
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်က စီရော်နယ်ဒိုကို ဂျူဗင်တပ်စ်ကနေ ပြန်ခေါ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။
ကစားသမား အပြောင်းအရွှေ့တွေက တကယ့်ကို မှော်ဆန်လှပါတယ်။
ယူနိုက်တက် ပရိသတ်တွေရဲ့ အဖြစ်က တငိုငို၊ တရီရီလို့ ဆိုရပါမယ်။
ဘာကြောင့်လဲဆိုရင် စီရော်နယ်ဒို တစ်ယောက် အစောပိုင်းတုန်းက မြို့ခံပြိုင်ဘက် မန်စီးတီးကို ရွေးချယ်တယ်ဆိုတဲ့
သတင်းတွေထွက်တုန်းက ဒိုလေးကိုရော၊ ယူနိုက်တက်က တာဝန်ရှိသူတွေကိုပါ ဒေါသထွက်ခဲ့တဲ့ သူတွေရှိပါတယ်။
မနေ့ကအထိ မန်စီးတီးအသင်းနဲ့ သတင်းတွေထွက်နေခဲ့သလို သူ့ရဲ့ အသင်းဖော်ဟောင်းတွေကလည်း
ရော်နယ်ဒို မန်စီးတီးအသင်းကို မပြောင်းသွားဖို့ တက်နိုင်တဲ့ ဘက်ကနေ ကြိုးစားခဲ့ကြပါတယ်။
ပေါ်တူဂီ အသင်းဖော် ဖာနန်ဒက်ကလည်း ယူနိုက်တက်ကို ပြန်လည်ပြောင်းလာဖို့ မနေ့ညက
ရော်နယ်ဒို့ဆီကို ဖုန်းဆက်ပြီး တိုက်တွန်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ကအချိန်အထိ ယူနိုက်တက်ပရိသတ်တွေအတွက် မန်စီးတီးနဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့်
တချို့ ဆိုရင် အလွန်စိတ်ပျက်ခဲ့ပြီး ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ဂျာစီကို မီးရှို့ဖို့အထိ ကြံစည်ခဲ့ကြပါတယ်။
အခုတော့ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ မက်ဆီရဲ့ အင်္ကျီ ရောင်းရတဲ့ စံချိန်ကို ပြန်လည်ကျော်နိုင်ဖို့
စံချိန်တင်အောင် ဝယ်ကြပါအုံးမယ်။
နောက်ထပ် ယူနိုက်တက်အသင်း စဉ်းစားရမယ့် အရာတစ်ခုကတော့ ကျော်နံပါတ် (၇) ပုစ္ဆာပါပဲ။
ယူနိုက်တက်ကစားသမားဘဝအစကတည်းက ကျောနံပါတ် (၇) ကိုသာဝတ်ဆင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်
ယူနိုက်တက်ကို တစ်ကျော့ပြန်ခရီးမှာ ဘယ်ကျောနံပါတ်ကို ဝတ်ဆင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ရီးရဲလ်ကိုပြောင်းရွှေ့ချိန်အစက ကျောနံပါတ် (၉)ကိုဝတ်ဆင်ခဲ့ဘူးတဲ့ ရော်နယ်ဒိုက
ဒီတစ်ခါမှာကော ကျောနံပါတ် (၉) ကိုပြန်လည်ရွေးချယ်လေမလား။
ဒါမှမဟုတ် ရော်နယ်ဒိုအနေနဲ့ ဂျာစီ (၇)သာ ပြန်ရမယ်ဆိုရင် ဝါရင့် တိုက်စစ်မှူး ကာဗာနီလည်း
ဂျာစီ ၇ ကို ကျောပူအောင် မဝတ်ရဘဲ လွှဲပေးရပါတော့မယ်။
ပီအက်စ်ဂျီမှာ ကျောနံပါတ် (၉)ကို ဝတ်ဆင်ခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီအတွက် ကျောနံပါတ် (၉) ကို
ပြန်လည် ဝတ်ဆင်ခဲ့မယ်ဆိုရင်တော့ လှပတဲ့ နံပါတ် အပြောင်းအရွှေ့ဖြစ်လာခဲ့မှာပါ။
