The Best ဆုေပးပြဲမွာ မက္ဆီဆုရဖို႔ ဖီဖာကအႀကံအဖန္လုပ္ခဲ့တာလား

Photo- Internet
Photo- Internet

ၿပီးခဲ့တဲ႔ တနလၤာေန႔ကက်င္းပခဲ့တဲ႔ ဖီဖာရဲ႕ The Best ဆုေပးပြဲမွာ မက္ဆီကဆုရခဲ့ေပမယ္႔ ဖီဖာဟာ အီဂ်စ္ဘက္က ဆာလာအတြက္ေပးတဲ႔မဲေတြကုိ ပယ္ဖ်က္ခဲ့သလို လက္ေရြးစင္နည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္အခ်ဳိ႕ကလည္း သူတို႔ဟာ မက္ဆီကို မဲေပးခဲ့ျခင္းမရွိဘူးလို႔ ဆုိခဲ့ၾကလို႔ မဲေပးမႈနဲ႔ ပတ္သက္ၿပီး မက္ဆီဆုရဖို႔ ဖီဖာဘက္က အႀကံအဖန္လုပ္ခဲ့တယ္ဆိုတဲ႔ သတင္းေတြထြက္ေပၚေနပါတယ္။

ဆုေပးပြဲမွာ မက္ဆီဟာ စီေရာ္နယ္ဒိုနဲ႔ ဗန္ဒစ္ခ်္တို႔ကိုေက်ာ္ျဖတ္ၿပီး ဆုရခဲ့လို႔အံအားသင့္မႈေတြအႀကီးအက်ယ္ရွိခဲ့တာပါ။ ဗန္ဒစ္ခ်္ဆိုရင္ လီဗာပူးကိုခ်န္ပီယံလိဂ္ဖလားရေအာင္ ဦးေဆာင္ႏိုင္ခဲ့သလို စီေရာ္နယ္ဒိုကလည္း ဂ်ဴ ဗင္တပ္နဲ႔ ပထမဆုံးရာသီမွာတင္အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္ခဲ့သူျဖစ္ပါတယ္။

Photo- Internet

ဒါ့အျပင္ အာဖရိကဘက္ကေန ဆာလာကိုမဲေပးခဲ့မႈေတြအမ်ားႀကီးရွိခဲ့တဲ႔အတြက္ သူလည္းဆုရႏိုင္တယ္လို႔ ခန္႔မွန္းခဲ့ၾကတာပါ။ ဆူဒန္နည္းျပ လိုကာရူဆစ္နဲ႔ ႏိုင္ကာရာဂြာအသင္းေခါင္းေဆာင္ဘာရီရာ တို႔ဟာလည္းသူတို႔မဲေတြကို ဖီဖာက ဘယ္လိုပုံစံနဲ႔ ထည့္သြင္းခဲ့သလဲဆိုတာကို သိခ်င္ေနၾကတာပါ။ သူတို႔ဟာ အေကာင္းဆုံးဆုအတြက္ ဆာလာကို မဲေပးခဲ့ၾကေပမယ္႔ ဖီဖာကထုတ္ျပန္လိုက္တဲ႔အထဲမွာေတာ႔ သူတို႔မဲေပးခဲ့တာက မက္ဆီဆိုၿပီးေဖာ္ျပထားပါတယ္။

Photo- Internet

အီဂ်စ္နည္းျပ ဂါရိဘ္နဲ႔ အသင္းေခါင္းေဆာင္ အာမက္တို႔ဆုိရင္လည္း ဆာလာကိုမဲေပးခဲ့ေပမယ္႔ သူတို႔မဲေတြကို ဖီဖာကထည့္သြင္းတြက္ခ်က္ခဲ့ျခင္းမရွိပါဘူး။ ဒီအတြက္ ဖီဖာကိုေမးျမန္းရာမွာ အီဂ်စ္မဲစာရြက္ေပၚမွာ စာလုံးႀကီးနဲ႔ လက္မွတ္ထိုးထားလို႔ တရားမ၀င္ေၾကာင္း၊ ဒါ့အျပင္ မဲစာရြက္ေပၚမွာ အဖြဲ႔ခ်ဳပ္ရဲ႕အေထြေထြအတြင္းေရးမွဴ းလည္း လက္မွတ္ထိုးထားျခင္းမရွိေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

Photo- Internet

အီဂ်စ္ဘက္ကေတာ႔ သူတို႔ဟာမဲေပးမႈမပိတ္ခင္ ၄ ရက္အလိုျဖစ္တဲ႔ ၾသဂုတ္ ၁၅ မွာစည္းမ်ဥ္းနဲ႔ကိုက္ညီစြာေပးပို႔ခဲ့တာျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။ ဖီဖာနဲ႔ အီဂ်စ္ေဘာလုံးအဖြဲ႔ခ်ဳပ္ၾကားမွာ အဆင္မေျပမႈေတြေတာ႔ရွိခဲ့ၿပီး ၿပီးခဲ့တဲ႔ ၾသဂုတ္လတုန္းက အီဂ်စ္ေဘာလုံးအဖြဲ႔ခ်ဳပ္ကို အေရးေပၚစီမံခန္႔ခြဲမယ္႔ အဖြဲ႔တစ္ခုကို ဖီဖာက ေစလႊတ္ခဲ့ရေၾကာင္း သိရပါတယ္။

