UCL သွင်းဂိုး ၇၀ပြည့်ခဲ့တဲ့ ဘင်ဇီမား၊ ကွာတားဖိုင်နယ် တက်သွားတဲ့ ရီးရဲလ်နဲ့ မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ၁၆သင်းအဆင့် အင်္ဂါည ဒုတိယအကျော့ ပွဲစဉ်တွေမှာတော့ အိမ်ရှင် အသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ မန်စီးတီးတို့က ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ ပထမအကျော့တွေမှာကတည်းက အဝေးကွင်းတွေမှာ ပေးဂိုးမရှိ အနိုင်ပွဲတွေရထားတဲ့ ရီးရဲလ်နဲ့ မန်စီးတီးဟာ အခုပွဲတွေမှာလည်း ဖိအားမှရှိဘဲ အေးဆေးကစားသွားခဲ့ကြတာပါ။ မန်စီးတီးဟာ ဂလက်ဘတ်ကို ပထမပိုင်း မိနစ် ၂၀အတွင်းမှာပဲ ၂ဂိုးစလုံး သွင်းထားခဲ့တာဖြစ်ပါတယ်။

ပွဲစပြီး ၁၂မိနစ်မှာတင် ဒီဘရူနီက ဦးဆောင်ဂိုးစသွင်းခဲ့ပြီး နောက်ထပ် ၆ မိနစ်အကြာမှာ ဂန်ဒိုဂန်က ဒုတိယဂိုးသွင်းသွားခဲ့တာပါ။ ဒီဂိုးဟာ လူငယ်ကစားသမားဖိုဒန်ဟာ ကွင်းလယ်ကနေ တစ်ယောက်တည်းဆွဲပြေးပြီး ဂလက်ဘတ်ကစားသမားတွေကို လျင်လျင်မြန်မြန် ကျော်ဖြတ်နိုင်ခဲ့ပြီး ၈န်ဒ်ုဂန်ရဲ့ ပြေးလမ်းကြောင်းထဲကို အလိုက်သင့် ချပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်စီးတီးတိုက်စစ်မှုး အဂူရိုတစ်ယောက် သူ့ဆီကို အသင်းဖော်တွေက ဘောလုံးပေးပိုးတာ အရမ်းနည်းတယ်ဆိုတဲ့ မကျေနပ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခြေရှိတဲ့ ခန့်မှန်းချက်တွေ ပိုအားကောင်းလာခဲပ့ါတယ်။ နောက်တစ်ပွဲဖြစ်တဲ့ ရီးရဲလ်နဲ့ အတ္တလန္တာပွဲမှာတော့ ဘင်ဇီမာရဲ့ ချန်ပီယံလိဂ်သွင်ဂိုး ၇၀ပြည့်နဲ့အတူ ရာမို့စ်၊အဆန်စီယိုတို့ရဲ့ ဂုိးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့တာပါ။

ဘင်ဖီမာဟာ ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုး ၇၀ပြည့်တဲ့ ၅ဥိး မြောက် ကစားသမားဖြစ်လာခဲ့ပြီး သူဟာ ရီး၇ြလ်တိုက်စစ်မှုးဟောင်း ရာအူးလ်ပီးရင် သွင်းဂိုး ၇၀ ပြည့်တဲ့ ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမားပါပဲ။ ဘင်ဖီမာဟာ အသက် ၃၃နှစ်နဲ့ ၈၇ရက်မှာ UCL သွင်းဂိုး ၇၀ပြည့်ခဲ့တာဖြစ်ပြီး အသက် ၂၇နှစ် ၁၃၄ရက်မှာ ပြည့်ခဲ့တဲ့ မက်ဆီက အငယ်ဆုံးပါ။

