သူရင်ဆိုင်ဖူးသမျှ အခက်ခဲဆုံးခံစစ် ၄ ယောက်တန်းကို ဖွင့်ဟလိုက်တဲ့ဟယ်ရီကိန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးဂန္ထဝင်တစ်ယောက်၊ ရီးရဲလ်မက်ဒရစ်စူပါစတားနှစ်ယောက်နဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဘရာဇီးကစားသမားတွေထဲက တစ်ယောက်တို့ဟာ စပါးတိုက်စစ်မှုးဟယ်ရီကိန်းရင်ဆိုင်ခဲ့ဖူးသမျှ အခက်ခဲဆုံးခံစစ် ၄ ယောက်တန်းဖြစ်ပါတယ်။ အဲဒီစပါးရဲ့နံပါတ် ၁၀ ကစားသမားဟာ သူရင်ဆိုင်ဖူးသမျှအခက်ခဲဆုံးနောက်ခံလူတွေထဲက တစ်ယောက်အဖြစ် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ရဲ့နာမည်ကိုပြောဖို့ တုံ့ဆိုင်းမနေခဲ့ပါဘူး။


”ဂျွန်တယ်ရီပေါ့ဗျာ။ သူနဲ့ ကျွန်တော် ၂ နှစ်ကြာရင်ဆိုင်ခဲ့ဖူးပြီး တကယ်ကို စမတ်ကျတဲ့နောက်ခံလူတစ်ယောက်ပါ။ နေရာယူပုံကောင်းတယ်၊ သူ့ဘော်ဒီကို ကောင်းကောင်းအသုံးချတယ်၊ ပြိုင်ဘက်က ဖြတ်ပြေးတာကို ခွင့်မပြုဘူး”လို့ ဟယ်ရီကိန်းက ခိုင်ခိုင်မာမာပြောခဲ့တာပါ။


သူထပ်ရွေးတဲ့ နောက်ထပ်ဗဟိုခံစစ်မှုးတစ်ယောက်နဲ့ပတ်သက်ပြီးတော့လည်း အခုလို ဆက်ပြောပါတယ်။ ”ဆာဂျီယိုရာမို့စ်ပါ။ အရမ်းကောင်းပြီး ပြည့်စုံတဲ့ကစားသမားတစ်ယောက်ပေါ့။ အရင်က ချီရယ်လီနီလို့လည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ချီရယ်လီနီနဲ့က ဂျူဗင်တပ်နဲ့ရော အီတလီနဲ့ပါ တွေ့ခဲ့ဖူးတာပါ။ ပြီးရင်တော့ လောလောဆယ်မှာ ဗန်ဒစ်ဂျ်က အကောင်းဆုံးတွေထဲက တစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်”လို့ ကိန်းက ဆိုခဲ့တာပါ။


ကိန်းပြောခဲ့တာ ဗဟိုခံစစ်မှုး ၄ ယောက်တောင်ဖြစ်သွာပေမယ့် အင်တာဗျူးခဲ့တဲ့ sportbilble အားကစားမီဒီယာကတော့ ပထမဆုံးသူပြောတဲ့တယ်ရီနဲ့ရာမို့စ်တို့နှစ်ယောက်ကိုသာ အတည်ယူခဲ့ပါတယ်။ ရင်ဆိုင်ဖူးသမျှ အကောင်းဆုံးနောက်ခံလူတွေအကြောင်း ဆက်မေးတော့ ဟယ်ရီကိန်းက အခုလိုဆက်ဖြေပါတယ်။


”တစ်ယောက်က ရီးရဲလ်မှာကစားတဲ့မာဆယ်လိုပါ။ သိပ်ကောင်းတဲ့ဘယ်နောက်ခံလူပေါ့။ ဘောလုံးအပေါ် သူ့ရဲ့အရည်အသွေးကတော့ အံ့သြစရာပါ။ တကယ့်ကိုထူးရှယ်ကစားသမားပါ။ ညာနောက်ခံဆိုရင်တော့ ရာသီကြိုပွဲတစ်ပွဲမှာ ဒန်နီအဲလ်ဗက်စ်နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကိုယ့်စိတ်ထဲရှိသလောက်ကို ကောင်းတဲ့သူပါ။ ကျွန်တော်က တောင်ပံတွေမှာ ကစားတာမဟုတ်တော့ နောက်ခံအစွန်တွေနဲ့ သိပ်အများကြီး မထိတွေ့ရပါဘူး။ ဒါပေမဲ့ ကွင်းထဲမှာတော့ သူတို့ရဲ့အရည်အသွေးကို သေချာပေါက်တွေ့ရတာပေါ့ဗျာ”လို့ ကိန်းက ဖြေခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