မာရှယ်အတွက်ကတော့ ကျောနံပါတ်(၉)ဟာ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်ယောက်ဆီကို
ပြောင်းရွှေ့သွားရဖို့အချိန်ရောက်ပါပြီ။
ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ အခရာကျခဲ့တဲ့ သူတစ်ဦးလည်းရှိပါတယ်။ သူကတော့ ဆာအဲလက်စ် ဖာဂူဆန်ပါ။
သူယူနိုက်တက်ကနေ အနားယူတော့မယ့် ၂၀၁၃ နှစ်က ရော်နယ်ဒိုဟာ ရီးရဲလ်ကနေ
ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာဖို့အတော့ကိုနီးစပ်ခဲ့ဖူးပေမယ့်
အခုအချိန်မှသာ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်ကတော့ သူ့ရဲ့ သားတစ်ယောက်လိုဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့
အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ချိန်သာကိုက် ပါဝင်လာခဲ့တာပါ။
ရော်နယ်ဒိုကလည်း ဖာဂူဆန်နဲ့ ဒီနေ့မနက်မှာ စကားပြောပြီးနောက်မှာတော့
ယူနိုက်တက် အသင်းကိုပြန်လာနိုင်ဖို့နည်းလမ်းတွေစရှာခဲ့သလို
ယူနိုက်တက်ဘက်ကလည်း အသင်းရဲ့ ဂန္တဝင်ကစားသမားကို ကမ်းလှမ်းမှုတွေ စတင်ခဲ့ပါတယ်။
ဂျူဗင်တပ်အသင်း ဆီကိုလည်း အပြောင်းအရွှေ့ ကိစ္စအတွက် စတင် ကမ်းလှမ်းလိုက်ပြီ
မြန်ဆန်တဲ့ သဘောတူညီမှုတွေရရှိခဲ့တာကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။
ဒါဟာ ဆိုလ်ရှားပြောတဲ့ ဒီရာသီအတွက် အပြောင်းအရွှေ့မှာရောက်လာတဲ့ အပိုဆု ဆိုရင်တော့
ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်နေတာကြာပြီဖြစ်တဲ့ လက်ဆောင်ပါပဲ။
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုမှာ ဖြစ်ပြီး
ရော်နယ်ဒိုဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၄သိန်းလောက်အထိ ရရှိမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး
ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်း ပေးချေရမယ်လို့
အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အခုအခါမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လစ္စဘွန်းမြို့ဆီ သွားခဲ့ပြီး
ဆေးစစ်မှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ အပြောင်းအရွှေ့ ကိစ္စ ပြီးမြောက်ခဲ့ပေမယ့်
ရော်နယ်ဒိုဟာ နိုင်ငံပွဲစဉ်တွေပြီးမှသာ မန်ချက်စတာမြို့ကိုလာရောက်မှာ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ဂ်ာစီအဝယ္ျပိဳင္ပြဲစတင္ဖို႕အခ်ိန္ေရာက္ပါၿပီ။
အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ စီေရာ္နယ္ဒို ရဲ႕ ေက်ာနံပါတ္ကဘယ္နံပါတ္ျဖစ္လာမလဲ…?