ဘင်ဖီမာဟာ ဒီဂိုးအရေတွက်ကို ချန်ပီယံလိဂ်ပွဲပေါင်း ၁၂၆ပွဲ ကစားပြီးချိန်မှာ ရခဲ့တာဖြစ်ပြီး ပွဲအနည်းဆုံးနဲ့ ရခဲ့တဲ့သူကတော့ မက်ဆီပဲဖြစ်ပြီး ပွဲ ၉၀ ကစားပြီး ရထားခဲ့တာပါ။ အတ္တလန္တာနဲ့ပွဲမှာ နည်းပြဖီဒန်းရဲပ ရီးရဲလ်ဟာ လာလီဂါမှာထက် ပိုကောင်းနေခဲ့ပြီး နောက်တန်းမှာ အသင်းခောင်းဆောင် ရာမို့စ်လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ရီးရဲလ်အတွက် ဘင်ဇီမာက ပထမပိုင်း ၃၄မိနစ်မှာ ဦေးဆာင်ဂိုးစသွင်းခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ အတ္တလန္တာအသင်း တိုက်စစ်ကနေ ဂိုးရဖို့ အခွင့်အရေးဖြစ်နေတဲ့အချိန်မှာ ကွင်းလယ်ဒိုင်က half time ဝီစီမှုတ်ခဲ့လို့ ပရိသတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရာမို့စ်က ပင်နယ်တီကနေ ၁ဂိုးသွင်းခဲ့ပြီး မိနစ် ၈၀ကျော်မှာ အတ္တလန္တာက မြူရီရယ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲပသေးပေမယ့် အဆန်စီယိုက ရီးရဲလ်အတွက် နောက်တစ်ဂိုးကို မိနစ်ပိုင်းအတွင်း ထပ်သွင်းခဲ့တဲ့အတွက် ရီးရဲလ်က နှစ်ကျော့ပေါင်း (၄-၁)နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ အဂၤါည ဒုတိယအေက်ာ့ ပြဲစဥ္ေတြမွာေတာ့ အိမ္ရွင္ အသင္းေတြျဖစ္တဲ့ ရီးရဲလ္နဲ႔ မန္စီးတီးတို႔က ၿပိဳင္ဘက္ေတြကို ဂိုးျပတ္ေတြနဲ႔ ထပ္ၿပီး အႏိုင္ယူသြားႏိုင္ခဲ့ပါတယ္။ ပထမအေက်ာ့ေတြမွာကတည္းက အေဝးကြင္းေတြမွာ ေပးဂိုးမရွိ အႏိုင္ပြဲေတြရထားတဲ့ ရီးရဲလ္နဲ႔ မန္စီးတီးဟာ အခုပြဲေတြမွာလည္း ဖိအားမွရွိဘဲ ေအးေဆးကစားသြားခဲ့ၾကတာပါ။ မန္စီးတီးဟာ ဂလက္ဘတ္ကို ပထမပိုင္း မိနစ္ ၂၀အတြင္းမွာပဲ ၂ဂိုးစလုံး သြင္းထားခဲ့တာျဖစ္ပါတယ္။

ပြဲစၿပီး ၁၂မိနစ္မွာတင္ ဒီဘ႐ူနီက ဦးေဆာင္ဂိုးစသြင္းခဲ့ၿပီး ေနာက္ထပ္ ၆ မိနစ္အၾကာမွာ ဂန္ဒိုဂန္က ဒုတိယဂိုးသြင္းသြားခဲ့တာပါ။ ဒီဂိုးဟာ လူငယ္ကစားသမားဖိုဒန္ဟာ ကြင္းလယ္ကေန တစ္ေယာက္တည္းဆြဲေျပးၿပီး ဂလက္ဘတ္ကစားသမားေတြကို လ်င္လ်င္ျမန္ျမန္ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ၈န္ဒ္ုဂန္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို အလိုက္သင့္ ခ်ေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္စီးတီးတိုက္စစ္မႈး အဂူ႐ိုတစ္ေယာက္ သူ႔ဆီကို အသင္းေဖာ္ေတြက ေဘာလုံးေပးပိုးတာ အရမ္းနည္းတယ္ဆိုတဲ့ မေက်နပ္ခ်က္ေတြ ထြက္ေပၚလာခဲ့ၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့ ခန႔္မွန္းခ်က္ေတြ ပိုအားေကာင္းလာခဲပ့ါတယ္။ ေနာက္တစ္ပြဲျဖစ္တဲ့ ရီးရဲလ္နဲ႔ အတၱလႏၲာပြဲမွာေတာ့ ဘင္ဇီမာရဲ႕ ခ်န္ပီယံလိဂ္သြင္ဂိုး ၇၀ျပည့္နဲ႔အတူ ရာမို႔စ္၊အဆန္စီယိုတို႔ရဲ႕ ဂုိးေတြနဲ႔ ဂိုးျပတ္ႏိုင္ခဲ့တာပါ။