ဖီဖာဟာ မဲေပးမႈေတြကို ပြင့္လင္းျမင္သာစြာထုတ္ျပန္ေပးေလ႔ရွိေပမယ္႔ မဲေတြကိုပယ္ခ်မႈနဲ႔ မဲေပးခံရသူနာမည္အေျပာင္းအလဲ ျဖစ္မႈေတြအေပၚေတာ႔ လက္ရွိအေျခအေနရ ရွင္းလင္းခ်က္ထုတ္ျပန္ေပးရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Photo- Internet

Unicode

The Best ဆုပေးပွဲမှာ မက်ဆီဆုရဖို့ ဖီဖာကအကြံအဖန်လုပ်ခဲ့တာလား
ပြီးခဲ့တဲ့ တနင်္လာနေ့ကကျင်းပခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲမှာ မက်ဆီကဆုရခဲ့ပေမယ့် ဖီဖာဟာ အီဂျစ်ဘက်က ဆာလာအတွက်ပေးတဲ့မဲတွေကို ပယ်ဖျက်ခဲ့သလို လက်ရွေးစင်နည်းပြတွေနဲ့ အသင်းခေါင်းဆောင်အချို့ကလည်း သူတို့ဟာ မက်ဆီကို မဲပေးခဲ့ခြင်းမရှိဘူးလို့ ဆိုခဲ့ကြလို့ မဲပေးမှုနဲ့ ပတ်သက်ပြီး မက်ဆီဆုရဖို့ ဖီဖာဘက်က အကြံအဖန်လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆုပေးပွဲမှာ မက်ဆီဟာ စီရော်နယ်ဒိုနဲ့ ဗန်ဒစ်ချ်တို့ကိုကျော်ဖြတ်ပြီး ဆုရခဲ့လို့အံအားသင့်မှုတွေအကြီးအကျယ်ရှိခဲ့တာပါ။ ဗန်ဒစ်ချ်ဆိုရင် လီဗာပူးကိုချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်နိုင်ခဲ့သလို စီရော်နယ်ဒိုကလည်း ဂျူ ဗင်တပ်နဲ့ ပထမဆုံးရာသီမှာတင်အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် အာဖရိကဘက်ကနေ ဆာလာကိုမဲပေးခဲ့မှုတွေအများကြီးရှိခဲ့တဲ့အတွက် သူလည်းဆုရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဆူဒန်နည်းပြ လိုကာရူဆစ်နဲ့ နိုင်ကာရာဂွာအသင်းခေါင်းဆောင်ဘာရီရာ တို့ဟာလည်းသူတို့မဲတွေကို ဖီဖာက ဘယ်လိုပုံစံနဲ့ ထည့်သွင်းခဲ့သလဲဆိုတာကို သိချင်နေကြတာပါ။ သူတို့ဟာ အကောင်းဆုံးဆုအတွက် ဆာလာကို မဲပေးခဲ့ကြပေမယ့် ဖီဖာကထုတ်ပြန်လိုက်တဲ့အထဲမှာတော့ သူတို့မဲပေးခဲ့တာက မက်ဆီဆိုပြီးဖော်ပြထားပါတယ်။

အီဂျစ်နည်းပြ ဂါရိဘ်နဲ့ အသင်းခေါင်းဆောင် အာမက်တို့ဆိုရင်လည်း ဆာလာကိုမဲပေးခဲ့ပေမယ့် သူတို့မဲတွေကို ဖီဖာကထည့်သွင်းတွက်ချက်ခဲ့ခြင်းမရှိပါဘူး။ ဒီအတွက် ဖီဖာကိုမေးမြန်းရာမှာ အီဂျစ်မဲစာရွက်ပေါ်မှာ စာလုံးကြီးနဲ့ လက်မှတ်ထိုးထားလို့ တရားမဝင်ကြောင်း၊ ဒါ့အပြင် မဲစာရွက်ပေါ်မှာ အဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူ းလည်း လက်မှတ်ထိုးထားခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အီဂျစ်ဘက်ကတော့ သူတို့ဟာမဲပေးမှုမပိတ်ခင် ၄ ရက်အလိုဖြစ်တဲ့ သြဂုတ် ၁၅ မှာစည်းမျဉ်းနဲ့ကိုက်ညီစွာပေးပို့ခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဖီဖာနဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကြားမှာ အဆင်မပြေမှုတွေတော့ရှိခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို အရေးပေါ်စီမံခန့်ခွဲမယ့် အဖွဲ့တစ်ခုကို ဖီဖာက စေလွှတ်ခဲ့ရကြောင်း သိရပါတယ်။

ဖီဖာဟာ မဲပေးမှုတွေကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးလေ့ရှိပေမယ့် မဲတွေကိုပယ်ချမှုနဲ့ မဲပေးခံရသူနာမည်အပြောင်းအလဲ ဖြစ်မှုတွေအပေါ်တော့ လက်ရှိအခြေအနေရ ရှင်းလင်းချက်ထုတ်ပြန်ပေးရဖွယ်ရှိနေတယ်လို့ သိရပါတယ်။