The Return of “the Real Ronaldo” လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ရော်နယ်ဒိုကို ဘယ်သူတားဆီးနိုင်မလဲ

Photo Credit

Photo Credit

အီတလီသားကြီး မော်ရီဇီယိုဆာရီဆိုတာ ပုံမှန်အားဖြင့်တော့ တစ်ဦးချင်းထူးချွန်မှုထက် အသင်းလိုက်ပုံစံကိုပဲ ပိုမိုအားကိုးတဲ့နည်းပြဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒီတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလက ရွှေဘောလုံးဆုရယူကာ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရွှေဘောလုံးဆုအများဆုံးရရှိသူအဖြစ် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ရပ်တည်နိုင်ခဲ့မှုအပေါ် စိတ်ပျက်မိတယ်လို့ ဖွင့်ဟခဲ့တဲ့ ဂျူဗင်တပ်နည်းပြရဲ့အဖြစ်က စိတ်ဝင်စားစရာကောင်းလာပါတယ်။ ”တစ်ယောက်ယောက်က ရော်နယ်ဒိုထက် ရွှေဘောလုံးဆုပိုရတယ်ဆိုတာ တကယ့်ကိုစိတ်ပျက်စရာပါပဲ”လို့ ဆာရီက ဝန်ခံပါတယ်။ အကောင်းဘက်ကကြည့်ရင် ရွှေဘောလုံးဆုအရေအတွက်မှာ ရော်နယ်ဒိုကို မက်ဆီ ကျော်ဖြတ်သွားတာ ဆာရီအတွက် ဝမ်းသာစရာလို့တောင် ဆိုနိုင်ပါတယ်။

Photo Credit

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒီလိုပုံစံမျိုးငြင်းဆန်ခံရတာကို ကောင်းကောင်းမတုံ့ပြန်ခဲ့ပါဘူး။ သူ ဆုရဖို့ မဖြစ်နိုင်လောက်ဘူးလို့ ကြိုတင်နာမည်ကြီးခဲ့တဲ့ဆုပေးပွဲအခမ်းအနားကို လုံးဝမတက်ရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ရော်နယ်ဒိုဟာ သူနာကျင်ခံစားနေရပြီဆိုရင် အန္တရာယ်အရှိဆုံးလူသားဖြစ်သွားတတ်ပါတယ်။ ရွှေဘောလုံးဆုစာရင်းမှာ မက်ဆီရဲ့ကျော်ဖြတ်ခြင်း ခံရချိန် အီတလီမှာ အသက် ၃၅ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုတစ်ယောက် နောက်ဆုံးမှာတော့ အသက်အရွယ်အရ အကျပိုင်းရောက်နေပြီလားဆိုတဲ့ Debate က အတော်လေးလူပြောများနေပြီးသားပါ။ ဒီရာသီမှာ မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ဒူးဒဏ်ရာနဲ့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ရမှုတွေကြောင့် ရော်နယ်ဒိုဟာ စီးရီးအေမှာ ၅ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ရော်နယ်ဒိုဟာ အဲဒီနောက်ပိုင်း ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲဆက် ဂိုးသွင်းယူထားပြီး အဲဒီကာလအတွင်း သွင်းဂိုးစုစုပေါင်းက ၁၁ဂိုးအထိ ရှိပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်လည်း ရိုးမားကို ၃-၁ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Gazzetta dello Sport သတင်းစာက အဲဒီပွဲအပြီးမှာ The Return of “the Real Ronaldo” ဆိုတဲ့ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဝေေ၀ဆာဆာဖော်ပြခဲ့ပြီး အကြီးကျယ်ဆုံးသောကစားသမားက စီးရီးအေပြိုင်ပွဲကို ဂုဏ်ရောင်ဂုဏ်ထည်ထွန်းလင်းစေနိုင်မလားလို့တောင် ရေးသားခဲ့ပါတယ်။ တူရင်မှာ အေစီမီလန်နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုတစ်ယောက် ဆာရီရဲ့လူစားလဲခြင်းခံခဲ့ရပြီးနောက် ဒေါသတကြီးတုံ့ပြန်ခဲ့မှုအပေါ် အီတလီဂန္ထဝင်နည်းပြကြီး ဖေဘီယိုကာပယ်လို ပြင်းထန်စွာဝေဖန်ခဲ့တာ ၂လပဲကြာမြင့်သေးချိန်မှာ ရော်နယ်ဒိုက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲနိုင်ခဲ့တာပါ။

