း ၊ မန်စီးတီးအသင်း ၊ လီဗာပူးအသင်း ၊ စပါးအသင်း ၊ ချယ်လ်ဆီးအသင်း ၊ အာဆင်နယ်အသင်းတို့ဟာ UEFA Association ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ဥက္ကဌဖြစ်သူ Andrea Agnelli ကလည်း ဥရောပကလပ်များ အဖွဲ့အစည်းရဲ့ ဥက္ကဌရာထူးကနေ နုတ်ထွက်သွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကတော့ ရေရှည်အတွက် ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ Super League ပြိုင်ပွဲမှာ ဦးဆောင် ကလပ်အဖြစ် ပါဝင်ဖို့ သဘောတူညီခဲ့တာပါလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဌဖြစ်သူ ပီရက်ဇ်က Super League ပြိုင်ပွဲရဲ့ ဥက္ကဌအဖြစ် တာဝန်ယူသွားမှာဖြစ်ကာ၊ လီဗာပူးရဲ့ ဂျွန်ဟင်နရီ၊ ယူနိုက်တက်က ဂလေဇာနဲ့ အာဆင်နယ်က ခရွန်ကီတို့က ဒု-ဥက္ကဌ ရာထူးတွေကို တာဝန်ယူသွားဖွယ်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

UEFA ကို အာခံ၊ ဥေရာပစူပါလိဂ္ နဲ႔ လက္တြဲတဲ့ အသင္းႀကီးေတြရဲ႕ ေဘာလုံးကမာၻက တိုက္ပြဲ

ဥေရာပ ေဘာလုံးေလာကကို တုန္လႈပ္ေစတဲ့ စူပါလိဂ္ဟာ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္ကို တိုက္႐ိုက္ စိန္ေခၚတဲ့ ၿပိဳင္ပြဲႀကီးျဖစ္လာပါတယ္။ အဲဒီၿပိဳင္ပြဲႀကီး စတင္ဖို႔ ႀကိဳးစားေနတာဟာ ကာလတစ္ခု ၾကာခဲ့ၿပီျဖစ္ၿပီး အခုေတာ့ ပိုမို ႐ုပ္လုံးႂကြလာပါၿပီ။

လတ္တေလာ ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္ေတြအရ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို အသင္း ၂၀သင္း ပါတဲ့ ၿပိဳင္ပြဲတစ္ခု အျဖစ္ က်င္းပမွာျဖစ္ကာ အၿမဲတမ္းအသင္း ၁၅သင္း ၊ အလွည့္က်အသင္း ၅သင္း တို႔ ပါဝင္ ယွဥ္ၿပိဳင္ ကစားရမွာျဖစ္ေၾကာင္း သိရပါတယ္။

အသင္းမ်ားမွာ ထုံးစံအတိုင္း နဂို ႏိုင္ငံအသီးသီးမွ League ပြဲမ်ားအား ဆက္ကစားၾကမွာျဖစ္ၿပီး ယခုပြဲစဥ္မ်ားမွာ ၾကားရက္မ်ားျဖစ္ပါတယ္။ ၾသဂုတ္ လတြင္ စတင္ၿပီး ၁၀ သင္း ၂ အုပ္စုကို အိမ္ကြင္း အေဝးကြင္းစနစ္ ကစားၾကမွာ ျဖစ္ကာ၊ အုပ္စု ထိပ္ဆုံး ၃ သင္း Quarter Final သို႔ေရာက္မွာျဖစ္ၿပီး အဆင့္ ၄-၅ မွာ က်န္ ၂ ေနရာစာအတြက္ Play-off ၂ ေက်ာ့ ျပန္ကစားၾကပါမယ္။ ကြာတား၊ ဆီမီး တို႔ကလည္း ၂ ေက်ာ့ျဖစ္ၿပီး ဖိုင္နယ္ပြဲ မွာ တစ္ေက်ာ့ျဖစ္ပါတယ္။

တည္ေထာင္သူ အသင္း ၁၂သင္းမွာ နာမည္ႀကီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ထိပ္တန္းအသင္း ၆သင္း ျဖစ္တဲ့ ယူႏိုက္တက္အသင္း ၊ မန္စီးတီးအသင္း ၊ လီဗာပူးအသင္း ၊ အာဆင္နယ္အသင္း ၊ ခ်ယ္လ္ဆီးအသင္း ၊ စပါးအသင္းတို႔ ပါဝင္ၿပီး စပိန္လာလီဂါမွာဆိုရင္ ဘာစီလိုနာအသင္း ၊ ရီးရဲလ္မက္ဒရစ္အသင္း ၊ အက္သလက္တီကိုအသင္းတို႔က ပါဝင္ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ကာ စီးရီးေအၿပိဳင္ပြဲမွ ဂ်ဴဗင္တပ္အသင္း ၊ အင္တာမီလန္အသင္းနဲ႔ ေအစီမီလန္အသင္းတို႔ ပါဝင္ၾကပါတယ္။

UEFA က ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ အသင္းေတြကို လာမယ့္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲတို႔ကို ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္မယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ႀကီး၆ႀကီး ျဖစ္တဲ့ ယူႏိုက္တက္အသင္း ၊ မန္စီးတီးအသင္း ၊ လီဗာပူးအသင္း ၊ စပါးအသင္း ၊ ခ်ယ္လ္ဆီးအသင္း ၊ အာဆင္နယ္အသင္းတို႔ဟာ UEFA Association ကေန ႏုတ္ထြက္လိုက္ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕ ဥကၠဌျဖစ္သူ Andrea Agnelli ကလည္း ဥေရာပကလပ္မ်ား အဖြဲ႕အစည္းရဲ႕ ဥကၠဌရာထူးကေန ႏုတ္ထြက္သြားမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းကေတာ့ ေရရွည္အတြက္ ရည္႐ြယ္တဲ့ ဆုံးျဖတ္ခ်က္နဲ႔အတူ Super League ၿပိဳင္ပြဲမွာ ဦးေဆာင္ ကလပ္အျဖစ္ ပါဝင္ဖို႔ သေဘာတူညီခဲ့တာပါလို႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

လက္ရွိ ရီးရဲလ္မက္ဒရစ္အသင္း ဥကၠဌျဖစ္သူ ပီရက္ဇ္က Super League ၿပိဳင္ပြဲရဲ႕ ဥကၠဌအျဖစ္ တာဝန္ယူသြားမွာျဖစ္ကာ၊ လီဗာပူးရဲ႕ ဂြၽန္ဟင္နရီ၊ ယူႏိုက္တက္က ဂေလဇာနဲ႔ အာဆင္နယ္က ခ႐ြန္ကီတို႔က ဒု-ဥကၠဌ ရာထူးေတြကို တာဝန္ယူသြားဖြယ္ရွိပါတယ္။