
Photo Credit
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၁၂မှာ အားလုံးရဲ့နှလုံးသားကို လှိုက်ခနဲနွေးထွေးစေခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး တော့တင်ဟမ်တိုက်စစ်မှူး ဆွန်ဟောင်မင်က သူ့ရှေ့မှာရှိတဲ့ ကလေးလေးကို ခေါင်းမစိုအောင် သူ့လက်နှ စ်ဘက်နဲ့ ကာပေးခဲ့တဲ့ဖြစ်ရပ်က အားလုံးရဲ့ရင်ကို နွေးထွေးစေခဲ့ပါတယ်။
စနေညက တော့တင်ဟမ်နဲ့ရှက်ဖီးလ်ယူနိုက်တက်တို့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမတိုင်ခင် ကင်မရာတွေက အဲဒီ ဖြစ်ရပ်လေးကို အမိအရရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အဲဒီပွဲမှာ အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် တော့တင်ဟမ်ကတော့ တန်းတက်ရှက်ဖီးလ်ယူနိုက်တက်ကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီး ရှက်ဖီးလ်ကတော့ အဆင့် ၅နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
အသက် ၂၇နှစ်အရွယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်ဟာ အသင်းဖော်တွေနဲ့အတူ ပြိုင်ဘက် ကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ပြင်ဆင်နေချိန် တကယ့်ကိုလူသားဆန်တဲ့အပြုအမူတစ်ခု ပြုလုပ်သွားတာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ လာဘ်ကောင်ရုပ်လေးအဖြစ် သူ့ရှေ့မှာရှိနေတဲ့ ကလေး ခေါင်းကိုမိုးမစိုအောင် သူ့လက်နှစ် ဘက်နဲ့ ကာပေးခဲ့တာဖြစ်ပြီး ကလေးကလည်း သူ့ခေါင်းပေါ် မိုးရေမကျတာ ဘာလို့လဲဆိုပြီး အဖြေရှာစဉ် သူ့ကို ဆွန်ဟောင်မင်က လက်နှစ်ဘက်နဲ့ မိုးမစိုအောင် ကာပေးထားမှန်းသိသွားပြီးနောက် သဘောကျကာ ပြုံးသွားပါတယ်။
https://twitter.com/thespursweb/status/1193623311437225987?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.sportbible.com%2Ffootball%2Freactions-news-take-a-bow-son-heung-min-protects-mascot-from-the-rain-with-his-hands-20191110
လူမှုမီဒီယာမှာလည်း အဲဒီဖြစ်ရပ်က ရေပန်းစားသွားပြီး ပရိသတ်တွေက ဆွန်ဟောင်မင်ကို နူးညံ့တဲ့ နှလုံးသား ပိုင်ရှင်အဖြစ် တင်စားချီးကျူးခဲ့ကြပါတယ်။ ”ဆွန်တစ်ယောက် Mascot လေးကို မိုးမစိုအောင် လုပ်ပေးနေတာပါ။ သူ့လိုနှလုံးလှသူမျိုး ဒီကမ္ဘာမှာ ရှိလိမ့်မယ်မထင်ဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
”တကယ့်ကိုကြက်သီးထရလောက်တဲ့အပြုအမူပါပဲ။ ဆွန်က စစ်မှန်တဲ့နှလုံးသားပိုင်ရှင်ဖြစ်ပြီး မာန ထောင်လွှား မှုမရှိ၊ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူပါ”။ ”တကယ်လို့ ကမ္ဘာ့စိတ် သဘောထား အကောင်းဆုံး ဘောလုံး သမားဆု ပေးမယ်ဆိုရင် ဆွန်ဟောင်မင်ပဲရရှိမှာသေချာပါတယ်။ သိပ်ကိုချစ်ဖို့ ကောင်းတဲ့ အာရှသားလေး”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
အဲဒီဖြစ်ရပ်မတိုင်ခင် ဆွန်ဟောင်မင်ဟာ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးသွင်းယူပြီးနောက် အောင်ပွဲမခံခဲ့ဘဲ အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ကို လက်အုပ်ချီကာ တောင်းပန်သွားခဲ့ပါတယ်။
ဆွန်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂိုမက်စ် ခြေကျင်းဝတ်အရိုးကျိုးသွားတဲ့အထိ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မတော်တဆမှုမှာ သူက ပထမဆုံးဖျက်ထုတ်လိုက်သူဖြစ်လို့ ကွင်းထဲမှာပဲ မျက်ရည်တွေကျ ဝမ်းနည်း ပက်လက် ဖြစ်ခဲ့ရပြီး ဆားဘီးယားမြေမှာ ဂိုးသွင်းပြီးနောက် ကင်မရာရှေ့မှာ ဂိုမက်စ်ကို တောင်းပန်တဲ့အကြောင်း လက်အုပ်ချီကာ တောင်းပန်ခဲ့တာပါ။
Zawgyi
ရင္ကို ေႏြးေထြးေစတဲ့ျဖစ္ရပ္ေလးတစ္ခု…သူ႕ေရွ႕ကလာဘ္ေကာင္ ကေလးေလးကို မုိးမစိုေအာင္ လက္နဲ႔ကာေပးခဲ့တဲ့ ဆြန္ေဟာင္မင္
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂မွာ အားလုံးရဲ႕ႏွလုံးသားကုိ လႈိက္ခနဲေႏြးေထြးေစခဲ့တဲ့ျဖစ္ရပ္တစ္ခု ျဖစ္ေပၚခဲ့ၿပီး ေတာ့တင္ဟမ္တုိက္စစ္မွဴး ဆြန္ေဟာင္မင္က သူ႕ေရွ႕မွာရွိတဲ့ ကေလးေလးကို ေခါင္းမစိုေအာင္ သူ႕လက္ႏွစ္ဘက္နဲ႔ ကာေပးခဲ့တဲ့ျဖစ္ရပ္က အားလုံးရဲ႕ရင္ကို ေႏြးေထြးေစခဲ့ပါတယ္။ စေနညက ေတာ့တင္ဟမ္နဲ႔ရွက္ဖီးလ္ယူႏုိက္တက္တုိ႔ ၁-၁ ဂိုးသေရက်ခ့ဲတဲ့ပြဲမတုိင္ခင္ ကင္မရာေတြက အဲဒီျဖစ္ရပ္ေလးကို အမိအရ႐ုိက္ယူႏုိင္ခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ အဲဒီပြဲမွာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ေတာ့တင္ဟမ္ကေတာ့ တန္းတက္ ရွက္ဖီးလ္ယူႏုိက္တက္ကို အိမ္ကြင္းမွာ သေရသာကစားႏုိင္ခဲ့ၿပီး ရွက္ဖီးလ္ကေတာ့ အဆင့္ ၅ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။ အသက္ ၂၇ႏွစ္အရြယ္ရွိ ေတာင္ကိုရီးယားလက္ေရြးစင္ ဆြန္ေဟာင္မင္ဟာ အသင္းေဖာ္ေတြနဲ႔ အတူ ၿပိဳင္ဘက္ကစားသမားေတြကို လက္ဆြဲႏႈတ္ဆက္ဖုိ႔ ျပင္ဆင္ေနခ်ိန္ တကယ့္ကိုလူသားဆန္တဲ့ အျပဳအမူတစ္ခု ျပဳလုပ္သြားတာျဖစ္ပါတယ္။
ဆြန္ေဟာင္မင္ဟာ လာဘ္ေကာင္႐ုပ္ေလးအျဖစ္ သူ႕ေရွ႕မွာရွိေနတဲ့ ကေလး ေခါင္းကိုမိုးမစိုေအာင္ သူ႕လက္ႏွစ္ဘက္နဲ႔ ကာေပးခဲ့တာျဖစ္ၿပီး ကေလးကလည္း သူ႕ေခါင္းေပၚ မုိးေရမက်တာ ဘာလုိ႔လဲဆိုၿပီး အေျဖရွာစဥ္ သူ႕ကို ဆြန္ေဟာင္မင္က လက္ႏွစ္ဘက္နဲ႔ မိုးမစုိေအာင္ ကာေပးထားမွန္းသိသြားၿပီးေနာက္ သေဘာက်ကာ ၿပံဳးသြားပါတယ္။ လူမႈမီဒီယာမွာလည္း အဲဒီျဖစ္ရပ္က ေရပန္းစားသြားၿပီး ပရိသတ္ေတြက ဆြန္ေဟာင္မင္ကို ႏူးည့ံတဲ့ႏွလုံးသား ပိုင္ရွင္အျဖစ္ တင္စားခ်ီးက်ဴးခဲ့ၾကပါတယ္။ ”ဆြန္တစ္ေယာက္ Mascot ေလးကို မုိးမစုိေအာင္ လုပ္ေပးေနတာပါ။ သူ႕လုိႏွလုံးလွသူမ်ိဳး ဒီကမၻာမွာ ရွိလိမ့္မယ္မထင္ဘူး”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။ ”တကယ့္ကိုၾကက္သီး ထရေလာက္တဲ့ အျပဳအမူပါပဲ။ ဆြန္က စစ္မွန္တဲ့ႏွလုံးသားပုိင္ရွင္ျဖစ္ၿပီး မာနေထာင္လႊားမႈမရွိ၊ ကုိယ့္ကိုယ္ကိုယ္ႏွိမ့္ခ် တတ္သူပါ”။ ”တကယ္လုိ႔ ကမၻာ့စိတ္သေဘာထားအေကာင္းဆုံးေဘာလုံးသမားဆု ေပးမယ္ဆုိရင္ ဆြန္ေဟာင္မင္ပဲ ရရွိမွာေသခ်ာပါတယ္။ သိပ္ကိုခ်စ္ဖုိ႔ေကာင္းတဲ့အာရွသားေလး”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။ အဲဒီျဖစ္ရပ္မတုိင္ခင္ ဆြန္ေဟာင္မင္ဟာ ရက္ဒ္စတားဘဲလ္ဂရိတ္အသင္းကို အေ၀းကြင္းမွာ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာလည္း ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲမခံခ့ဲဘဲ အဲဗာတန္ကြင္းလယ္လူ အန္ဒရီဂိုမက္စ္ကို လက္အုပ္ခ်ီကာ ေတာင္းပန္သြားခဲ့ပါတယ္။
ဆြန္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဂိုမက္စ္ ေျခက်င္း၀တ္အ႐ိုးက်ိဳးသြားတဲ့အထိ ဒဏ္ရာျပင္းထန္စြာရရွိခဲ့တဲ့ မေတာ္တဆ မႈမွာ သူက ပထမဆုံးဖ်က္ထုတ္လုိက္သူျဖစ္လုိ႔ ကြင္းထဲမွာပဲ မ်က္ရည္ေတြက် ၀မ္းနည္းပက္လက္ျဖစ္ခ့ဲရၿပီးဆားဘီးယား ေျမမွာ ဂိုးသြင္းၿပီးေနာက္ ကင္မရာေရွ႕မွာ ဂိုမက္စ္ကို ေတာင္းပန္တဲ့အေၾကာင္း လက္အုပ္ခ်ီကာ ေတာင္းပန္ခဲ့တာပါ။