Photo Credit

ရော်နယ်ဒိုဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ဝေဖန်မှုတွေမှားယွင်းကြောင်း အလုပ်နဲ့ အမြဲတမ်းသက်သေပြခဲ့တာဖြစ်ပြီး အခုလည်း သူ့အတွက် သိပ်မထူးဆန်းတဲ့ဖြစ်ရပ်လို့ အီတလီမီဒီယာတွေက ရေးသားနေကြပါတယ်။ ဆာရီကိုယ်တိုင်ကလည်း ဒီဖြစ်ရပ်ကို အကောင်းဆုံးကိုင်တွယ်စီမံနိုင်ခဲ့ပါတယ်။ အေစီမီလန်နဲ့ပွဲအပြီးမှာ ရော်နယ်ဒိုကို ပြစ်တင်ဝေဖန်ခြင်းမရှိဘဲ ရော်နယ်ဒိုအနေနဲ့ နာကျင်နေတဲ့ကြားက အသင်းအတွက် ကာလရှည်ဆက်ကစားပေးနေတာဖြစ်ကြောင်း ကာကွယ်ပေးခဲ့ပါတယ်။ နောက်ပြီး အခုလို ရော်နယ်ဒိုတစ်ယောက် အကောင်းဆုံးပုံစံပြန်ရလာမှုမှာ သူ့ကြောင့်ဆိုတဲ့ ပြောကြားချက်တွေကို ပယ်ချသွားခဲ့ပြီး အားလုံးက ရော်နယ်ဒိုရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အကောင်းဆုံးဖြစ်လိုတဲ့စိတ်ဓာတ်တို့ကြောင့်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

”ရော်နယ်ဒိုရဲ့လက်ရှိပုံစံကောင်းအတွက် ကျွန်တော်က ကြားထဲကနေ အမှတ်ယူလို့မရပါဘူး။ သူ့လို သားမျိုးမွေးဖွားပေးခဲ့တဲ့ ရော်နယ်ဒိုရဲ့အမေကိုပဲ အသိအမှတ်ပြုရမှာဖြစ်ပါတယ်”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ဒီလိုအောင်မြင်နေမှုမှာ အဓိကအကျဆုံးကတော့ ရော်နယ်ဒိုကိုယ်တိုင်ဖြစ်ပြီး အသက် ၃၅နှစ်အရွယ်ရောက်နေတာတောင် လူငယ်တွေနဲ့အပြိုင်ကစားနိုင်သေးတဲ့ သူ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ အောင်မြင်မှုအပေါ် ဆာလောင်စိတ်တွေက အဓိကတွန်းအားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုအနေနဲ့ နည်းပြဆာရီရဲ့လက်အောက်မှာ ကစားခွင့်ရရှိတာကလည်း အကျိုးရှိစေပြီး ဆာရီအနေနဲ့ ရော်နယ်ဒိုကို ဘယ်လိုသုံးရမလဲဆိုတာ လုံးဝနားလည်ထားသူဖြစ်ပါတယ်။

