
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခုဆိုရင် UEFA ရဲ့အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁)နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။
ချန်ပီယံလိဂ်မှာ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်ထားပြီး ပထမအကျော့ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ အသီးသီးရယူနိုင်ခဲ့ကြသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်အသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိနေပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲမှာ ရိုးမားအသင်းကို (၆-၂)ဂိုးနဲ့ပြတ်ပြတ်သားသားအနိုင်ယူခဲ့တာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားပြီဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အဖိုးတန်အဝေးဂိုးသွင်းယူနိုင်ခဲ့လို့ ဗိုလ်လုပွဲမျှော်လင့်ချက်ရှိနေဆဲပါပဲ။
အဲဒါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ UEFA အဆင့်သတ်မှတ်ချက်မှာ (၉၈.၉၉၇)မှတ်ရရှိခဲ့သလို လာလီဂါကို ကျော်ဖြတ်ပြီး (၉)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။
အခုလောလောဆယ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရီးယဲလ်၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာတော့ ဗီလာရီးယဲလ်စတဲ့ လာလီဂါကလပ်အသင်းတွေ တက်ရောက်နိုင်ခဲ့ပေမယ့် လာလီဂါပြိုင်ပွဲဟာ UEFA အဆင့်သတ်မှတ်ချက်မှာ နံပါတ်(၁)နေရာကို ပရီးမီးယားလိဂ်ဆီ လွှဲပြောင်းပေးလိုက်ရပါပြီ။
ဒါ့အပြင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းမှာ လာလီဂါကလပ်တွေက အောင်မြင်မှုအများဆုံးဖြစ်နေပေမယ့်လည်း စပိန်နဲ့လာလီဂါပြိုင်ပွဲဟာ ပရီးမီးယားလိဂ်နောက်မှာပဲ ရှိနေတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။
UEFA အဆင့်သတ်မှတ်ချက်မှာ အင်္ဂလန်က စုစုပေါင်း(၉၈.၉၉၇)မှတ်အထိရရှိခဲ့သလို ၂၀၂၀-၂၁ ရာသီအတွက် (၂၂.၇၈၅)မှတ်အထိရရှိခဲ့တာကြောင့် ၂၀၁၈-၁၉ ရာသီတုန်းက သူတို့ စံချိန်တင်ရခဲ့ဖူးတဲ့အမှတ်ထက် ပိုများခဲ့တာပါ။
ဒ့ါအပြင် UEFA အဆင့်သတ်မှတ်ချက်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း စံချိန်တင်အဖြစ်သတ်မှတ်ခံထားရတဲ့ ၂၀၁၅-၁၆ ရာသီတုန်းက လာလီဂါပြိုင်ပွဲရရှိခဲ့တဲ့ (၂၃.၉၂၈)မှတ်ကို ပရီးမီးယားလိဂ်က မကြာခင် ကျော်ဖြတ်နိုင်မယ့်အနေအထားရှိနေပါပြီ။
၂၀၁၅-၁၆ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ All Spanish Final အဖြစ် ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ ဆုံတွေ့ခဲ့ပြီး ရီးယဲလ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီဗီလာက လီဗာပူးလ်အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့တာကြောင့် အဲဒီလောက်အထိ စံချိန်တင်အမှတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
တကယ်လို့ ဒီရာသီ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်မှာ အင်္ဂလန်ကလပ်တွေဗိုလ်စွဲနိုင်ခဲ့ရင် ၂၀၂၀-၂၁ ရာသီအတွက် အမှတ်ရရှိမှုမှာ ပရီးမီးယားလိဂ်က ၂၀၁၅-၁၆ ရာသီကထက် ပိုများသွားမယ့်အနေအထားပါပဲ။
UEFA အဆင့်သတ်မှတ်ချက်မှာ အင်္ဂလန်က ထိပ်ဆုံးနေရာရောက်လာခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ချန်ပီယံလိဂ်ဝင်ခွင့် သတ်မှတ်ထားတဲ့အရေအတွက်က ဘာမှအပြောင်းအလဲရှိမှာမဟုတ်ဘဲ အရင်အတိုင်းပဲဆက်ရှိနေမှာပါ။
UEFA COEFFICIENT TABLE
1. England 98.997
2. Spain 97.425
3. Italy 75.153
4. Germany 73.570
5. France 56.081
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
UEFAအဆင့္သတ္မွတ္ခ်က္မွာ လာလီဂါကိုေက်ာ္ၿပီး ထိပ္ဆုံးေရာက္လာတဲ့ပရီးမီးယားလိဂ္
ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ အဂၤလန္ကလပ္အသင္းေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အခုဆိုရင္ UEFA ရဲ႕အဆင့္သတ္မွတ္ခ်က္မွာ အဆင့္(၁)ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ပါၿပီ။ ခ်န္ပီယံလိဂ္မွာ မန္စီးတီး၊ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ဆီမီးဖိုင္နယ္အဆင့္အထိတက္ေရာက္ထားၿပီး ပထမအေက်ာ့ပြဲေတြမွာလည္း ရလဒ္ေကာင္းေတြ အသီးသီးရယူႏိုင္ခဲ့ၾကသလို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း မန္ခ်က္စတာယူႏိုက္တက္၊ အာဆင္နယ္အသင္းတို႔ဟာ ဆီမီးဖိုင္နယ္အဆင့္ေရာက္ရွိေနၿပီျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲမွာ ႐ိုးမားအသင္းကို (၆-၂)ဂိုးနဲ႔ျပတ္ျပတ္သားသားအႏိုင္ယူခဲ့တာေၾကာင့္ ဗိုလ္လုပြဲတက္ဖို႔ အေျခအေနေကာင္းသြားၿပီျဖစ္ၿပီး အာဆင္နယ္အသင္းကေတာ့ ဗီလာရီးယဲလ္ကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ အဖိုးတန္အေဝးဂိုးသြင္းယူႏိုင္ခဲ့လို႔ ဗိုလ္လုပြဲေမွ်ာ္လင့္ခ်က္ရွိေနဆဲပါပဲ။
အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ UEFA အဆင့္သတ္မွတ္ခ်က္မွာ (၉၈.၉၉၇)မွတ္ရရွိခဲ့သလို လာလီဂါကို ေက်ာ္ျဖတ္ၿပီး (၉)ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ ထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာပါ။ အခုေလာေလာဆယ္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကို ရီးယဲလ္၊ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာေတာ့ ဗီလာရီးယဲလ္စတဲ့ လာလီဂါကလပ္အသင္းေတြ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ လာလီဂါၿပိဳင္ပြဲဟာ UEFA အဆင့္သတ္မွတ္ခ်က္မွာ နံပါတ္(၁)ေနရာကို ပရီးမီးယားလိဂ္ဆီ လႊဲေျပာင္းေပးလိုက္ရပါၿပီ။
ဒါ့အျပင္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲသမိုင္းမွာ လာလီဂါကလပ္ေတြက ေအာင္ျမင္မႈအမ်ားဆုံးျဖစ္ေနေပမယ့္လည္း စပိန္နဲ႔လာလီဂါၿပိဳင္ပြဲဟာ ပရီးမီးယားလိဂ္ေနာက္မွာပဲ ရွိေနတယ္လို႔သတ္မွတ္ရမွာျဖစ္ပါတယ္။ UEFA အဆင့္သတ္မွတ္ခ်က္မွာ အဂၤလန္က စုစုေပါင္း(၉၈.၉၉၇)မွတ္အထိရရွိခဲ့သလို ၂၀၂၀-၂၁ ရာသီအတြက္ (၂၂.၇၈၅)မွတ္အထိရရွိခဲ့တာေၾကာင့္ ၂၀၁၈-၁၉ ရာသီတုန္းက သူတို႔ စံခ်ိန္တင္ရခဲ့ဖူးတဲ့အမွတ္ထက္ ပိုမ်ားခဲ့တာပါ။
ဒ့ါအျပင္ UEFA အဆင့္သတ္မွတ္ခ်က္သမိုင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း စံခ်ိန္တင္အျဖစ္သတ္မွတ္ခံထားရတဲ့ ၂၀၁၅-၁၆ ရာသီတုန္းက လာလီဂါၿပိဳင္ပြဲရရွိခဲ့တဲ့ (၂၃.၉၂၈)မွတ္ကို ပရီးမီးယားလိဂ္က မၾကာခင္ ေက်ာ္ျဖတ္ႏိုင္မယ့္အေနအထားရွိေနပါၿပီ။
၂၀၁၅-၁၆ ရာသီတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ All Spanish Final အျဖစ္ ရီးယဲလ္နဲ႔ အက္သလက္တီကိုတို႔ ဆုံေတြ႕ခဲ့ၿပီး ရီးယဲလ္အသင္းက အႏိုင္ရဗိုလ္စြဲခဲ့သလို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ဆီဗီလာက လီဗာပူးလ္အသင္းကို အႏိုင္ယူဗိုလ္စြဲခဲ့တာေၾကာင့္ အဲဒီေလာက္အထိ စံခ်ိန္တင္အမွတ္ရရွိခဲ့တာလည္းျဖစ္ပါတယ္။
တကယ္လို႔ ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္မွာ အဂၤလန္ကလပ္ေတြဗိုလ္စြဲႏိုင္ခဲ့ရင္ ၂၀၂၀-၂၁ ရာသီအတြက္ အမွတ္ရရွိမႈမွာ ပရီးမီးယားလိဂ္က ၂၀၁၅-၁၆ ရာသီကထက္ ပိုမ်ားသြားမယ့္အေနအထားပါပဲ။ UEFA အဆင့္သတ္မွတ္ခ်က္မွာ အဂၤလန္က ထိပ္ဆုံးေနရာေရာက္လာခဲ့ေပမယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ သတ္မွတ္ထားတဲ့အေရအတြက္က ဘာမွအေျပာင္းအလဲရွိမွာမဟုတ္ဘဲ အရင္အတိုင္းပဲဆက္ရွိေနမွာပါ။
UEFA COEFFICIENT TABLE
1. England 98.997
2. Spain 97.425
3. Italy 75.153
4. Germany 73.570
5. France 56.081