ယူႏိုက္တက္က စီေရာ္နယ္ဒိုကို ဂ်ဴဗင္တပ္စ္ကေန ျပန္ေခၚလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာလိုက္ပါၿပီ။ ကစားသမား အေျပာင္းအေ႐ႊ႕ေတြက တကယ့္ကို ေမွာ္ဆန္လွပါတယ္။ ယူႏိုက္တက္ ပရိသတ္ေတြရဲ႕ အျဖစ္က တငိုငို၊ တရီရီလို႔ ဆိုရပါမယ္။ ဘာေၾကာင့္လဲဆိုရင္ စီေရာ္နယ္ဒို တစ္ေယာက္ အေစာပိုင္းတုန္းက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို ေ႐ြးခ်ယ္တယ္ဆိုတဲ့ သတင္းေတြထြက္တုန္းက ဒိုေလးကိုေရာ၊ ယူႏိုက္တက္က တာဝန္ရွိသူေတြကိုပါ ေဒါသထြက္ခဲ့တဲ့ သူေတြရွိပါတယ္။
မေန႔ကအထိ မန္စီးတီးအသင္းနဲ႔ သတင္းေတြထြက္ေနခဲ့သလို သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းေတြကလည္း ေရာ္နယ္ဒို မန္စီးတီးအသင္းကို မေျပာင္းသြားဖို႔ တက္ႏိုင္တဲ့ ဘက္ကေန ႀကိဳးစားခဲ့ၾကပါတယ္။ ေပၚတူဂီ အသင္းေဖာ္ ဖာနန္ဒက္ကလည္း ယူႏိုက္တက္ကို ျပန္လည္ေျပာင္းလာဖို႔ မေန႔ညက ေရာ္နယ္ဒို႔ဆီကို ဖုန္းဆက္ၿပီး တိုက္တြန္းမႈေတြလုပ္ခဲ့တယ္လို႔ သိရပါတယ္။ မေန႔ကအခ်ိန္အထိ ယူႏိုက္တက္ပရိသတ္ေတြအတြက္ မန္စီးတီးနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြေၾကာင့္ တခ်ိဳ႕ ဆိုရင္ အလြန္စိတ္ပ်က္ခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီကို မီးရႈိ႕ဖို႔အထိ ႀကံစည္ခဲ့ၾကပါတယ္။ အခုေတာ့ ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ မက္ဆီရဲ႕ အက်ႌ ေရာင္းရတဲ့ စံခ်ိန္ကို ျပန္လည္ေက်ာ္ႏိုင္ဖို႔ စံခ်ိန္တင္ေအာင္ ဝယ္ၾကပါအုံးမယ္။
ေနာက္ထပ္ ယူႏိုက္တက္အသင္း စဥ္းစားရမယ့္ အရာတစ္ခုကေတာ့ ေက်ာ္နံပါတ္ (၇) ပုစာၦပါပဲ။ ယူႏိုက္တက္ကစားသမားဘဝအစကတည္းက ေက်ာနံပါတ္ (၇) ကိုသာဝတ္ဆင္ခဲ့တဲ့ ေရာ္နယ္ဒိုအတြက္ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ခရီးမွာ ဘယ္ေက်ာနံပါတ္ကို ဝတ္ဆင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ ရီးရဲလ္ကိုေျပာင္းေ႐ႊ႕ခ်ိန္အစက ေက်ာနံပါတ္ (၉)ကိုဝတ္ဆင္ခဲ့ဘူးတဲ့ ေရာ္နယ္ဒိုက ဒီတစ္ခါမွာေကာ ေက်ာနံပါတ္ (၉) ကိုျပန္လည္ေ႐ြးခ်ယ္ေလမလား။ ဒါမွမဟုတ္ ေရာ္နယ္ဒိုအေနနဲ႔ ဂ်ာစီ (၇)သာ ျပန္ရမယ္ဆိုရင္ ဝါရင့္ တိုက္စစ္မႉး ကာဗာနီလည္း ဂ်ာစီ ၇ ကို ေက်ာပူေအာင္ မဝတ္ရဘဲ လႊဲေပးရပါေတာ့မယ္။ ပီအက္စ္ဂ်ီမွာ ေက်ာနံပါတ္ (၉)ကို ဝတ္ဆင္ခဲ့တဲ့ တိုက္စစ္မႉး ကာဗာနီအတြက္ ေက်ာနံပါတ္ (၉) ကို ျပန္လည္ ဝတ္ဆင္ခဲ့မယ္ဆိုရင္ေတာ့ လွပတဲ့ နံပါတ္ အေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့မွာပါ။ မာရွယ္အတြက္ကေတာ့ ေက်ာနံပါတ္(၉)ဟာ သူ႔ဆီကေန တစ္ျခားသူတစ္ေယာက္ေယာက္ဆီကို ေျပာင္းေ႐ႊ႕သြားရဖို႔အခ်ိန္ေရာက္ပါၿပီ။
ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕မွာ အခရာက်ခဲ့တဲ့ သူတစ္ဦးလည္းရွိပါတယ္။ သူကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ပါ။ သူယူႏိုက္တက္ကေန အနားယူေတာ့မယ့္ ၂၀၁၃ ႏွစ္က ေရာ္နယ္ဒိုဟာ ရီးရဲလ္ကေန ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာဖို႔အေတာ့ကိုနီးစပ္ခဲ့ဖူးေပမယ့္ အခုအခ်ိန္မွသာ ယူႏိုက္တက္အသင္းဆီကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဆာအဲလက္စ္ ဖာဂူဆန္ကေတာ့ သူ႔ရဲ႕ သားတစ္ေယာက္လိုျဖစ္ေနတဲ့ ေရာ္နယ္ဒိုရဲ႕
အေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္မွာ ခ်ိန္သာကိုက္ ပါဝင္လာခဲ့တာပါ။ ေရာ္နယ္ဒိုကလည္း ဖာဂူဆန္နဲ႔ ဒီေန႔မနက္မွာ စကားေျပာၿပီးေနာက္မွာေတာ့ ယူႏိုက္တက္ အသင္းကိုျပန္လာႏိုင္ဖို႔နည္းလမ္းေတြစရွာခဲ့သလို ယူႏိုက္တက္ဘက္ကလည္း အသင္းရဲ႕ ဂႏၲဝင္ကစားသမားကို ကမ္းလွမ္းမႈေတြ စတင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္း ဆီကိုလည္း အေျပာင္းအေ႐ႊ႕ ကိစၥအတြက္ စတင္ ကမ္းလွမ္းလိုက္ၿပီ ျမန္ဆန္တဲ့ သေဘာတူညီမႈေတြရရွိခဲ့တာကေတာ့ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ဝမ္းသာစရာျဖစ္ခဲ့ပါတယ္။ ဒါဟာ ဆိုလ္ရွားေျပာတဲ့ ဒီရာသီအတြက္ အေျပာင္းအေ႐ႊ႕မွာေရာက္လာတဲ့ အပိုဆု ဆိုရင္ေတာ့ ယူႏိုက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ေနတာၾကာၿပီျဖစ္တဲ့ လက္ေဆာင္ပါပဲ။
ယူႏိုက္တက္အသင္းဟာ ေရာ္နယ္ဒိုကို ၂ႏွစ္သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုမွာ ျဖစ္ၿပီး ေရာ္နယ္ဒိုဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၄သိန္းေလာက္အထိ ရရွိမယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ ေရာ္နယ္ဒိုအတြက္ ဂ်ဴဗင္တပ္စ္အသင္းထံ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၅သန္း + အပိုဆုေၾကး ယူ႐ို ၈သန္း ေပးေခ်ရမယ္လို႔ အီတလီ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ အခုအခါမွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ကိုယ္ပိုင္ ဂ်က္ေလယာဥ္နဲ႔ လစၥဘြန္းၿမိဳ႕ဆီ သြားခဲ့ၿပီး ေဆးစစ္မႈေတြကို ျပဳလုပ္ေနခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕ ကိစၥ ၿပီးေျမာက္ခဲ့ေပမယ့္ ေရာ္နယ္ဒိုဟာ ႏိုင္ငံပြဲစဥ္ေတြၿပီးမွသာ မန္ခ်က္စတာၿမိဳ႕ကိုလာေရာက္မွာ ျဖစ္ပါတယ္။