Photo Credit

”ကျွန်တော်တို့အသင်းမှာ ချန်ပီယံတစ်ဦးရှိပါတယ်။ သူဟာ တစ်ခါတလေ ပြဿနာတစ်ခုလောက်ဖန်တီးတတ်ပေမယ့် ပြဿနာ ၁၀၀ လောက် ပြန်ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်”လို့ ဆာရီက ပြောပါတယ်။ ဆာရီဟာ ရော်နယ်ဒိုကို ဝန်းရံပြီး တောင့်တင်းတဲ့အသင်းတစ်သင်း တည်ဆောက်နိုင်ဖို့လည်း ကြိုးစားနေပြီး အထူးသဖြင့် ရော်နယ်ဒိုဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်ပေါ်လာအောင် ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိအနေအထားကတော့ ဂျူဗင်တပ်အတွက် အကောင်းဘက်ရောက်နေပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွေကျင်းပဖို့ နီးကပ်လာချိန်မှာ ရော်နယ်ဒိုက ဂျူဗင်တပ်ကစားသမားဘ၀ အကောင်းဆုံးအချိန် ရောက်နေပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၅ ခုနှစ်က ပြင်သစ်တိုက်စစ်မှူး ထရက်ဇီဂေးနောက်ပိုင်း ဂျူဗင်တပ်အတွက် လိဂ်၇ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပြီး တနင်္ဂနွေနေ့ညမှာ အထည်ကြီးပျက် နာပိုလီအသင်းနဲ့ကစားရမှာဖြစ်လို့ သူ့ရဲ့စံချိန်က ဒီထက်ပိုကောင်းလာဖို့ ရာခိုင်နှုန်းများနေပါတယ်။

Photo Credit

လက်ရှိအချိန်မှာ ရော်နယ်ဒိုတစ်ဦးတည်း ခြေစွမ်းပြဂိုးမြူးနေတဲ့ ဂျူဗင်တပ်တိုက်စစ်မှူးမဟုတ်ဘဲ ဒီဘားလားကလည်း ဒီရာသီ ၂၆ပွဲကစားပြီးချိန်မှာ ၁၁ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ၄၂ပွဲကစားပြီးမှ ၁၀ဂိုးသာသွင်းယူနိုင်ခဲ့တာကိုကြည့်ရင် ဒီဘားလားရဲ့ဂိုးသွင်းနှုန်း ပြန်တက်လာတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နွေရာသီက အာဂျင်တီးနားနိုင်ငံသား ဒီဘားလားကို ရောင်းချဖို့ အလွန်နီးစပ်ခဲ့ပြီး ဆာရီအစားဝင်ခဲ့တဲ့ နည်းပြဟောင်း အယ်လီဂရီလက်ထက်မှာ ရော်နယ်ဒိုနဲ့ ဒီဘားလားတို့ကို အကောင်းဆုံးတွဲပေးဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီဘားလားရဲ့ပုံစံက နောက်ဆုံး ၁၈လအတွင်း အကောင်းဆုံးအနေအထားဖြစ်နေပါတယ်။

Photo Credit

ဒီထက်ပိုအရေးကြီးတာက ဒီဘားလားဟာ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့အကောင်းဆုံးတွဲဖက်ကစားနိုင်တဲ့အပြင် ဟီဂူအင်နဲ့ ဟီဂူအင်တို့နောက် ကျောနံပါတ် ၁၀ နေရာကနေပါ ကစားနိုင်စွမ်းရှိကြောင်း သက်သေပြထားပြီး ရော်နယ်ဒိုအတွက် ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးထားပါတယ်။ ခံစစ်ပိုင်းမှာဆိုရင်လည်း နယ်သာလန်နောက်ခံလူ ဒီလစ်ဂျ်က အသင်းသစ်မှာ တစ်ဖြည်းဖြည်းအထိုင်ကျလာပြီဖြစ်သလို ရာသီအစကတည်းက ပြင်းထန်တဲ့ဒဏ်ရာကြောင့်အနားယူနေရတဲ့အသင်းခေါင်းဆောင် ချီရယ်လီနီလည်း ပြန်ကစားနိုင်တော့မှာဖြစ်လို့ ဂျူဗင်တပ်အတွက် သတင်းကောင်းပါပဲ။ ဂျူဗင်တပ်အနေနဲ့ စီးရီးအေမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ရာခိုင်နှုန်းများနေပေမယ့် လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ကြိုးစားရမယ့်သဘောရှိနေပါတယ်။

