
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းရဲ့နည်းပြ တူချယ်လ်က အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ တီမိုဝါနာရဲ့ အသင်းအတွက် အကောင်းဆုံးပါဝင်စွမ်းဆောင်နိုင်မှုကို ချီးကျူးပြောဆိုထားပါတယ်။
ချီးကျူးတာ ပျော်စရာဖြစ်ပေမယ့် ပြောတဲ့စကားက မြန်မာလူမျိုးတွေအတွက်ဆိုရင်တော့ အတော်ကိုနားဝင်ဆိုးစေတဲ့ နာလိုခံခက်ဖြစ်စေပါတယ်။
ဒါဟာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုးမှာ တိရိစ္ဆာန်တွေအပေါ်မှာ မတူညီတဲ့ တန်ဖိုးထားမှု သဘောထားတွေသာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီး အသင်းကို အီတီဟတ်ကွင်းမှာ နောက်ကနေ လိုက်ကစားရင်း ၊
ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ဟာကင် ဇီယက်ချ် ၊ မားကို့စ် အလွန်ဆို တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ comeback နိုင်ပွဲ ရရှိခဲ့ပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဝါနာဟာ သူ့ရဲ့အသင်းဟောင်း လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ
သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အခုအသင်းသစ် ချယ်လ်ဆီးမှာတော့ သူ့ရဲ့သွင်းဂိုးက (၁၂)ဂိုးပဲ ရှိနေခဲ့ပါတယ်။
နည်းပြတူချယ်လ်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာကတည်းက ဝါနာဟာ လက်ရှိအခြေအနေတွေနဲ့ ကောင်းကောင်းလိုက်ဖက်လာအောင် ကစားနိုင်လာခဲ့တယ်။
သူ့ရဲ့ အလုပ်လုပ်တဲ့ ပုံစံက မနေမနား မဆုတ်မနစ် လုပ်ကိုင်တဲ့ပုံမျိုးပါ။”
“သူဟာ တစ်ပွဲလုံး မမောမပန်းဘဲ ပြေးလွှားကစားနိုင်ပါတယ် ။ ဒီလို ကစားပုံမျိုးကို သူ ကိုယ်တိုင် အမှန်တကယ် အလိုရှိတာ ဖြစ်ပြီး ၊ မန်စီးတီးပွဲက
သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျွန်တော်ကျေနပ်အားရမိပါတယ် ။ ”
“ဝါနာရဲ့ အလုပ်လုပ်အားတွေက ခွေးတစ်ကောင်လိုပဲ။ အရမ်းကို ကြိုးစားအားထုတ်မှုကောင်းတယ်။
သူဟာ ပြေးအား ၊ လုပ်အားတွေနဲ့ ပြိုင်ဖက် ခံစစ်ကို အချိန်တိုင်း အခက်တွေ့စေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi Version
ႏိွဳင္းစရာရွားလုိ႔ ၀ါနာကို ေခြးနဲ႔ႏိွဳင္း ခ်ီးက်ဴးတဲ့ တူခ်ယ္လ္
ခ်ယ္လ္ဆီးအသင္းရဲ့နည္းျပ တူခ်ယ္လ္က အသင္းရဲ့ ဂ်ာမန္တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ တီမိုဝါနာရဲ့ အသင္းအတြက္ အေကာင္းဆုံးပါဝင္စြမ္းေဆာင္နိုင္မွုကို ခ်ီး
က်ဴးေျပာဆိုထားပါတယ္။ ခ်ီးက်ဴးတာ ေပ်ာ္စရာျဖစ္ေပမယ့္ ေျပာတဲ့စကားက နာလိုခံခက္ျဖစ္ေစပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ မေန႔ညက ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ မန္စီးတီး အသင္းကို အီတီဟတ္ကြင္းမွာ ေနာက္ကေန လိုက္ကစားရင္း ၊ ဒုတိယပိုင္းမွာ ရရွိခဲ့တဲ့ ဟာကင္ ဇီယက္ခ်္ ၊ မားကို့စ္ အလြန္ဆို တို့ရဲ့ သြင္းဂိုးေတြနဲ႔အတူ comeback နိုင္ပြဲ ရရွိခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အရြယ္ရွိ ဂ်ာမန္လက္ေရြးစင္ တိုက္စစ္ကစားသမား ဝါနာဟာ သူ႔ရဲ့အသင္းေဟာင္း လိုက္ပ္ဇစ္အသင္းနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ေဘာလုံးရာသီအတြင္းမွာ သြင္းဂိုးစုစုေပါင္း (၃၄)ဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ့္ အခုအသင္းသစ္ ခ်ယ္လ္ဆီးမွာေတာ့ သူ႔ရဲ့သြင္းဂိုးက (၁၂)ဂိုးပဲ ရွိေနခဲ့ပါတယ္။
နည္းျပတူခ်ယ္လ္က “ၿပီးခဲ့တဲ့ ရက္သတၱပတ္မွာကတည္းက ၀ါနာဟာ လက္ရွိအေျခအေနေတြနဲ႔ ေကာင္းေကာင္းလိုက္ဖက္လာေအာင္ ကစားနိုင္လာခဲ့တယ္။ သူ႔ရဲ့ အလုပ္လုပ္တဲ့ ပုံစံက မေနမနား မဆုတ္မနစ္ လုပ္ကိုင္တဲ့ပုံမ်ိဳးပါ။” “သူဟာ တစ္ပြဲလုံး မေမာမပန္းဘဲ ေျပးလႊားကစားနိုင္ပါတယ္ ။ ဒီလို ကစားပုံမ်ိဳးကို သူ ကိုယ္တိုင္ အမွန္တကယ္ အလိုရွိတာ ျဖစ္ၿပီး ၊ မန္စီးတီးပြဲက သူ႔ရဲ့ စြမ္းေဆာင္ရည္ကိုလည္း ကၽြန္ေတာ္ေက်နပ္အားရမိပါတယ္ ။ ”
“ဝါနာရဲ့ အလုပ္လုပ္အားေတြက ေခြးတစ္ေကာင္လိုပဲ။အရမ္းကို ႀကိဳးစားအားထုတ္မွုေကာင္းတယ္။သူဟာေျပးအား ၊ လုပ္အားေတြနဲ႔ ၿပိဳင္ဖက္ ခံစစ္ကို အခ်ိန္တိုင္း အခက္ေတြ႕ေစခဲ့ပါတယ္ ။ “လို့ ေျပာၾကားခဲ့ပါတယ္။