UCL ကွာတားဖိုင်နယ်ရောက်ချဲလ်ဆီး နဲ့အတူ နည်းပြတူချယ်ရဲ့ စံချိန်သစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း (၃-ဝ) နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ၂၀၁၄-၁၅ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ကျော့ပြန် ရောက်ရှိခဲ့တာဖြစ်သလို နည်းပြ တူချယ်အတွက်လည်း စံချိန်မှတ်တမ်းကောင်း
ရေးထိုးနိုင်ခဲ့ပါတယ်။

တူချယ်ဟာ ဒီပွဲမတိုင်ခင်အထိ ၁၂ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့ပြီး အရင်နည်ပြဟောင်း စကိုလာရီရဲ့ ၂၀၀၈ခုနှစ်တုန်းက စံချိန်နဲ့ တူညီနေခဲ့တာပါ။ အက်သလက်တီကိုနဲ့ ပွဲစဉ်အပြီးမှာတော့ ၁၃ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန်သစ်ကို တူချယ်က ချဲလ်ဆီးအသင်းသမိုင်းမှာ ရေးထိုးလိုက်တာလည်း ဖြစ်ပါတယ်။ သူရဲ့ လက်ထက်မှာ အသင်းရဲ့ ခြေစွမ်းပိုင်းအပြင် ခံစစ်ပိုင်းစွမ်းဆောင်ရည်ကပါ အထူးကောင်းမွန်ခဲ့ပြီး ဒီ ၁၃ပွဲမှာ ချဲလ်ဆီးဟာ ၁၁ပွဲ ပေဂိုးမရှိခဲ့ပါဘူး။

အက်သလက်တီကိုနဲ့ပွဲမှာ ချဲလ်ဆီးရဲ့ နွေရာသီဈေးကွက်တုန်းက တန်ဖိုးကြီးခေါ်ယူမှုတွေဖြစ်တဲ့ ဇီယက်ချ်၊ တီမိုဝါနာနဲ့ ဟာဗက်ဇ်တို့ ၃ ယောက်ပေါင်း ပေါင်သန်း၁၅၀ဖိုးက ခြေစွမ်းပြ အလုပ်ဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ကန်တီရှင်းထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဟာဗက်ဇ်က တီမိုဝါနာဆီကို အကောင်းမွန်ဆုံး ပေးပို့နိုင်ခဲ့ပြီး တီမိုဝါနာက ဇီယက်ချ်ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးလိုက်တာပါ။

ဇီယက်ချ်ဟာ ချံလ်ျှီးအတွက် ပွဲပေါင်း ၂၀အထိ ဂိုးမသွင်းနိုင်ခဲ့ပဲ အခုမှ ပထမဆုံးပြန်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းမှာ ဈေးကြီးပေး အထင်ကြီးခေါ်ယူခဲ့တဲ့ ကွင်းလယ်က ဟာဗက်ဇ်ဟာ အသင်းအတွက် နောက်ဆုံး ၂၅ပွဲမှာ ၁ဂိုးပဲ သွင်းယူထားနိုင်သလို လိုက်ဇစ်မှာတုန်းက အဓိက တိုက်စစ်မှုးဖြစ်ခဲ့တဲ့ တီမိုဝါနာဆိုရင်လည်း ချဲလ်ဆီးအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၂၇ပွဲမှာ ၂ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်တွေအပြင် ဘောလုံးကျွမ်းကျင်သူတွေကပါ ချဲလ်ဆီးရဲ့ ဈေးကြီပေး တိုက်စစ်ပိုင်းကို ကုန်ကျငွေနဲ့ မကာမိတဲ့ အသုံးပြုမှုအဖြစ် ဝေဖန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် တနင်္ဂနွေညမှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ အက္သလက္တီကိုအသင္းကို ႏွစ္ေက်ာ့ေပါင္း (၃-ဝ) နဲ႔အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ၂၀၁၄-၁၅ ေဘာလုံးရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ တစ္ေက်ာ့ျပန္ ေရာက္ရွိခဲ့တာျဖစ္သလို နည္းျပ တူခ်ယ္အတြက္လည္း စံခ်ိန္မွတ္တမ္းေကာင္း
ေရးထိုးႏိုင္ခဲ့ပါတယ္။