ဘင္ဖီမာဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ သြင္းဂိုး ၇၀ျပည့္တဲ့ ၅ဥိး ေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီး သူဟာ ရီး၇ၾလ္တိုက္စစ္မႈးေဟာင္း ရာအူးလ္ပီးရင္ သြင္းဂိုး ၇၀ ျပည့္တဲ့ ဒုတိယေျမာက္ အသက္အႀကီးဆုံး ကစားသမားပါပဲ။ ဘင္ဖီမာဟာ အသက္ ၃၃ႏွစ္နဲ႔ ၈၇ရက္မွာ UCL သြင္းဂိုး ၇၀ျပည့္ခဲ့တာျဖစ္ၿပီး အသက္ ၂၇ႏွစ္ ၁၃၄ရက္မွာ ျပည့္ခဲ့တဲ့ မက္ဆီက အငယ္ဆုံးပါ။

ဘင္ဖီမာဟာ ဒီဂိုးအေရတြက္ကို ခ်န္ပီယံလိဂ္ပြဲေပါင္း ၁၂၆ပြဲ ကစားၿပီးခ်ိန္မွာ ရခဲ့တာျဖစ္ၿပီး ပြဲအနည္းဆုံးနဲ႔ ရခဲ့တဲ့သူကေတာ့ မက္ဆီပဲျဖစ္ၿပီး ပြဲ ၉၀ ကစားၿပီး ရထားခဲ့တာပါ။ အတၱလႏၲာနဲ႔ပြဲမွာ နည္းျပဖီဒန္းရဲပ ရီးရဲလ္ဟာ လာလီဂါမွာထက္ ပိုေကာင္းေနခဲ့ၿပီး ေနာက္တန္းမွာ အသင္းေခာင္းေဆာင္ ရာမို႔စ္လည္း ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ရီးရဲလ္အတြက္ ဘင္ဇီမာက ပထမပိုင္း ၃၄မိနစ္မွာ ဦေးဆာင္ဂိုးစသြင္းခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ အတၱလႏၲာအသင္း တိုက္စစ္ကေန ဂိုးရဖို႔ အခြင့္အေရးျဖစ္ေနတဲ့အခ်ိန္မွာ ကြင္းလယ္ဒိုင္က half time ဝီစီမႈတ္ခဲ့လို႔ ပရိသတ္ေတြအၾကား ေဝဖန္မႈေတြ ျမင့္တက္ေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ရာမို႔စ္က ပင္နယ္တီကေန ၁ဂိုးသြင္းခဲ့ၿပီး မိနစ္ ၈၀ေက်ာ္မွာ အတၱလႏၲာက ျမဴရီရယ္က ေခ်ပဂိုးတစ္ဂိုး ျပန္သြင္းခဲပေသးေပမယ့္ အဆန္စီယိုက ရီးရဲလ္အတြက္ ေနာက္တစ္ဂိုးကို မိနစ္ပိုင္းအတြင္း ထပ္သြင္းခဲ့တဲ့အတြက္ ရီးရဲလ္က ႏွစ္ေက်ာ့ေပါင္း (၄-၁)နဲ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။