Photo Credit

ဒါပေမဲ့ ရော်နယ်ဒိုက သူ့အတွက် ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ စိတ်အားထက်သန်နေပြီး ၆ကြိမ်မြောက် ရွှေဘောလုံးဆုရယူဖို့လည်း ရည်မှန်းထားပါတယ်။ အဲဒီလမ်းကြောင်းတွေမှာ ပြိုင်ဘက်အားလုံးကလည်း သူ့ကို တားဆီးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိပုံစံအရတော့ အဲဒီကြိုးစားမှုတွေက လွယ်ကူလာမှာမဟုတ်ပါဘူး။

Photo Credit

Zawgyi

The Return of “the Real Ronaldo”
လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာတဲ့ ေရာ္နယ္ဒိုကို ဘယ္သူတားဆီးႏိုင္မလဲ

အီတလီသားႀကီး ေမာ္ရီဇီယိုဆာရီဆုိတာ ပုံမွန္အားျဖင့္ေတာ့ တစ္ဦးခ်င္းထူးခၽြန္မႈထက္ အသင္းလုိက္ပုံစံကိုပဲ ပိုမိုအားကုိးတဲ့နည္းျပဆုိတာ အားလုံးလည္း သိမယ္ထင္ပါတယ္။ ဒီေတာ့ ၿပီးခဲ့တဲ့ဒီဇင္ဘာလက ေရႊေဘာလုံးဆုရယူကာ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ၿပီး ေရႊေဘာလုံးဆုအမ်ားဆုံးရရွိသူအျဖစ္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ ရပ္တည္ႏိုင္ခဲ့မႈအေပၚ စိတ္ပ်က္မိတယ္လုိ႔ ဖြင့္ဟခဲ့တဲ့ ဂ်ဴဗင္တပ္နည္းျပရဲ႕အျဖစ္က စိတ္၀င္စားစရာေကာင္းလာပါတယ္။ ”တစ္ေယာက္ေယာက္က ေရာ္နယ္ဒိုထက္ ေရႊေဘာလုံးဆုပိုရတယ္ဆုိတာ တကယ့္ကိုစိတ္ပ်က္စရာပါပဲ”လုိ႔ ဆာရီက ၀န္ခံပါတယ္။ အေကာင္းဘက္ကၾကည့္ရင္ ေရႊေဘာလုံးဆုအေရအတြက္မွာ ေရာ္နယ္ဒိုကို မက္ဆီ ေက်ာ္ျဖတ္သြားတာ ဆာရီအတြက္ ၀မ္းသာစရာလုိ႔ေတာင္ ဆုိႏုိင္ပါတယ္။
ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ဒီလုိပုံစံမ်ိဳးျငင္းဆန္ခံရတာကို ေကာင္းေကာင္းမတု႔ံျပန္ခဲ့ပါဘူး။ သူ ဆုရဖို႔ မျဖစ္ႏုိင္ေလာက္ဘူးလုိ႔ ႀကိဳတင္နာမည္ႀကီးခဲ့တဲ့ဆုေပးပြဲအခမ္းအနားကို လုံး၀မတက္ေရာက္ခဲ့ပါဘူး။ ဒါေပမဲ့ ေရာ္နယ္ဒိုဟာ သူနာက်င္ခံစားေနရၿပီဆုိရင္ အႏၱရာယ္အရွိဆုံးလူသားျဖစ္သြားတတ္ပါတယ္။ ေရႊေဘာလုံးဆုစာရင္းမွာ မက္ဆီရဲ႕ေက်ာ္ျဖတ္ျခင္း ခံရခ်ိန္ အီတလီမွာ အသက္ ၃၅ ႏွစ္ျပည့္ေတာ့မယ့္ ေရာ္နယ္ဒိုတစ္ေယာက္ ေနာက္ဆုံးမွာေတာ့ အသက္အရြယ္အရ အက်ပိုင္းေရာက္ေနၿပီလားဆုိတဲ့ Debate က အေတာ္ေလးလူေျပာမ်ားေနၿပီးသားပါ။ ဒီရာသီမွာ မၾကာခဏျဖစ္ေပၚေလ့ရွိတဲ့ ဒူးဒဏ္ရာနဲ႔ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ရမႈေတြေၾကာင့္ ေရာ္နယ္ဒိုဟာ စီးရီးေအမွာ ၅ဂိုးပဲ သြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ေရာ္နယ္ဒိုဟာ အဲဒီေနာက္ပိုင္း ၿပိဳင္ပြဲစုံေနာက္ဆုံး ၇ပဲြဆက္ ဂိုးသြင္းယူထားၿပီး အဲဒီကာလအတြင္း သြင္းဂုိးစုစုေပါင္းက ၁၁ဂိုးအထိ ရွိပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ကိုပါအီတာလီယာဖလားကြာတားဖိုင္နယ္မွာလည္း ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဂ်ဴဗင္တပ္လည္း ႐ိုးမားကို ၃-၁ ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ Gazzetta dello Sport သတင္းစာက အဲဒီပြဲအၿပီးမွာ The Return of “the Real Ronaldo” ဆုိတဲ့ေခါင္းစဥ္နဲ႔ မ်က္ႏွာဖုံးမွာ ေ၀ေ၀ဆာဆာေဖာ္ျပခဲ့ၿပီး အႀကီးက်ယ္ဆုံးေသာကစားသမားက စီးရီးေအၿပိဳင္ပြဲကို ဂုဏ္ေရာင္ဂုဏ္ထည္ထြန္းလင္းေစႏုိင္မလားလုိ႔ေတာင္ ေရးသားခဲ့ပါတယ္။ တူရင္မွာ ေအစီမီလန္နဲ႔ စိတ္ပ်က္ဖြယ္သေရက်ခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုတစ္ေယာက္ ဆာရီရဲ႕လူစားလဲျခင္းခံခဲ့ရၿပီးေနာက္ ေဒါသတႀကီးတု႔ံျပန္ခဲ့မႈအေပၚ အီတလီဂႏၳ၀င္နည္းျပႀကီး ေဖဘီယိုကာပယ္လုိ ျပင္းထန္စြာေ၀ဖန္ခဲ့တာ ၂လပဲၾကာျမင့္ေသးခ်ိန္မွာ ေရာ္နယ္ဒိုက အ့ံအားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေျပာင္းလဲႏိုင္ခဲ့တာပါ။
ေရာ္နယ္ဒိုဟာ သူ႕ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀တစ္ေလွ်ာက္လုံး ေ၀ဖန္မႈေတြမွားယြင္းေၾကာင္း အလုပ္နဲ႔ အၿမဲတမ္းသက္ေသျပခဲ့တာျဖစ္ၿပီး အခုလည္း သူ႕အတြက္ သိပ္မထူးဆန္းတဲ့ျဖစ္ရပ္လုိ႔ အီတလီမီဒီယာေတြက ေရးသားေနၾကပါတယ္။ ဆာရီကိုယ္တိုင္ကလည္း ဒီျဖစ္ရပ္ကို အေကာင္းဆုံးကုိင္တြယ္စီမံႏိုင္ခဲ့ပါတယ္။ ေအစီမီလန္နဲ႔ပြဲအၿပီးမွာ ေရာ္နယ္ဒိုကို ျပစ္တင္ေ၀ဖန္ျခင္းမရွိဘဲ ေရာ္နယ္ဒိုအေနနဲ႔ နာက်င္ေနတဲ့ၾကားက အသင္းအတြက္ ကာလရွည္ဆက္ကစားေပးေနတာျဖစ္ေၾကာင္း ကာကြယ္ေပးခဲ့ပါတယ္။ ေနာက္ၿပီး အခုလို ေရာ္နယ္ဒိုတစ္ေယာက္ အေကာင္းဆုံးပုံစံျပန္ရလာမႈမွာ သူ႕ေၾကာင့္ဆုိတဲ့ ေျပာၾကားခ်က္ေတြကို ပယ္ခ်သြားခဲ့ၿပီး အားလုံးက ေရာ္နယ္ဒိုရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္မႈနဲ႔ အေကာင္းဆုံးျဖစ္လုိတဲ့စိတ္ဓာတ္တို႔ေၾကာင့္သာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။