သူရင္ဆိုင္ဖူးသမွ် အခက္ခဲဆံုးခံစစ္ ၄ ေယာက္တန္းကို ဖြင့္ဟလိုက္တဲ့ဟယ္ရီကိန္း

ခ်ဲလ္ဆီးဂႏၳ၀င္တစ္ေယာက္၊ ရီးရဲလ္မက္ဒရစ္စူပါစတားႏွစ္ေယာက္နဲ႔ သမိုင္းတစ္ေလွ်ာက္ အေအာင္ျမင္ဆုံးဘရာဇီးကစားသမားေတြထဲက တစ္ေယာက္တို႔ဟာ စပါးတုိက္စစ္မႈးဟယ္ရီကိန္းရင္ဆိုင္ခဲ့ဖူးသမွ် အခက္ခဲဆုံးခံစစ္ ၄ ေယာက္တန္းျဖစ္ပါတယ္။ အဲဒီစပါးရဲ႕နံပါတ္ ၁၀ ကစားသမားဟာ သူရင္ဆိုင္ဖူးသမွ်အခက္ခဲဆုံးေနာက္ခံလူေတြထဲက တစ္ေယာက္အျဖစ္ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းတစ္ေယာက္ရဲ႕နာမည္ကိုေျပာဖို႔ တုံ႔ဆိုင္းမေနခဲ့ပါဘူး။

”ဂၽြန္တယ္ရီေပါ့ဗ်ာ။ သူနဲ႔ ကၽြန္ေတာ္ ၂ ႏွစ္ၾကာရင္ဆိုင္ခဲ့ဖူးၿပီး တကယ္ကို စမတ္က်တဲ့ေနာက္ခံလူတစ္ေယာက္ပါ။ ေနရာယူပုံေကာင္းတယ္၊ သူ႔ေဘာ္ဒီကို ေကာင္းေကာင္းအသုံးခ်တယ္၊ ၿပိဳင္ဘက္က ျဖတ္ေျပးတာကို ခြင့္မျပဳဘူး”လို႔ ဟယ္ရီကိန္းက ခိုင္ခိုင္မာမာေျပာခဲ့တာပါ။

သူထပ္ေရြးတဲ့ ေနာက္ထပ္ဗဟုိခံစစ္မႈးတစ္ေယာက္နဲ႔ပတ္သက္ၿပီးေတာ့လည္း အခုလို ဆက္ေျပာပါတယ္။ ”ဆာဂ်ီယိုရာမို႔စ္ပါ။ အရမ္းေကာင္းၿပီး ျပည့္စုံတဲ့ကစားသမားတစ္ေယာက္ေပါ့။ အရင္က ခ်ီရယ္လီနီလုိ႔လည္း ကၽြန္ေတာ္ေျပာခဲ့ဖူးပါတယ္။ ခ်ီရယ္လီနီနဲ႔က ဂ်ဴဗင္တပ္နဲ႔ေရာ အီတလီနဲ႔ပါ ေတြ႕ခဲ့ဖူးတာပါ။ ၿပီးရင္ေတာ့ ေလာေလာဆယ္မွာ ဗန္ဒစ္ဂ်္က အေကာင္းဆုံးေတြထဲက တစ္ေယာက္လို႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ကိန္းက ဆုိခဲ့တာပါ။

ကိန္းေျပာခဲ့တာ ဗဟိုခံစစ္မႈး ၄ ေယာက္ေတာင္ျဖစ္သြာေပမယ့္ အင္တာဗ်ဴးခဲ့တဲ့ sportbilble အားကစားမီဒီယာကေတာ့ ပထမဆုံးသူေျပာတဲ့တယ္ရီနဲ႔ရာမို႔စ္တုိ႔ႏွစ္ေယာက္ကိုသာ အတည္ယူခဲ့ပါတယ္။ ရင္ဆုိင္ဖူးသမွ် အေကာင္းဆုံးေနာက္ခံလူေတြအေၾကာင္း ဆက္ေမးေတာ့ ဟယ္ရီကိန္းက အခုလိုဆက္ေျဖပါတယ္။

”တစ္ေယာက္က ရီးရဲလ္မွာကစားတဲ့မာဆယ္လိုပါ။ သိပ္ေကာင္းတဲ့ဘယ္ေနာက္ခံလူေပါ့။ ေဘာလုံးအေပၚ သူ႔ရဲ႔အရည္အေသြးကေတာ့ အ့ံၾသစရာပါ။ တကယ့္ကိုထူးရွယ္ကစားသမားပါ။ ညာေနာက္ခံဆုိရင္ေတာ့ ရာသီႀကိဳပြဲတစ္ပြဲမွာ ဒန္နီအဲလ္ဗက္စ္နဲ႔ ရင္ဆိုင္ခဲ့ဖူးပါတယ္။ ကိုယ့္စိတ္ထဲရွိသေလာက္ကို ေကာင္းတဲ့သူပါ။ ကၽြန္ေတာ္က ေတာင္ပံေတြမွာ ကစားတာမဟုတ္ေတာ့ ေနာက္ခံအစြန္ေတြနဲ႔ သိပ္အမ်ားႀကီး မထိေတြ႕ရပါဘူး။ ဒါေပမဲ့ ကြင္းထဲမွာေတာ့ သူတို႔ရဲ႕အရည္အေသြးကို ေသခ်ာေပါက္ေတြ႕ရတာေပါ့ဗ်ာ”လုိ႔ ကိန္းက ေျဖခဲ့တာပါ။