The Best ဆုအတြက္ သူပခုံးက်ိဳးေအာင္လုပ္ခဲ့ဖူးတဲ့ ဆာလာကို မဲေပးခဲ့တဲ့ ရာမို႔စ္

photo-givemesport

photo-gettyimages

ဖီဖာရဲ႕The Best ကမာၻ႔အေကာင္းဆုံးကစားသမားဆုေပးပြဲအၿပီးမွာ ဘယ္ကစားသမားက ဘယ္သူ႔ကိုမဲေပးတယ္ဆိုတာ ဖီဖာရဲ႕ထုတ္ျပန္ခ်က္အရ ထြက္ေပၚလာပါတယ္။ ကစားသမားေတြထဲကဆုိ ႏိုင္ငံအသင္းေခါင္းေဆာင္ေတြကသာ မဲေပးခြင့္ရွိတာမို႔ ထိပ္တန္းကစားသမားအခ်ိဳ႕ရဲ႕မဲေပးမႈကို ပရိသတ္ေတြသိခြင့္ရခဲ့ၾကတာပါ။ အဲဒီထဲမွာ ထူးျခားတာကေတာ့ ရီးရဲလ္နဲ႔စပိန္အသငး္ေခါင္းေဆာင္ျဖစ္တဲ့ ေနာက္ခံလူရာမို႔စ္ရဲ႕မဲေပးမႈပါပဲ။

photo-gettyimages

ရာမုိ႔စ္ဟာ The Best ဆုအတြက္ နံပါတ္ ၁ ဦးစားေပးကစားသမားအျဖစ္ ရီးရဲလ္အသင္းေဖာ္ဟာဇတ္ကို မဲေပးခဲ့ပါတယ္။ နံပါတ္ ၂ ဦးစားေပးအျဖစ္ကေတာ့ ရီးရဲလ္အသင္းေဖာ္ေဟာင္းစီေရာ္နယ္ဒိုကိုပါ။ နံပါတ္ ၃ ဦးစားေပးအေနနဲ႔ကေတာ့ သူနဲ႔အတိတ္က ေျပာစရာျဖစ္ခဲ့ရတဲ့ လီဗာပူးတိုက္စစ္မႈးဆာလာကို မဲေပးခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၈ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲတုန္းက ရာမို႔စ္နဲ႔ဆာလာတုိ႔ၾကားက အျဖစ္အပ်က္ဟာ အခုခ်ိန္ထိ အမွတ္ရစရာျဖစ္ေနဆဲပါပဲ။

photo-gettyimages

အဲဒီတုန္းက လီဗာပူးမွာ ဆာလာအေကာင္းဆုံးေျခစြမး္ျပႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲမွာ ရီးရဲလ္နဲ႔ေတြ႕ေတာ့လည္း အဲဒီအီဂ်စ္သားက ရီးရဲလ္ကုိ အဓိကဒုကၡေပးသူျဖစ္ခဲ့တာပါ။ ဒါေပမဲ့ ပြဲခ်ိန္ ၂၅ မိနစ္အေရာက္မွာ ရာမုိ႔စ္က ဆာလာကို smack down နပန္းပြဲေတြထဲကလို လက္တစ္ဖက္ကို ညွပ္ယူၿပီး ကြင္းျမက္ခင္းေပၚလဲက်ေအာင္လုပ္ခဲ့တာေၾကာင့္ အဲဒီလီဗာပူးတိုက္စစ္မႈးဟာ ပခုံးက်ိဳးသြားခဲ့ၿပီး ဆက္မကစားႏိုင္ေတာ့ ကြင္းထဲကေန ထြက္ခဲ့ရပါတယ္။ ဆာလာမရွိေတာ့တဲ့ေနာက္ပိုင္းမွာေတာ့ လီဗာပူးဟာ ရီးရဲလ္ကိုဒူးေထာက္ခဲ့ရပါတယ္။ ရာမို႔စ္အေနနဲ႔ ရည္ရြည္ခ်က္ရွိရွိလုပ္တာလို႔ စြပ္စြဲမႈေတြထြက္ေပၚလာခဲ့ၿပီး ဆာလာကိုယ္တိုင္ကလည္း အဲဒီရီးရဲလ္ေနာက္ခံလူကို ဘယ္ေတာ့မွ ခြင့္လြတ္မွာမဟုတ္ဘူးလို႔ လူသိရွင္ၾကားေျပာခဲ့ပါတယ္။