တူခ်ယ္ဟာ ဒီပြဲမတိုင္ခင္အထိ ၁၂ပြဲဆက္တိုက္ ရႈံးပြဲမရွိ ကစားထားႏိုင္ခဲ့ၿပီး အရင္နည္ျပေဟာင္း စကိုလာရီရဲ႕ ၂၀၀၈ခုႏွစ္တုန္းက စံခ်ိန္နဲ႔ တူညီေနခဲ့တာပါ။ အက္သလက္တီကိုနဲ႔ ပြဲစဥ္အၿပီးမွာေတာ့ ၁၃ပြဲ ဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္သစ္ကို တူခ်ယ္က ခ်ဲလ္ဆီးအသင္းသမိုင္းမွာ ေရးထိုးလိုက္တာလည္း ျဖစ္ပါတယ္။ သူရဲ႕ လက္ထက္မွာ အသင္းရဲ႕ ေျခစြမ္းပိုင္းအျပင္ ခံစစ္ပိုင္းစြမ္းေဆာင္ရည္ကပါ အထူးေကာင္းမြန္ခဲ့ၿပီး ဒီ ၁၃ပြဲမွာ ခ်ဲလ္ဆီးဟာ ၁၁ပြဲ ေပဂိုးမရွိခဲ့ပါဘူး။

အက္သလက္တီကိုနဲ႔ပြဲမွာ ခ်ဲလ္ဆီးရဲ႕ ေႏြရာသီေဈးကြက္တုန္းက တန္ဖိုးႀကီးေခၚယူမႈေတြျဖစ္တဲ့ ဇီယက္ခ်္၊ တီမိုဝါနာနဲ႔ ဟာဗက္ဇ္တို႔ ၃ ေယာက္ေပါင္း ေပါင္သန္း၁၅၀ဖိုးက ေျခစြမ္းျပ အလုပ္ျဖစ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ကန္တီရွင္းထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ဟာဗက္ဇ္က တီမိုဝါနာဆီကို အေကာင္းမြန္ဆုံး ေပးပို႔ႏိုင္ခဲ့ၿပီး တီမိုဝါနာက ဇီယက္ခ်္ဂိုးသြင္းႏိုင္ဖို႔ ဖန္တီးေပးလိုက္တာပါ။

ဇီယက္ခ်္ဟာ ခ်ံလ္ွ်ီးအတြက္ ပြဲေပါင္း ၂၀အထိ ဂိုးမသြင္းႏိုင္ခဲ့ပဲ အခုမွ ပထမဆုံးျပန္သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ပိုင္းမွာ ေဈးႀကီးေပး အထင္ႀကီးေခၚယူခဲ့တဲ့ ကြင္းလယ္က ဟာဗက္ဇ္ဟာ အသင္းအတြက္ ေနာက္ဆုံး ၂၅ပြဲမွာ ၁ဂိုးပဲ သြင္းယူထားႏိုင္သလို လိုက္ဇစ္မွာတုန္းက အဓိက တိုက္စစ္မႈးျဖစ္ခဲ့တဲ့ တီမိုဝါနာဆိုရင္လည္း ခ်ဲလ္ဆီးအတြက္ ကစားေပးခဲ့တဲ့ ေနာက္ဆုံး ၂၇ပြဲမွာ ၂ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ခ်ဲလ္ဆီးပရိသတ္ေတြအျပင္ ေဘာလုံးကြၽမ္းက်င္သူေတြကပါ ခ်ဲလ္ဆီးရဲ႕ ေဈးႀကီေပး တိုက္စစ္ပိုင္းကို ကုန္က်ေငြနဲ႔ မကာမိတဲ့ အသုံးျပဳမႈအျဖစ္ ေဝဖန္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ လာမယ့္ တနဂၤေႏြညမွာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ပြဲစဥ္အျဖစ္ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားရဖို႔ ရွိပါတယ္။