”ေရာ္နယ္ဒိုရဲ႕လက္ရွိပုံစံေကာင္းအတြက္ ကၽြန္ေတာ္က ၾကားထဲကေန အမွတ္ယူလုိ႔မရပါဘူး။ သူ႕လုိ သားမ်ိဳးေမြးဖြားေပးခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕အေမကိုပဲ အသိအမွတ္ျပဳရမွာျဖစ္ပါတယ္”လုိ႔ ဆာရီက ေျပာၾကားခဲ့ပါတယ္။ ဒီလုိေအာင္ျမင္ေနမႈမွာ အဓိကအက်ဆုံးကေတာ့ ေရာ္နယ္ဒိုကိုယ္တုိင္ျဖစ္ၿပီး အသက္ ၃၅ႏွစ္အရြယ္ေရာက္ေနတာေတာင္ လူငယ္ေတြနဲ႔အၿပိဳင္ကစားႏိုင္ေသးတဲ့ သူ႕ရဲ႕ကိုယ္ခႏၶာႀကံ့ခုိင္မႈ၊ ေအာင္ျမင္မႈအေပၚ ဆာေလာင္စိတ္ေတြက အဓိကတြန္းအားေတြျဖစ္ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုအေနနဲ႔ နည္းျပဆာရီရဲ႕လက္ေအာက္မွာ ကစားခြင့္ရရွိတာကလည္း အက်ိဳးရွိေစၿပီး ဆာရီအေနနဲ႔ ေရာ္နယ္ဒိုကို ဘယ္လုိသုံးရမလဲဆုိတာ လုံး၀နားလည္ထားသူျဖစ္ပါတယ္။
”ကၽြန္ေတာ္တို႔အသင္းမွာ ခ်န္ပီယံတစ္ဦးရွိပါတယ္။ သူဟာ တစ္ခါတေလ ျပႆနာတစ္ခုေလာက္ဖန္တီးတတ္ေပမယ့္ ျပႆနာ ၁၀၀ ေလာက္ ျပန္ေျဖရွင္းေပးႏုိင္စြမ္းရွိပါတယ္”လုိ႔ ဆာရီက ေျပာပါတယ္။ ဆာရီဟာ ေရာ္နယ္ဒိုကို ၀န္းရံၿပီး ေတာင့္တင္းတဲ့အသင္းတစ္သင္း တည္ေဆာက္ႏိုင္ဖို႔လည္း ႀကိဳးစားေနၿပီး အထူးသျဖင့္ ေရာ္နယ္ဒိုဆီကေန အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြ ထြက္ေပၚလာေအာင္ ႀကိဳးစားေနတာျဖစ္ပါတယ္။ လက္ရွိအေနအထားကေတာ့ ဂ်ဴဗင္တပ္အတြက္ အေကာင္းဘက္ေရာက္ေနပါတယ္။ ခ်န္ပီယံလိဂ္႐ံႈးထြက္ပဲြစဥ္ေတြက်င္းပဖို႔ နီးကပ္လာခ်ိန္မွာ ေရာ္နယ္ဒိုက ဂ်ဴဗင္တပ္ကစားသမားဘ၀ အေကာင္းဆုံးအခ်ိန္ ေရာက္ေနပါတယ္။ ေရာ္နယ္ဒိုဟာ ၂၀၀၅ ခုႏွစ္က ျပင္သစ္တုိက္စစ္မွဴး ထရက္ဇီေဂးေနာက္ပိုင္း ဂ်ဴဗင္တပ္အတြက္ လိဂ္၇ပြဲဆက္ ဂိုးသြင္းယူႏုိင္တဲ့ပထမဆုံးကစားသမားျဖစ္လာၿပီး တနဂၤေႏြေန႔ညမွာ အထည္ႀကီးပ်က္ နာပိုလီအသင္းနဲ႔ကစားရမွာျဖစ္လုိ႔ သူ႕ရဲ႕စံခ်ိန္က ဒီထက္ပိုေကာင္းလာဖို႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။
လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒိုတစ္ဦးတည္း ေျခစြမ္းျပဂိုးျမဴးေနတဲ့ ဂ်ဴဗင္တပ္တုိက္စစ္မွဴးမဟုတ္ဘဲ ဒီဘားလားကလည္း ဒီရာသီ ၂၆ပဲြကစားၿပီးခ်ိန္မွာ ၁၁ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံး ၄၂ပဲြကစားၿပီးမွ ၁၀ဂိုးသာသြင္းယူႏိုင္ခဲ့တာကိုၾကည့္ရင္ ဒီဘားလားရဲ႕ဂိုးသြင္းႏႈန္း ျပန္တက္လာတာကို အထင္အရွားေတြ႕ျမင္ႏိုင္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အာဂ်င္တီးနားႏိုင္ငံသား ဒီဘားလားကို ေရာင္းခ်ဖို႔ အလြန္နီးစပ္ခဲ့ၿပီး ဆာရီအစား၀င္ခဲ့တဲ့ နည္းျပေဟာင္း အယ္လီဂရီလက္ထက္မွာ ေရာ္နယ္ဒိုနဲ႔ ဒီဘားလားတုိ႔ကို အေကာင္းဆုံးတြဲေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ ဒီဘားလားရဲ႕ပုံစံက ေနာက္ဆုံး ၁၈လအတြင္း အေကာင္းဆုံးအေနအထားျဖစ္ေနပါတယ္။
ဒီထက္ပိုအေရးႀကီးတာက ဒီဘားလားဟာ တုိက္စစ္မွာ ေရာ္နယ္ဒိုနဲ႔အေကာင္းဆုံးတြဲဖက္ကစားႏိုင္တဲ့အျပင္ ဟီဂူအင္နဲ႔ ဟီဂူအင္တုိ႔ေနာက္ ေက်ာနံပါတ္ ၁၀ ေနရာကေနပါ ကစားႏိုင္စြမ္းရွိေၾကာင္း သက္ေသျပထားၿပီး ေရာ္နယ္ဒိုအတြက္ ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ေပးထားပါတယ္။ ခံစစ္ပိုင္းမွာဆုိရင္လည္း နယ္သာလန္ေနာက္ခံလူ ဒီလစ္ဂ်္က အသင္းသစ္မွာ တစ္ျဖည္းျဖည္းအထုိင္က်လာၿပီျဖစ္သလို ရာသီအစကတည္းက ျပင္းထန္တဲ့ဒဏ္ရာေၾကာင္ ့အနားယူေနရတဲ့အသင္းေခါင္းေဆာင္ ခ်ီရယ္လီနီလည္း ျပန္ကစားႏိုင္ေတာ့မွာျဖစ္လုိ႔ ဂ်ဴဗင္တပ္အတြက္ သတင္းေကာင္းပါပဲ။ ဂ်ဴဗင္တပ္အေနနဲ႔ စီးရီးေအမွာ ခ်န္ပီယံဆုကာကြယ္ႏိုင္ဖို႔ ရာခုိင္ႏႈန္းမ်ားေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔ ႀကိဳးစားရမယ့္သေဘာရွိေနပါတယ္။
ဒါေပမဲ့ ေရာ္နယ္ဒိုက သူ႕အတြက္ ၆ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔ စိတ္အားထက္သန္ေနၿပီး ၆ႀကိမ္ေျမာက္ ေရႊေဘာလုံးဆုရယူဖုိ႔လည္း ရည္မွန္းထားပါတယ္။ အဲဒီလမ္းေၾကာင္းေတြမွာ ၿပိဳင္ဘက္အားလုံးကလည္း သူ႕ကို တားဆီးႏိုင္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ ဒါေပမဲ့ လက္ရွိပံုစံအရေတာ့ အဲဒီႀကိဳးစားမႈေတြက လြယ္ကူလာမွာမဟုတ္ပါဘူး။