[Unicode]

ဖီဖာရဲ့The Best ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲအပြီးမှာ ဘယ်ကစားသမားက ဘယ်သူ့ကိုမဲပေးတယ်ဆိုတာ ဖီဖာရဲ့ထုတ်ပြန်ချက်အရ ထွက်ပေါ်လာပါတယ်။ ကစားသမားတွေထဲကဆို နိုင်ငံအသင်းခေါင်းဆောင်တွေကသာ မဲပေးခွင့်ရှိတာမို့ ထိပ်တန်းကစားသမားအချို့ရဲ့မဲပေးမှုကို ပရိသတ်တွေသိခွင့်ရခဲ့ကြတာပါ။ အဲဒီထဲမှာ ထူးခြားတာကတော့ ရီးရဲလ်နဲ့စပိန်အသင်းခေါင်းဆောင်ဖြစ်တဲ့ နောက်ခံလူရာမို့စ်ရဲ့မဲပေးမှုပါပဲ။

ရာမို့စ်ဟာ The Best ဆုအတွက် နံပါတ် ၁ ဦးစားပေးကစားသမားအဖြစ် ရီးရဲလ်အသင်းဖော်ဟာဇတ်ကို မဲပေးခဲ့ပါတယ်။ နံပါတ် ၂ ဦးစားပေးအဖြစ်ကတော့ ရီးရဲလ်အသင်းဖော်ဟောင်းစီရော်နယ်ဒိုကိုပါ။ နံပါတ် ၃ ဦးစားပေးအနေနဲ့ကတော့ သူနဲ့အတိတ်က ပြောစရာဖြစ်ခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှုးဆာလာကို မဲပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရာမို့စ်နဲ့ဆာလာတို့ကြားက အဖြစ်အပျက်ဟာ အခုချိန်ထိ အမှတ်ရစရာဖြစ်နေဆဲပါပဲ။

အဲဒီတုန်းက လီဗာပူးမှာ ဆာလာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့တွေ့တော့လည်း အဲဒီအီဂျစ်သားက ရီးရဲလ်ကို အဓိကဒုက္ခပေးသူဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၂၅ မိနစ်အရောက်မှာ ရာမို့စ်က ဆာလာကို smack down နပန်းပွဲတွေထဲကလို လက်တစ်ဖက်ကို ညှပ်ယူပြီး ကွင်းမြက်ခင်းပေါ်လဲကျအောင်လုပ်ခဲ့တာကြောင့် အဲဒီလီဗာပူးတိုက်စစ်မှုးဟာ ပခုံးကျိုးသွားခဲ့ပြီး ဆက်မကစားနိုင်တော့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။ ဆာလာမရှိတော့တဲ့နောက်ပိုင်းမှာတော့ လီဗာပူးဟာ ရီးရဲလ်ကိုဒူးထောက်ခဲ့ရပါတယ်။ ရာမို့စ်အနေနဲ့ ရည်ရွည်ချက်ရှိရှိလုပ်တာလို့ စွပ်စွဲမှုတွေထွက်ပေါ်လာခဲ့ပြီး ဆာလာကိုယ်တိုင်ကလည်း အဲဒီရီးရဲလ်နောက်ခံလူကို ဘယ်တော့မှ ခွင့်လွတ်မှာမဟုတ်ဘူးလို့ လူသိရှင်ကြားပြောခဲ့ပါတယ်။